
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Sonic the Hedgehog 3 (2024) မြန်မာစာတန်းထိုး
ကဲ အားလုံးပဲစောင့်မျှော်နေကြတဲ့ Video Game ကိုရုပ်ရှင်အနေနဲ့ပြန်ရိုက်တဲ့အထဲမှာ တော်တော်လူကြိုက်များပြီး အခုတင်ဆက်ပေးမဲ့ ၃ ကားမြောက်ရုပ်ရှင်အပြင် Series ပါထွက်ရှိခဲ့တဲ့ Sonic the Hedgehog 3 ကိုတင်ဆက်ပေးလိုက်ပါပြီ။စောင့်နေရတာနဲ့တန်အောင် IMDb Rating ကလည်း 7.2 ရရှိထားတဲ့အတွက် စောင့်မျှော်နေကြသူတွေအခုပဲဖွင့်ကြည့်ပြီး မကြည့်ရသေးသူတွေလည်း 1 2 3 သုံးကားလုံးကိုရှယ်ခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အပြာရောင်ဖြူကောင်လေး Sonic ဆိုရင် မသိတဲ့လူကမရှိသလောက်ကိုဖြစ်နေတဲ့အတွက် အထူးတလည်တော့ပြန်ပြောမနေတော့ဘဲ အကျဉ်းချုပ်လေးပဲပြန်ပြောလိုက်ပါတော့မယ်။Sonic နေထိုင်တဲ့ဂြိုလ်ပျက်စီးသွားတဲ့အတွက် တစ်ဂြိုလ်ပြီးတစ်ဂြိုလ်ပြောင်းပြေးနေရာကနေကမ္ဘာပေါ်မှာ တွမ်နဲ့မက်ဒီလို့ခေါ်တဲ့လူသားတွေရဲ့ မေတ္တာနဲ့အချစ်တွေကြောင့် ကမ္ဘာပေါ်မှာဆက်နေဖြစ်ပြီး သူချစ်တဲ့သူတွေကိုကာကွယ်ပေးရင်းနဲ့ Sonic တစ်ယောက် မိတ်ဆွေသူငယ်ချင်းတွေအများကြီးထပ်ရလာပါတော့တယ်။အခုတတိယမြောက်ကားရဲ့အစမှာလည်း တွမ် မက်ဒီ အပြင် သူ့ဖြူကောင်သူငယ်ချင်းတွေဖြစ်တဲ့တေးစ် နက်ကယ်တို့နဲ့အတူတူပျော်ပွဲစားထွက်နေတုန်း ရှဲဒိုးဆိုတဲ့သူနဲ့ချွတ်စွပ်တူတဲ့ဖြူတစ်ကောင်ကိုဖမ်းဖို့အတွက် သူတို့ကို GUN ဆိုတဲ့အေဂျင်စီကအကူအညီလာတောင်းပါတော့တယ်။ဒီလိုနဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်အသစ် ရှဲဒိုးနဲ့တွေ့ဆုံကြပြီး ဒီတစ်ကားကိုရောဘယ်လိုတွေဇာတ်လမ်းဇာတ်ကွက်အသစ်တွေနဲ့ ရိုက်ကူးပြီးဖမ်းစားထားဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲရှုစားကြဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။
Review Credit