

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
ဇာတ်လမ်းကတော့ ကမ္ဘာမြေပေါ်ကို ပြင်းထန်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မကြုံစဖူး ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြီးက ကျရောက်လာပါတယ်။ တစ်ကမ္ဘာလုံး ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်နေချိန်မှာ AI ဖွံ့ဖြိုးတိုးတက်ရေးသုတေသီ ဂူအန်နာ (Kim Da Mi) နဲ့ သူမရဲ့သားလေး ဂျာအင်းတို့လည်း ရေနစ်မြုပ်နေတဲ့ တိုက်ခန်းတစ်ခုထဲမှာ ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူမကို ကယ်တင်ဖို့အတွက် ဆွန်းဟီးဂျို (Park Hae Soo) ဦးဆောင်တဲ့ လူသားအရင်းအမြစ် လုံခြုံရေးအဖွဲ့က ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ဟီးဂျိုရဲ့ ကယ်တင်ပေးမှုဟာ သာမန်ကယ်ဆယ်ရေးမဟုတ်ဘဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့အခါမှာတော့.... ဒါကြောင့် အန်နာကိုမှ ရွေးပြီး ကယ်တင်တဲ့ ဟီးဂျိုရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ... အဆောက်အဦက ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်လာချိန်မှာ သူတို့တွေ ဘေးကင်းရာကို လွတ်မြောက်သွားနိုင်ပါ့မလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားပဲဖြစ်ပါတယ်။