

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Enola Holmes 3 (2026) မြန်မာစာတန်းထိုး
အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။
ဒီတစ်ခါတော့ အရင်ကားတွေလို ဗြိတိန်မှာပဲ လည်မနေဘဲ မော်လ်တာ (Malta) ကျွန်းဆီကိုပါ ဇာတ်အိမ်ချဲ့သွားပါတယ်။
ဒီဇာတ်လမ်းမှာတော့ အီနိုလာ (Enola) နဲ့ လော့ဒ် တုစ်ဘူရီ (Lord Tewkesbury) တို့ စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတုန်း၊ သူ့ရဲ့ အစ်ကိုဖြစ်သူ နာမည်ကျော် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ် (Sherlock Holmes) ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အဲဒီ ပြန်ပေးသမား တွေက ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို အီနိုလာတစ်ယောက် လိုက်စုံစမ်းရင်း ပိုကြီးမားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကို ပါသွားပါတော့တယ်။
တစ်ဖက်မှာလည်း သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ စုံထောက်အလုပ်ကြားက ရွေးချယ်မှုတွေကို မြင်တွေ့ရမှာပါ။
ဇာတ်လမ်းက အရင်ကားတွေထက် ပိုပြီး အသက်အရွယ်ရင့်ကျက်လာတဲ့ အီနိုလာရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။
ဒါရိုက်တာကတော့ အရင်ကားတွေကို ရိုက်ခဲ့တဲ့ ဟယ်ရီ ဘရက်ဒ်ဘီးယား (Harry Bradbeer) မဟုတ်တော့ဘဲ ဖိလစ် ဘာရန်တီနီ (Philip Barantini) က ပြောင်းလဲ တာဝန်ယူ ရိုက်ကူးထားတာပါ။
အရင်ကားတွေလိုပဲ ဉာဏ်စမ်းတွေ၊ အက်ရှင်တွေ၊ မိသားစု အချစ် အလွမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ စုံထောက်ကား ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
Review Crd