Good Luck, Have Fun, Don’t Die (2026)
1080p 

Good Luck, Have Fun, Don’t Die (2026)

Good Luck, Have Fun, Don't Die MMSUBFeb. 13, 2026134 Min.
Your rating: 0
5 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
Good Luck, Have Fun, Don't Die (2025)
++++++++++++++++++

IMDb Rating (7.4) / Rotten Tomatoes (83%)

Good Luck, Have Fun, Don't Die (၂၀၂၆) ကတော့ Pirates of the Caribbean ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ 

ဒါရိုက်တာကြီး Gore Verbinski ရဲ့ အမိုက်စား Sci-Fi Dark Comedy ကားသစ်လေးပါ။ 

သာမန် အက်ရှင်ကားသက်သက် မဟုတ်ဘဲ နည်းပညာနဲ့ AI ကို အလွန်အကျွံ အားကိုးလာတဲ့ လက်ရှိ လူ့အဖွဲ့အစည်းကို 

အမိအရ သရော်ထားတဲ့ (Satire) ကားကောင်းတစ်ကားဆိုရင် ပိုမှန်မယ်ဗျာ။

ဇာတ်လမ်းအကျဉ်း
+++++++++


ဇာတ်လမ်းစစချင်းမှာတင် တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ လော့စ်အိန်ဂျလိစ်မြို့က Norm's ဆိုတဲ့ စားသောက်ဆိုင် (Diner) ထဲကို 

မိုးချုပ် ည ၁၀ နာရီ ၁၀ မိနစ်တိတိမှာ ပုံစံဖိုသီဖတ်သီ၊ ဝါယာကြိုးတွေ ပတ်ထားတဲ့ လူတစ်ယောက် (Sam Rockwell) ရုတ်တရက် ဝင်လာတယ်။ 

သူက အနာဂတ်ကနေ လာတာဖြစ်ပြီး ကမ္ဘာကြီးကို AI တွေ ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့ ဆိုင်ထဲက လူတွေထဲကနေ အဖွဲ့ဝင်တွေ လာရွေးတာပါတဲ့။


ပိုမိုက်တာက ဒီစားသောက်ဆိုင်ကို သူရောက်လာတာ ဒါနဲ့ဆို အကြိမ်ပေါင်း ၁၁၈ ကြိမ် ရှိနေပြီ။ အရင်အကြိမ်တွေမှာ သူရွေးသွားတဲ့ လူတွေနဲ့ သွားရင်း 

အဖွဲ့လိုက် သေကုန်လို့ Mission မအောင်မြင်ဘဲ (Groundhog Day ကားလိုမျိုး) အကြိမ်ကြိမ် ပြန်ကြိုးစားနေရတဲ့ ပုံစံမျိုးပေါ့။ 

ဒါကြောင့် ဒီတစ်ခေါက်မှာ အဆင်ပြေနိုင်မယ့် အဖွဲ့ဝင် ၆ ယောက်ကို သူ အသစ်ပြန်ရွေးထုတ်လိုက်တယ်။


ကာရိုက်တာတွေနဲ့ သူတို့ရဲ့ မစ်ရှင်

သူရွေးလိုက်တဲ့ အဖွဲ့ဝင်တွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ တော်တော်လေး ဂေါက်ကြတယ်။

မာ့ခ် နဲ့ ဂျန်းနက် (Michael Peña နဲ့ Zazie Beetz): ကျောင်းသားတွေ ဖုန်းသုံးလွန်းလို့ ဇွမ်ဘီတွေလို ဖြစ်နေတာကို နေ့တိုင်း ရင်ဆိုင်နေရတဲ့ 

ကျောင်းဆရာ လင်မယား။

ဆူဇန် (Juno Temple): ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ သားလေး သေဆုံးသွားပြီး၊ အဲဒီသားလေးကို AI နည်းပညာနဲ့ ကိုယ်ပွား (Clone) 

ပြန်လုပ်ဖို့ ကြိုးစားနေတဲ့ မိခင်။

အင်ဂရစ် (Haley Lu Richardson): Wi-Fi လှိုင်းတွေကို ဓာတ်မတည့်တဲ့ ရောဂါရှိလို့ ဖုန်းတွေ၊ နည်းပညာတွေနဲ့ ကင်းကင်းရှင်းရှင်း 

နေရတဲ့ မင်းသမီးဝတ်စုံနဲ့ ကောင်မလေး။

သူတို့အဖွဲ့ရဲ့ တာဝန်က ဘာလဲဆိုတော့ မြို့တစ်နေရာက မြေအောက်ခန်းထဲမှာ ကမ္ဘာဖျက်မယ့် AI ကြီးကို တီထွင်နေတဲ့ ၉ နှစ်အရွယ် ကလေးလေးဆီ သွားပြီး၊

 အဲဒီ AI က လူသားတွေကို အန္တရာယ်မပေးနိုင်အောင် လုံခြုံရေး ပရိုဂရမ်ပါတဲ့ USB Flash Drive လေးတစ်ခု သွားတပ်ပေးရမှာပါ။


ဒီကားက Terminator လိုလို၊ Black Mirror ဇာတ်လမ်းတွဲတွေလိုလိုနဲ့ ကြည့်လို့ အရမ်းကောင်းတယ်။ စမတ်ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေ၊ 

AI တွေနောက်ကို အရမ်းကောက်ကောက်ပါအောင် လိုက်နေတဲ့ ခေတ်ကြီးကို ဟာသနှောပြီး ပြောင်လှောင်ထားတာ တော်တော်လေး ထိမိတယ်။ 

ဇာတ်လမ်းက ပြဿနာကြီးကို ဖြေရှင်းနေရပေမဲ့ သရုပ်ဆောင် Sam Rockwell ရဲ့ အမူအရာတွေ၊ ပေါက်ကရ အက်ရှင်ခန်းတွေနဲ့မို့ 

အချိန် ၂ နာရီကျော်သွားတာတောင် ပျင်းဖို့ကောင်းမနေဘူးဗျ။ ရယ်လည်းရယ်ရသလို၊ တွေးစရာလည်း ပေးတဲ့ ကားမျိုးပါ။


AI အန္တရာယ်ကို အခြေခံထားတဲ့၊ ရူးရူးမိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အက်ရှင်ဟာသကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ အခုတလော 

ထွက်တဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့ အကြည့်သင့်ဆုံး ကားပါပဲဗျာ။

Review Crd

Original title Good Luck, Have Fun, Don't Die
TMDb Rating 7.003 170 votes

Video Sources 1942 Views

  • Watch trailer
  • Mega

Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)
Good Luck, Have Fun, Don’t Die (2026)

Similar titles

Ratatouille (2007)
Carry-On (2024)
Thunderball (1965)
AI Love You (2022)
Dragonkeeper (2024)
Bad Boys: Ride or Die (2024)
Commando (1985)
Hotel Transylvania: Transformania (2022)
Limitless (2011)
Shock Wave 2 (2020)
The Adam Project (2022)
GOAT (2026)