The Purge: Election Year (2016)
1080p BLURAY

The Purge: Election Year (2016)

Keep America greatJun. 29, 2016United States105 Min.R
Your rating: 0
10 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

— Storyline —
The Purge : Election Year က The Purge ဇာတ်ကားတွေရဲ့ တတိယမြောက်ဇာတ်ကားပါ။ The Purge ဇာတ်ကားတွေအတိုင်းပဲ US အစိုးရက နှစ်စဉ်နှစ်တိုင်း March လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ 12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှ ရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုကျင့်သုံးနေရာကနေ တစ်နေ့မှာ အဲ့ဒီစနစ်ကြောင့် သေဆုံးသွားတဲ့ Roan ဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ မိသားစုတွေပါဝင်ပါတယ်။ အခုအချိန်မှာတော့ သမ္မတလောင်းဖြစ်လာပီဖြစ်တဲ့ Roan ဟာသူ့လက်ထက်မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ သွေးစွန်းပြီးအကျည်းတန်လှတဲ့ The Purge ဓလေ့ကိုရပ်တန့်ပစ်ဖို့ ကြိုးပမ်းနေရင်းနဲ့ပဲ The Purge အချိန်ကျရောက်လာပြန်တော့ သမ္မတလောင်း Roan ကို The Purge 12 နာရီအတွင်း ကာကွယ်ပေးဖို့ သက်တော်စောင့် Leo Barnes အပေါ်တာဝန်ကျလာပါတော့တယ်။
.
— Review —
ဒီဇာတ်ကား Trailer တွေထွက်လာကတည်းက အရှေ့ကဇာတ်ကားတွေဖြစ်တဲ့ The Purge 1 နဲ့ 2 ကိုပြန်ကြည့်ထားတာကြောင့် The Purge 3 ကိုဒီမှာရုံတင်မဲ့ရက်ကိုစောင့်နေခဲ့တာကြာပါပြီ။
The Purge ကိုလုံးဝမကြည့်ဖူးသေးတဲ့လူတွေအတွက်တော့ ဖြစ်နိုင်ရင် အရှေ့က The Purge 1 နဲ့ 2 ကိုအရင်ကြည့်စေချင်ပါတယ်။ဒါမှလဲ ဒီဇာတ်ကားကြည့်တဲ့အခါမှာ ပိုသဘောပေါက်နားလည်လွယ်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပျင်းစရာကောင်းနေမှာပါ။ အရင်ဆုံးပြောချင်တာကတော့ The Purge ဇာတ်ကားတွေဟာတခြားဇာတ်ကားတွေနဲ့မတူပဲ Idea ကအသစ်ဖြစ်နေတာကြောင့် ကျွန်တော့်အတွက် အတော်ကိုစိတ်ဝင်စားခဲ့တာအမှန်ပါပဲ။ ဟုတ်တယ်လေဗျာ 12 နာရီအတွင်း လက်နက်ကြီးတွေပဲ မသုံးဖို့ ကန့်သတ်ထားပြီး ကြိုက်တဲ့ မှုခင်းတွေကျူးလွန်နိုင်တယ်ဆိုတော့ ဒီဇာတ်ကားကဘယ်လိုမျိုးလာမလဲဆိုတာ ကျွန်တော့်အတွက်တော့ တော်တော်စိတ်ဝင်စားခဲ့တဲ့ဇာတ်ကားပါ။ တစ်ခုတော့ရှိတာပေါ့။ လူဆိုတာ တစ်ယောက်နဲပ တစ်ယောက် အကြိုက်မတူတာကြောင့် ဒီဇာတ်ကားအပေါ်မှာ ကျွန်တော့်ရဲ့အမြင်ကိုပဲ အဓိကထားရေးသွားမှာဖြစ်ပါတယ်။
.
အရင်ဆုံးပြောချင်တာကတော့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကရိုးရှင်းပါတယ်။ The Purge ကိုရပ်တန့်ဖို့ သမ္မတလောင်း Roan ကကြိုးစားနေတုန်းမှာ The Purge အချိန်ကျရောက်လာလို့ သူမရဲ့ကိုယ်ရံတော်ကသူမကိုဇာတ်ကားတစ်လျောက်လုံးကာကွယ်ပေးတာဆိုပေမဲ့ စကြည့်ကတည်းကဆုံးတဲ့အထိတော့ တစ်ကားလုံးနီးပါး ကျွန်တော့်ကိုမပျင်းရအောင်ဆွဲဆောင်သွားနိုင်ပါတယ်။ နောက်တစ်ချက်သတိထားမိတာကတော့ R Rated ဖြစ်တဲ့ The Purge ကားတွေအကုန်လုံးမှာတောင် ဒီဇာတ်ကားဟာ အရှေ့က The Purge 1 , 2 ထက်ကိုပိုပီးတော့ သွေးထွက်သံယိုအခန်းတွေပိုပါပြီး ၊ အဲ့ဒီသွေးထွက်သံယိုအခန်းတွေကို လုံးဝမညှာပဲ ကွက်ကွက်ကွင်းကွင်း ဒဲ့ကြီးရိုက်ပြထားတဲ့အချက်ပါ။ ဒါပေမဲ့ အဲ့ဒီလိုသွေးထွက်သံယို Scene တွေပါဝင်နေပေမဲ့ အော်ဂလီဆန်စရာရွံစရာပုံစံမျိုးတွေကိုတော့ လျော့ရိုက်ထားတာတွေ့ရပါတယ်။ Directing ပိုင်းကတော့ ထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူး။ တစ်ခုပဲ တစ်ချို့အခန်းတွေကတော့ မလိုအပ်ပဲနည်းနည်းပိုကြာနေတာတွေတော့တွေ့ရပါတယ်။
.
နောက်တစ်ချက်ကတော့ ဒီဇာတ်ကားထဲမှာ Jump Scare အကွက်တွေပါလာပါတယ်။ Jump Scare ဆိုတဲ့အတိုင်းပဲကြည့်နေရင်းနဲ့ ဝုန်း ၊ ဒုန်းဆိုပြီးပေါ်ပေါ်လာတာကတော့ လူကိုလန့်ဖျန့်သွားအောင် ခြောက်နိုင်တယ်လို့ဆိုရပါမယ်။ Captain America Winter Solider နဲ့ Civil War မှာ Crossbones သရုပ်ဆောင် Frank Grillo ကတော့ဒီကားထဲမှာ သူသရုပ်ဆောင်ရတဲ့ Role နဲ့လိုက်ဖက်တယ်လို့မြင်ပါတယ်။ ပြီးတော့ The Purge ဇာတ်ကားတွေဟာ လူတစ်ချို့ရဲ့ နောက်ကွယ်ကစိတ်ဓာတ်တွေကိုကွက်ကွက်ကွင်းကွင်းပြနိုင်တဲ့အချက်ကိုတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။ ဒါပေမဲ့ သတိထားရမှာကတော့ ဒီဇာတ်ကားက R Rated ဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေတော်တေ်ာများများပါနေတဲ့အတွက်ကြောင့် ကလေးတွေကိုလုံးဝမပြပါနဲ့လို့ ပြောချင်ပါတယ်။ The Purge : Election Year ဟာ Idea ကောင်းကောင်းနဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်အနေနဲ့ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင်တော့ ကျွန်တော့်အတွက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ပဲဆိုချင်ပါတယ်။

အညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

Original title The Purge: Election Year
IMDb Rating 6 92,813 votes
TMDb Rating 6.4 4,093 votes

Director

Cast

Elizabeth Mitchell isSenator Charlie Roan
Senator Charlie Roan
Frank Grillo isLeo Barnes
Leo Barnes
Betty Gabriel isLaney Rucker
Laney Rucker
Raymond J. Barry isLeader Caleb Warrens
Leader Caleb Warrens
Edwin Hodge isDante Bishop
Dante Bishop
Kyle Secor isMinister Edwidge Owens
Minister Edwidge Owens
Ethan Phillips isChief Couper
Chief Couper
Terry Serpico isEarl Danzinger
Earl Danzinger

Video Sources 1439 Views

  • Watch trailer
  • Server 1
  • Server 2
  • Server 3

The Purge: Election Year (2016)
The Purge: Election Year (2016)
The Purge: Election Year (2016)

Similar titles

American Siege (2022)
Resident Evil: Vendetta (2017)
Fresh (2022)
Catwoman: Hunted (2022)
Tomorrow, When the War Began (2010)
Scouts Guide to the Zombie Apocalypse (2015)
Who Am I? (1998)
Swordsman’s Romance (2022)
Malignant (2021)
Heropanti (2014)
Beast (2022)
Freelance(2023)