Words on Bathroom Walls (2020)
1080p BLURAY

Words on Bathroom Walls (2020)

If you can't trust your mind, trust your heart.Aug. 21, 2020United States111 Min.PG-13
Your rating: 0
10 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

Words on Bathroom Walls (2020) မြန်မာစာတန်းထိုး

စိတ်ဆိုတာ သိပ်ထူးဆန်းတဲ့အရာပါ။ စိတ်ရောဂါတွေက ကုလို့ မပျောက်တဲ့ ရောဂါတွေပါပဲ။ ဒါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ စိတ်နဲ့ပဲ ကျော်ဖြတ်နိုင်မှ ရမှာပါ။ စိတ်ရောဂါကို ကျော်လွှားနိုင်ဖို့ ဆိုတာ လူကြီးရင့်မာကြီးတွေတောင် ကျော်လွှားဖို့ ခက်ခဲတဲ့အချိန်မှာ ဆယ်ကျော်သက်တစ်ယောက်က ဘယ်လိုများ ရင်ဆိုင်ကျော်လွှားနိုင်မှာတဲ့လဲ? စိတ်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ စိတ်ခွန်အား အရမ်းကောင်းတဲ့လူတွေမှ တတ်နိုင်တာမျိုးပါပဲ။ အချစ်ကြောင့် အရာရာ အကောင်းအတိုင်း ဖြစ်စေမယ် ဆိုတဲ့ စကားတော့ ရှိပါတယ်။ စိတ်ရောဂါကို အချစ် ကြောင့် မေတ္တာတရားကြောင့် အောင်နိုင်တယ် ဆိုတာမျိုးက ဖြစ်နိုင်ပါ့မလား? မေတ္တာတရား ဆိုတာ စိတ်ခံစား ချက်တစ်မျိုးပဲ မဟုတ်လား? ဘာသာတရားနဲ့ရော စိတ်ကို ကုနိုင်ပါ့မလား? စိတ်ကို စိတ်နဲ့ပဲ ကုရင်တော့ ရကောင်းပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဆယ်ကျော်သက် စိတ်ရောဂါသည် အာဒမ် ပက်ထရာဇယ်လီ ရဲ့ စိတ်ရောဂါကို ရင်ဆိုင်ရပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခုလပ် အမေနဲ့ နေရတဲ့ အာဒမ် ရဲ့ စိတ်ရောဂါဟာ ဓာတုဗေဒ ဓာတ်ခွဲခန်းထဲမှာ စပြီး ပေါ်ပေါက်လာပါ တယ်။ သူ့နားမှာ အသံတွေ ကြားရပါတယ်။ အနားမှာ မရှိတဲ့ လူတွေကို သူ မြင်နေရပါတယ်။ သူ့ကိုယ်သူ စိတ်ကစဉ့်ကလျား ရောဂါသည်မှန်း သိလာပေမယ့် ဒီလူတွေနဲ့ ဒီအသံတွေကို သူ မထိန်းချုပ်နိုင်ပါဘူး။ ဆေးသောက်ပြန်တော့လည်း ဆေးရဲ့ဘေး ထွက်ဆိုးကျိုးကြောင့် စားဖိုမှူး ဖြစ်ချင်တဲ့ အာဒမ် အရသာ မခံနိုင်တော့ပါဘူး။ လက်ကလည်း တုန်လာပြန်ပါတယ်။ ဆေးဖြတ် လိုက်ပြန်တော့လည်း အသံတွေကြား မရှိတဲ့လူတွေကို မြင်နေရပြန်ပါတယ်။ အဓိကဇာတ်ဆောင်က သရုပ်ဆောင် ကောင်း လွန်းတော့ ကိုယ်ပါ မွန်းကြပ်လာတာမျိုးပါ။ စိတ်ရောဂါကို စိတ်ဝင်စားတယ်ဆိုရင် ကြည့်ကြည့်ပါ။ ဒါရိုက်တာရဲ့ တင်ပြချက် ကောင်းလွန်းတော့ အာဒမ်နေရာမှာ ကိုယ်ရောက်သွားပြီး ကိုယ်ပါ ရုန်းထွက်လို့ မရတော့တဲ့ အနေအထားမျိုးထိ ဖြစ်ပါတယ်။ အာဒမ် တစ်ယောက် စိတ်ရောဂါကို ဘယ်လို ရင်ဆိုင်ကျော်လွှားမယ်ဆိုတာတော့ ဒီကားလေးမှာကြည့်မြင်နိုင်ပါတယ်။

Original title Words on Bathroom Walls
IMDb Rating 7.1 10,680 votes
TMDb Rating 7.947 444 votes

Video Sources 2275 Views

  • Watch trailer
  • Server 1
  • Server 2

Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)
Words on Bathroom Walls (2020)

Similar titles

Splash (1984)
Five Blind Dates (2024)
Tubero (2022)
King Kong (2005)
The House of Flowers: The Movie (2021)
Flashback (2020)
Finch (2021)
Fresh (2022)
Us X Her (2022)
Golden Spider City (2022)
Brave Citizen (2023)
Animal Farm (2026)