K.G.F: Chapter 1 (2018)
WEB 4K 

K.G.F: Chapter 1 (2018)

K.G.F: Chapter 1 MMSUBDec. 20, 2018India156 Min.N/A
Your rating: 0
8 4 votes

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

K.G.F ဆိုတာက. . .
Kolar Gold Fields(ကိုလာရွေလုပ်ကွက်)ကို ပြောတာပါ။

အမှန်တော့ ဒီကားကို ကနဦးကြည့်ရှုစဉ်မှာ နားမလည်သလိုလို ၊ ဇာတ်လမ်းမှာ
Plothole(ဇာတ်ကွက်အရ ဟာကွက်)ပါသလိုလိုနဲ့ ဘဝင် သိပ်မကျပါဘူး။
ဒါပေမယ့် ဒီလိုဇာတ်ကားမျိုးက
ကြည့်ပြီးနောက်ပိုင်း ခေါင်းထဲမှာ စွဲမြဲပြီး
ကျန်ခဲ့စေတဲ့ ဇာတ်ကားမျိုးပါ။

ငယ်စဉ်ကတည်းက ကျွန်တော်ကြိုက်ခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားတစ်ကား ရှိပါတယ်။
နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး
တွမ်ဟန့်ခ်ရဲ့ Forrest Gump ဆိုတဲ့ ဇာတ်ကားကြီးပါ။
ဒီကားထဲမှာ ဖခင်မရှိတော့တဲ့
အကြောဆွဲရောဂါသည် သားဖြစ်သူ
လူမမယ်လေးကို မိခင်ပေးခဲ့တဲ့ ခွန်အားတွေ၊ မိခင်ပြောခဲ့တဲ့ စကားတွေဟာ
နားထဲမှာ ပဲ့တင်ထပ်နေရတဲ့ အထိပါပဲ။
“ငါ့သား မင်းဟာ တစ်ခြားသူတွေနဲ့
ဘာမှမခြားနားဘူး ၊ အတူတူပဲ။
သူများက ဒါလုပ်ရင် မင်းလည်း
ဒါလုပ်နိုင်တယ်ဆိုတာ
မင်းမြဲမြဲ မှတ်ထားရမယ်”တဲ့။
သူ့သားကို အားအင်တွေ ပေးနေလိုက်ပုံ။

K.G.F မှာလည်း ကျွန်တော်အကြိုက်ဆုံးက ဇာတ်လိုက်မင်းသား ငယ်စဉ်ဘဝက အကြောင်းလေးတွေကို ဇာတ်လမ်းရဲ့
တစ်ချို့နေရာလေးတွေမှာ flashback(နောက်ကြောင်းပြန်ပြကွက်) အနေနဲ့ ဖြတ်ဖြတ် ပြပေးခဲ့တာကိုပါ။
ဒါရိုက်တာဟာ ဒီလိုအခန်းပြတ်ကလေးတွေ ထည့်ပေးတဲ့နေရာမှာ
အတော်လေး စေ့စပ်တာကိုတွေ့ရပါတယ်။
“ငါ့သား. . .အုပ်စုနဲ့ မမိုက်နဲ့။
တစ်ယောက်တည်းမိုက်။မင်းအနောက်မှာ
လူပေါင်းထောင်ချီသောင်းချီ လာရပ်ပြီဆိုရင် စစ်ပွဲတစ်ပွဲတည်းနဲ့ မင်းအောင်မြင်နိုင်တယ်။ဒါပေမယ့် ထောင်ချီနေတဲ့ အဲ့ဒီလူအုပ်ကြီးဟာ မင်းပေးတဲ့ ခွန်အားတွေကြောင့် စည်းလုံးတောင့်တင်းလာတာဆိုရင် ၊ တလောကလုံးကို မင်းအောင်နိုင်လိမ့်မယ်”တဲ့။
မိခင်တစ်ယောက်က သားဖြစ်သူကို
ပေးလိုက်တဲ့ ခွန်အားတွေဆိုတာလေ။

ငယ်စဉ်ကတည်းက ဒီလိုသံမဏိစိတ်ဓာတ်ပိုင်ရှင် မိခင်တွေရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့သူတွေဟာ ဘယ်လောက်များ
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမလဲ. . .။
အဲ့ဒီယုံကြည်မှုကို အသုံးချပြီး ၊
သွားလိုတဲ့ ပန်းတိုင်ကို တဆင့်ချင်း
တက်လှမ်းပုံတွေဟာ ကြက်သီးထချင်စရာတွေ။

K.G.F Chapter 1 ဇာတ်ကားဟာ
လက်ရှိ အိန္ဒိယတောင်ပိုင်းမှာ
အောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို Budget 50-80 ကုဋေ အသုံးပြုရိုက်ကူးခဲ့ရာမှာ Box-officeမှာ
ကုဋေ 240 ပြန်ရပြီဆိုတော့ Yash ရဲ့
အောင်မြင်မှု ဆွတ်ခူးနေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
မူရင်း Kannada ဘာသာစကားအပြင်၊
အိန္ဒိယမှာ သုံးစွဲနေတဲ့ Tamil,Telugu,Malayalam,Hindi
စတဲ့ ဘာသာစကားတွေနဲ့ပါ တပြိုင်နက်တည်း Officially ထွက်ရှိလာတာ ဖြစ်ပါတယ်။
ကျွန်တော်ပြောတဲ့အထဲမှာ ဇာတ်လမ်းအကြောင်းအရာ မပါပါဘူး။
ခံစားမိသလောက်နဲ့. . .
ဒီကားရဲ့အောင်မြင်မှုအကြောင်းပဲ
ပါပါတယ်။

K.G.F Chapter 2 လည်း
မကြာခင်ရမှာပါခင်ဗျာ။

အညွှန်းနဲ့ဘာသာပြန်ထားပေးသူကတော့ Myint Thu နဲ့ Nyi Nyi Koe ပဲဖြစ်ပါတယ်

Original title K.G.F: Chapter 1 MMSUB
IMDb Rating 8.4 64,823 votes
TMDb Rating 7.5 116 votes

Director

Cast

Yash isRaja Krishnappa Bairya
Raja Krishnappa Bairya "Rocky"
Achyuth Kumar isGuru Pandyan
Guru Pandyan
Malavika Avinash isDeepa Hegde
Deepa Hegde
Anant Nag isAnand Ingalagi
Anand Ingalagi
Raveena Tandon isRamika Sen
Ramika Sen
Archana Jois isSaraswathi / Shanthamma
Saraswathi / Shanthamma

Video Sources 856 Views

  • Watch trailer
  • Server 1
  • Server 2

K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)
K.G.F: Chapter 1 (2018)

Similar titles

Mortal Kombat Legends: Battle of the Realms (2021)
Beast (2022)
Injustice (2021)
Blind War (2022)
Venom (2018)
The Con Artists (2014)
A Quiet Place (2018)
The Princess (2022)
4 Kings (2021)
Zack Snyder’s Justice League (2021)
Green Ghost and the Masters of the Stone (2022)
Finch (2021)
+
+