
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
GOAT (2026) +++++++++ IMDb Rating (6.9) / Rotten Tomatoes (84%) GOAT (2026) ကတော့ Spider-Verse ကားတွေကို ဖန်တီးခဲ့တဲ့ Sony Pictures Animation ကနေ အသစ်ထွက်ထားတဲ့ animation ကားသစ်လေးပါ။ ဒီကားလေးက ဝေးလ် (Will) လို့ခေါ်တဲ့ ဆိတ်ကလေးတစ်ကောင်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဆိတ်လေးက 'Roarball' လို့ခေါ်တဲ့ အကြမ်းပတမ်းဆော့ရတဲ့ ဘတ်စကတ်ဘောနဲ့ ရပ်ဘီ ပေါင်းထားသလို ကစားနည်းမျိုးမှာ ပရိုကစားသမားတစ်ယောက်ဖြစ်ချင်နေတာပေါ့။ ပြဿနာက Roarball ဆိုတာ ကြံ့တွေ၊ ဂေါ်ရီလာတွေ၊ ကျားသစ်တွေလို အကောင်ကြီးတွေပဲ ဆော့နိုင်တဲ့ အကြမ်းစားအားကစားဖြစ်နေတာပဲ။ ဇာတ်လမ်းကတော့ အကောင်သေးသေးလေးကနေ မဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးစားပြသွားမယ့် Underdog ဇာတ်လမ်းမျိုးပါပဲ။ ဝေးလ်က သူ့ရဲ့အိုင်ဒေါဖြစ်တဲ့ ကျားသစ်မကြီး ဂျက် (Jett) ရှိတဲ့ Thorns အသင်းမှာ ဝင်ကစားခွင့်ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ၊ အသင်းကလူတွေကရော ဆိတ်ဆိုပြီး နှိမ်ထားတဲ့ကြားက သူဘယ်လိုသက်သေပြမလဲဆိုတာကို ရယ်စရာမောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီကားကို NBA က နာမည်ကြီးကစားသမား စတီဖန် ကယ်ရီ (Stephen Curry) ကိုယ်တိုင် ပရိုဂျူဆာလုပ်ပေးထားပြီး သူ့အသံလည်း ပါသေးတယ်။ အဓိကဇာတ်ကောင် ဝေးလ် နေရာမှာ Stranger Things ထဲက Caleb McLaughlin က အသံထည့်ပေးထားပြီး၊ ဂျက် နေရာမှာတော့ Gabrielle Union က ပါဝင်ထားပါတယ်။ Animation အပိုင်းကတော့ Spider-Verse တွေလိုပဲ street art graffiti ပုံစံလေးတွေနဲ့ တော်တော်မိုက်ပါတယ်။ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားမို့လို့ ဘတ်စကတ်ဘောဝါသနာပါတဲ့သူတွေရော၊ Animation ကားကြိုက်တဲ့သူတွေပါ သဘောကျမှာ သေချာပါတယ်။
Review Crd