Amsterdamned II (2025)
1080p 

Amsterdamned II (2025)

Amsterdamned II MMSUBNov. 30, 2025110 Min.
Your rating: 0
6 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
Amsterdamned II (2025) 

IMDb Rating (5.8)


အခုမှ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ ၃၇ နှစ်အကြာက အဆက် Amsterdamned II (၂၀၂၅) ကို တင်ပေးထားပါတယ်။ ဒတ်ချ်ဒါရိုက်တာကြီး Dick Maas ကိုယ်တိုင် ပြန်ရိုက်ထားတာဖြစ်ပြီး အရင်ကားတုန်းက မင်းသားကြီး Huub Stapel ပဲ စုံထောက် အဲရစ်ခ် (Eric Visser) နေရာကနေ ပြန်ပါလာပါတယ်။

ဇာတ်လမ်းအကျဉ်း

အရင်ကားထဲက အဖြစ်အပျက်တွေအပြီး ၃၇ နှစ်ကြာတဲ့အချိန်မှာ အမ်စတာဒမ်မြို့ရဲ့ ရေမြောင်းတွေထဲမှာ ကြောက်စရာကောင်းတဲ့ လူ-တ်မှုတွေ ပြန်ဖြစ်လာပြန်ရော။ ဒီတစ်ခါတော့ အမှုလိုက်ရတာက အမ်စတာဒမ် ရဲတပ်ဖွဲ့က  စုံထောက်မလေး တာရာလီ (Tara Lee) ပေါ့။ အမှုက ကြမ်းလွန်းတော့ သူလည်း တစ်ယောက်တည်း မနိုင်ဘူးဆိုပြီး အရင်က ဒီလိုမျိုး ရေမြောင်းထဲက ကွင်းဆက်လူသတ်သမားကို ဖမ်းခဲ့ဖူးတဲ့ အငြိမ်းစား စုံထောက်ကြီး အဲရစ်ခ်ကို အကူအညီလှမ်းတောင်းရတယ်။

ပြဿနာက အခု လူ-တ်သမားက သာမန်လူမဟုတ်ဘဲ သဘာဝလွန် စွမ်းအားတွေ ရှိနေသလား ထင်ရလောက်အောင် ကြမ်းနေတာပဲ။ အဲဒီတော့ အရင် လူ-တ်သမားပဲ ပြန်ရှင်လာတာလား၊ ဒါမှမဟုတ် တုပပြီး -တ်နေတဲ့သူ (copycat) လားဆိုတာကို စုံထောက်မလေး တာရာ နဲ့ အငြိမ်းစား စုံထောက်ကြီး အဲရစ်ခ်တို့ ပူးပေါင်းပြီး ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမယ့်ကားပါ။ အရင်ကားထဲက အဲရစ်ခ်ရဲ့ သမီးလေး အန်နီကာ (Anneke) လည်း ပြန်ပါလာပါသေးတယ်။

၈၀ ပြည့်လွန်နှစ်တွေတုန်းက အရသာကို မပျောက်စေဘဲ ခေတ်သစ် အက်ရှင်တွေနဲ့ ပေါင်းစပ်ထားလို့ အရင်ကားကို ကြိုက်ခဲ့တဲ့သူတွေရော၊ အခုမှ စကြည့်မယ့်သူတွေပါ သဘောကျမယ့်ကားပါ။ နယ်သာလန်ရဲ့ ပထမဆုံး IMAX ကင်မရာနဲ့ ရိုက်တဲ့ကားဆိုတော့ ရုပ်ထွက်ပိုင်းက တော်တော်မိုက်တယ်။ အရင်ကားလိုပဲ အမ်စတာဒမ်ရေမြောင်းတွေထဲက စပိဘုတ် (speedboat) လိုက်ဖမ်းတဲ့ အခန်းတွေ၊ အက်ရှင် အကြမ်းစားတွေနဲ့ သွေးထွက်သံယို အခန်းတွေ အဝကြည့်ရဦးမှာပါ။
 
ဒါရိုက်တာက အမ်စတာဒမ်မြို့ကြီး ကမ္ဘာလှည့်ခရီးသည်တွေ ပြည့်ကျပ်ပြီး ညစ်ညမ်းနေတာတွေကို ဟာသလေးနှောပြီး လှောင်ပြောင်ထားပေမယ့် တဖက်မှာလည်း မြို့ရဲ့ အလှအပကို သေချာရိုက်ပြထားတယ်။ မင်းသားကြီးကလည်း အသက် ၇၀ ကျော်နေပြီဆိုတော့ အရင်လို ကြမ်းကြမ်းရမ်းရမ်းတွေ သိပ်မလုပ်နိုင်တော့ပေမယ့် သူ့ရဲ့ အငြိမ်းစား စုံထောက်စတိုင်က ကြည့်ရတာ တစ်မျိုးလေး မိုက်နေပြန်တာမို့ ကြည့်မယ်ဆို နှစ်ကားဆက်တိုက်လေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

Review Crd

Original title Amsterdamned II
TMDb Rating 5.8 9 votes

Director

Dick Maas
Director

Cast

Video Sources 2123 Views

  • Watch trailer
  • Mega

Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)
Amsterdamned II (2025)

Similar titles

Halloween (1978)
Sonic the Hedgehog 2 (2022)
Who Am I? (1998)
Warfare (2025)
Blades of the Guardians: Wind Rises in the Desert (2026)
Love Hostel (2022)
The Man with the Golden Gun (1974)
Beyond Rangoon (1995)
Spectre (2015)
R-Point (2004)
Five Nights at Freddy’s 2 (2025)
Casino Royale (2006)