Ready or Not: Here I Come (2026)
1080p 

Ready or Not: Here I Come (2026)

Ready or Not: Here I Come MMSUBMar. 19, 2026United States108 Min.R
Your rating: 0
7 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
Ready or Not 2: Here I Come (2026)
+++++++++++++++++


IMDb Rating (6.9) / Rotten Tomatoes (73%)



မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် တူတူပုန်းတမ်းကစားတဲ့ဇာတ်ကား အဆက်ထွက်လာပါပြီ။

ပထမကားမှာ ယောက္ခမဆွေမျိုး တစ်သိုက်လုံး ပေါက်ကွဲသွားတာကို ကြည့်ပြီး သတို့သမီးလေး ဂရေ့စ် (Grace) တစ်ယောက်တော့ 

ဘေးကင်းသွားပြီလို့ ထင်ခဲ့ကြတယ်မလား။ 

တကယ်တမ်းကျတော့ အဲဒါက အစပဲ ရှိသေးတယ်။ ဒီ ၂၀၂၆ မှာ ထွက်လာတဲ့ Part 2 မှာတော့ သွေးထွက်သံယို အက်ရှင်ခန်းတွေနဲ့ 

Dark Comedy အရသာကို အပြည့်အဝ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အမိုက်စား Dark Comedy အငွေ့အသက်ကို ပထမကားကို ရိုက်ခဲ့တဲ့ တွဲဖက် ဒါရိုက်တာ 

Matt Bettinelli-Olpin နဲ့ Tyler Gillett တို့ကပဲ ဆက်ပြီး တာဝန်ယူထားတယ်။ သရုပ်ဆောင်တွေကလည်း တကယ့် 

အလန်းစားတွေချည်းပါပဲ။


ဇာတ်လမ်းအကျဉ်း
+++++++++++++

ဇာတ်လမ်းစစချင်းမှာပဲ ဂရေ့စ်က ဆေးရုံပေါ်မှာ လက်ထိပ်တန်းလန်းနဲ့ နိုးလာတယ်။ ယောက္ခမအိမ်ကို မီးရှို့ပြီး လူ-တ်မှုနဲ့ ရဲက ဖမ်းထားတာလေ။ 

အဲဒီအချိန်မှာ သူ့ရဲ့ အဆက်အသွယ်ပြတ်နေတဲ့ ညီမက အရေးပေါ်ဆက်သွယ်ရမယ့်သူအနေနဲ့ ရောက်လာတယ်။ ပြဿနာက အဲဒီမှာတင် စတာပဲ။

အရင်ကားက မစ္စတာ လာဘဲလ် (Mr. Le Bail) ရဲ့ ရှေ့နေရောက်လာပြီး အရင် ယောက္ခမ Le Domas မိသားစုဆိုတာ မိစ္ဆာဂိုဏ်းကြီးတစ်ခုရဲ့ 

အဖွဲ့ဝင် ခြောက်စုထဲက တစ်စုပဲ ရှိသေးတယ်ဆိုတာကို ဖွင့်ပြောလိုက်တယ်။ ဂရေ့စ်က ပထမကစားပွဲကို နိုင်ခဲ့လို့ အခု ကျန်နေသေးတဲ့ ကောင်စီဝင်

မိသားစုတွေနဲ့ "တူတူပုန်းတမ်း" ထပ်ကစားရမယ်တဲ့။ မိုးလင်းတဲ့အထိ အသက်ရှင်ရင် အဖွဲ့အစည်းရဲ့ အမြင့်ဆုံးနေရာကို ရမှာဆိုတော့ ကျန်တဲ့ 

လူယုတ်မာတွေကလည်း နေရာလုဖို့ ဂရေ့စ်ကို သတ်ဖို့ အသည်းအသန် လိုက်ရှာကြတော့တာပေါ့။

အရင်ကားက အိမ်ကြီးထဲမှာဆိုပေမဲ့ ဒီတစ်ခါတော့ ဒန်ဖို့သ် (Danforth) အပန်းဖြေ ဂေါက်ကွင်းကြီးထဲမှာ ညီအစ်မနှစ်ယောက် အသက်လု

ပြေးကြရမှာနော်။ 

ဇာတ်ကားထဲမှာ အကြိုက်ဆုံးကတော့ ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ငတုံးမတွေလို့ ခေါ်ပြီး ရန်ဖြစ်လိုက်၊ 

အတူတူ ပူးပေါင်းပြီး ပြန်ချလိုက်နဲ့ အချိတ်အဆက်မိမိ သရုပ်ဆောင်ထားတာပဲ။



Samara Weavingက သွေးသံရဲရဲနဲ့ ဇာတ်ကားရဲ့ အဓိက အသက်သွေးကြော ဂရေ့စ် နေရာမှာ သူပဲ အမိုက်စား ပြန်ပါလာတယ်။

Kathryn Newton က ဂရေ့စ်ရဲ့ ညီမ ဖိတ်သ် နေရာမှာ အသစ်ထပ်ပါလာပြီး ညီအစ်မနှစ်ယောက် အတော်အတွဲညီသွားပါတယ်။။

အရင်ကားက မိသားစုထက် ပိုကြမ်းတဲ့ Danforth မိသားစုရဲ့ အဓိက လူယုတ်မာ မစ္စစ် ဒန်ဖို့သ် (Ursula Danforth) နေရာကနေ 

Sarah Michelle Gellarဝင်ပါထားတယ်။ ဂိမ်းရဲ့ စည်းမျဉ်းတွေကို ထိန်းချုပ်ပေးရတဲ့ Mr. Le Bail ရဲ့ ရှေ့နေကြီး နေရာကနေ

 Elijah Wood က သရုပ်ဆောင်ထားတယ်။


လက်နက်မျိုးစုံ ကိုင်ထားတဲ့ မိစ္ဆာဂိုဏ်းဝင် သူဌေးကြီးတွေကို ဂရေ့စ်တို့ ညီအစ်မ ဘယ်လို အကွက်ဆင်ပြီး ပြန်ချမလဲ....

ပြီးတော့ နောက်ဆုံးမှာ ဘယ်သူတွေ ထပ်ပြီး ပေါက်ကွဲကုန်ဦးမလဲဆိုတာ လုံးဝ ရင်ခုန်စရာပါပဲ။

ပထမကားရဲ့ အငွေ့အသက်ကို ကြိုက်တဲ့သူတွေအတွက် လုံးဝ အားရစရာကောင်းတဲ့ အဆက်ဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ဖို့ 

တိုက်တွန်းလိုက်ပါတယ်။

Review Crd

Original title Ready or Not: Here I Come
IMDb Rating 6.7 20,346 votes
TMDb Rating 6.931 239 votes

Director

Cast

Samara Weaving isGrace MacCaulley
Grace MacCaulley
Kathryn Newton isFaith MacCaulley
Faith MacCaulley
Elijah Wood isThe Lawyer
The Lawyer
Sarah Michelle Gellar isUrsula Danforth
Ursula Danforth
Shawn Hatosy isTitus Danforth
Titus Danforth
Varun Saranga isMadhu Rajan
Madhu Rajan
Masa Lizdek isMartina Rajan
Martina Rajan
Olivia Cheng isWan Chen Xing
Wan Chen Xing
David Cronenberg isChester Danforth
Chester Danforth
Dan Beirne isKip Danforth
Kip Danforth

Video Sources 1672 Views

  • Watch trailer
  • Mega

Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)
Ready or Not: Here I Come (2026)

Similar titles

Mickey 17 (2025)
Scream (2022)
The Cellar (2022)
Reckless (2026)
My Girlfriend is a Serial Killer (2022)
Ron’s Gone Wrong (2021)
Latency 2024
The Conjuring: The Devil Made Me Do It (2021)
Zom 100: Bucket List of the Dead (2023)
Barbie (2023)
Jolt (2021)
Saw X (2023)