The Forever Purge (2021)
1080p WEB

The Forever Purge (2021)

The rules are broken.Jun. 30, 2021United States103 Min.R
Your rating: 0
9 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

နာမည်ကျော် Action-Horror ဇာတ်လမ်းတွေဖြစ်တဲ့ “Purge” ရဲ့ ၅ ခုမြောက် ရုပ်ရှင်သစ် ထွက်ရှိလာပါပြီ။ ၂၀၁၆ ခုနှစ်က The Purge: Election Year ရဲ့ နောက်ဆက်တွဲဇာတ်လမ်းလည်း ဖြစ်ပါတယ်။
အနာဂတ်ကမ္ဘာမှာ အမေရိကန်ဟာ ရာဇ၀တ်ကင်းစင်တဲ့နိုင်ငံတစ်ခုအဖြစ် စိတ်ကူးယဉ်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ လူမျိုးရေး၊ ဘာသာ‌ရေးနဲ့ အသားအရောင် ခွဲခြားမှုတွေပြည့်နေသေးတဲ့ အမေရိကန်မှာ လူတွေဟာ ဒေါသဖြေဖျောက်တဲ့အနေနဲ့ ကျင်းပကြတဲ့ ထူးထူးခြားခြား နေ့ရက်တစ်ခုရှိပါတယ်။

အဲဒါကတော့ “Purge” ပါ။ လူသတ်မှုအပါအ၀င် ရာဇ၀တ်မှုပေါင်းစုံကို တရားလွန်ကျူးလွန်ခွင့်ရတဲ့ နေ့ရက်တစ်ရက်ဖြစ်ပြီး တစ်နှစ်မှာတစ်ခါ ကျရောက်ပါတယ်။ အဲဒီရက်မှာ ၁၂ နာရီကြာအောင် ရာဇ၀တ်မှုတွေ စိတ်တိုင်းကျကျူးလွန်ခွင့်ရှိပါတယ်။ ပွဲမှာမပါချင်တဲ့သူတွေကတော့ အိမ်တံခါး၊ ခြံတံခါးတွေအလုံပိတ်ပြီး လုံခြုံရေးစနစ်တွေနဲ့အတူ အိမ်အတွင်းမှာ lockdown ချကာ ဘေးကင်းအောင်နေထိုင်ကြတာပါပဲ။

၂၀၄၈ ခုနှစ်မှာ NFFA ဆိုတဲ့ နိုင်ငံရေးပါတီတစ်ခု အာဏာပြန်ရလာချိန်မှာတော့ “Purge” လို့ခေါ်တဲ့ အဲဒီနေ့ဟာ ပြန်လည်အသက်၀င်လာခဲ့ပါတယ်။ ပွဲနေ့ကျရောက်တဲ့အခါမှာတော့ ကျူးလွန်သူတချို့ဟာ တစ်နေ့တာ ၁၂ နာရီကြာ ကျူးလွန်တာမဟုတ်ဘဲ၊ ထာ၀ရသုတ်သင်ရေးအဖြစ် သတ်မှတ်ပြီး သုတ်သင်ရေးကာလကျော်လွန်တဲ့အထိ လိုက်လံသတ်ဖြတ်မှုတွေ ပြုလုပ်လာပါတယ်။

အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် ရောက်ရှိနေကြတဲ့ Juan တို့ဇနီးမောင်နှံနဲ့ သူတို့တွေရဲ့ အမေရိကန်လူမျိုးအလုပ်ရှင် Tucker မိသားစုကရော ဘယ်လိုတွေ ပါ၀င်ပတ်သက်လာမလဲ၊ လူမျိုးရေးခွဲခြားခံနေရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ဘ၀ဟာ အေးချမ်းနိုင်ပါ့မလား၊ ထာ၀ရသုတ်သင်ရေးလုပ်ကြသူတွေကိုရော တားဆီးနိုင့ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ကြရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖိုနဲ့ ခပ်ကြမ်းကြမ်း horror ဇာတ်လမ်းမျိုးမှ ကြိုက်သူတွေအတွက် အထူးညွှန်းပေးလိုက်ပါတယ်နော်။

Review Credit

Original title The Forever Purge
IMDb Rating 5.8 2,992 votes
TMDb Rating 7.8 164 votes

Director

Mike Gunther
Director

Cast

Video Sources 2766 Views

  • Watch trailer
  • Server 1
  • Server 2
  • Server 3

The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)
The Forever Purge (2021)

Similar titles

Talk to Me (2023)
Presence (2025)
Ride On (2023)
The Purge (2013)
Trigger Warning (2024)
Good Luck, Have Fun, Don’t Die (2026)
Salaar (2023)
Aquaman and the Lost Kingdom (2023)
Maaran (2022)
Jailer (2023)
The World Is Not Enough (1999)
Torn Hearts (2022)