
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
IMDb Rating (7.6) / Rotten Tomatoes (86%) ဒုတိယကမ္ဘာစစ် နောက်ခံကားတွေ ကြိုက်တတ်တဲ့သူတွေအတွက် ၂၀၂၆ ခုနှစ်၊ မေလမှာ ထွက်ရှိထားတဲ့ "Pressure" ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တင်ပေးထားပါတယ်။ ဒီကားက သာမန် စစ်ကားတွေလို သေနတ်ပစ်၊ ဗုံးခွဲတဲ့ အခန်းတွေချည်း အသားပေးထားတာ မဟုတ်ဘဲ၊ သမိုင်းဝင် D-Day စစ်ဆင်ရေးကြီး မစခင် ၇၂ နာရီအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြိတ်အနယ် ဆုံးဖြတ်ချက်ချရမှုတွေကို ရင်တမမနဲ့ ကြည့်ရမယ့် Drama ဇာတ်ကားကောင်း တစ်ကားပါ။ ဒါရိုက်တာ Anthony Maras ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့ Andrew Scott နဲ့ Brendan Fraser တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ဇာတ်လမ်းက ၁၉၄၄ ခုနှစ် ဇွန်လကို အခြေခံထားပါတယ်။ မဟာမိတ်တပ်တွေဟာ နာဇီတွေ သိမ်းပိုက်ထားတဲ့ ဥရောပကို ပြန်လည် ထိုးစစ်ဆင်ဖို့ "Operation Overlord" (ဒါမှမဟုတ်) D-Day ဆိုတဲ့ သမိုင်းဝင် စစ်ဆင်ရေးကြီးကို စတင်ဖို့ ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ ဒီလို အကြီးစား စစ်ဆင်ရေးကြီး အောင်မြင်ဖို့ဆိုတာ အင်္ဂလိပ်ရေလက်ကြားရဲ့ ရာသီဥတု အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီအချိန်မှာ အမေရိကန် ဗိုလ်ချုပ်ကြီး ဒွိုက် အိုင်ဆင်ဟောင်ဝါ (Brendan Fraser) ဟာ စစ်ဆင်ရေးကို သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်မလား၊ ရွှေ့ဆိုင်းမလား ဆိုတာကို ဆုံးဖြတ်ဖို့ မိုးလေဝသ ပညာရှင် နှစ်ယောက်ရဲ့ အကြံဉာဏ်ကို ရယူရပါတော့တယ်။ စကော့တလန် မိုးလေဝသ ပညာရှင် ကက်ပတိန် ဂျိမ်းစ်စတက်ဂ် (Andrew Scott) က အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ မုန်တိုင်းကြီး လာနေလို့ စစ်ဆင်ရေးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တိတိကျကျ သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန် မိုးလေဝသ ပညာရှင် ကာနယ် အာဗင်ခရစ်ခ် ကတော့ သမိုင်းမှတ်တမ်းတွေအရ ရာသီဥတု သာယာမယ်လို့ ဆန့်ကျင်ဘက် အကြံပြုပြန်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ကံကြမ္မာဟာ ဒီမိုးလေဝသ ခန့်မှန်းချက်တွေအပေါ်မှာ မူတည်နေတာပါ။ ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါ အနေနဲ့ ဘယ်သူ့စကားကို ယုံကြည်ပြီး ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ကက်ပတိန် စတက်ဂ် အနေနဲ့ရော သူ့ရဲ့ ခန့်မှန်းချက်တွေကို အထက်လူကြီးတွေ လက်ခံလာအောင် ဘယ်လို ကြိုးစားမလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ စစ်တိုက်တဲ့ အခန်းတွေထက် စကားပြောခန်းတွေနဲ့ပဲ ဇာတ်ရှိန်ကို တဖြည်းဖြည်း မြှင့်တင်သွားတာဖြစ်လို့ Band of Brothers တို့၊ Saving Private Ryan တို့လို ကားတွေနဲ့ အရသာ တစ်မျိုးစီ ကွဲထွက်နေပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ချရခက်တဲ့ အခြေအနေတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအား (Pressure) တွေကို သေသေချာချာ ရိုက်ပြထားတဲ့ ကားကောင်းလေးမို့ အေးအေးဆေးဆေး ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။
Review Crd