How to Make a Killing (2026)
1080p 

How to Make a Killing (2026)

Feb. 19, 2026United States106 Min.R
Your rating: 0
6 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
How to Make a Killing (2026)

IMDb Rating (6.6) / Rotten Tomatoes (44%)


"How to Make a Killing" ဆိုတာကတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လတွေထဲမှာ ရုံတင်ပြသခဲ့တဲ့ Dark Comedy နဲ့ Thriller အမျိုးအစား ဇာတ်ကားသစ်လေးပါ။

"How to Make a Killing"  ကို ဘာသာပြန်မယ်ဆိုရင် ဘယ်လိုသတ်ရမလဲလို့ အဓိပ္ပါယ်ရသလို ငွေအများကြီး ဘယ်လိုရှာမရလဲလို့ ဆိုလိုတာလည်းဖြစ်ပါတယ်။ အရင်က Emily the Criminal ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John Patton Ford က ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးက ၁၉၄၉ တုန်းက ထွက်ခဲ့တဲ့ ဗြိတိသျှ ဂန္ထဝင်ကား "Kind Hearts and Coronets" ကို အခြေခံပြီး ခေတ်နဲ့အညီ ပြန်လည်အသက်သွင်းထားတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဘက်ကတ် ရက်ဒ်ဖဲလိုး (Becket Redfellow) ဆိုတဲ့ လူငယ်လေးအကြောင်းပါ။ သူ့အမေက ဘီလျံနာ သူဌေးမိသားစုက ဆင်းသက်လာပေမဲ့ သူ့ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ မိသားစုက ဖျက်ချခိုင်းတာကို လက်မခံဘဲ မွေးခဲ့လို့ အမွေပြတ် စွန့်ပစ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဘက်ကတ်က သာမန်လူတန်းစားဘဝနဲ့ ကြီးပြင်းလာပြီး အဝတ်အစားဆိုင်မှာ အရောင်းစာရေး ဝင်လုပ်နေရတာပေါ့။

တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ဂျူလီယာ (Julia) နဲ့ ပြန်ဆုံမိပြီးနောက်မှာ ဘက်ကတ်တစ်ယောက် သူ့ကို မတရားလုပ်ခဲ့တဲ့ ဆွေမျိုးတွေကို လက်စားချေဖို့နဲ့ သူ့ရသင့်တဲ့ ဒေါ်လာ ၂၈ ဘီလီယံတန် မိသားစုအမွေတွေကို ပြန်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အမွေရဖို့က သူ့ရှေ့မှာ ဆွေမျိုး ၇ ယောက်တောင် ရှိနေတာဆိုတော့ အဲဒီလူတွေကို တစ်ယောက်ချင်းစီ ဘယ်လို ရှင်းပစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမှာပါ။

အဓိက ဇာတ်ကောင် ဘက်ကတ် နေရာမှာတော့ Top Gun: Maverick နဲ့ Twisters တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင် Glen Powell က ပါဝင်ထားပြီး၊ ငယ်သူငယ်ချင်း ဂျူလီယာ နေရာမှာ Margaret Qualley က သရုပ်ဆောင်ထားပါတယ်။ တခြား ဇာတ်ကောင်တွေအနေနဲ့ Jessica Henwick, Ed Harris နဲ့ Topher Grace တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဒီကားလေးက Knives Out တို့လိုမျိုး လူချမ်းသာတွေကို သရော်ထားတဲ့ "Eat the Rich" ပုံစံမျိုး ကြိုက်တတ်တဲ့ သူတွေဆိုရင် သဘောကျမှာပါ။

Review Crd

Original title How to Make a Killing
IMDb Rating 6.5 10 votes
TMDb Rating 7 92 votes

Director

Cast

Glen Powell isBecket Redfellow
Becket Redfellow
Margaret Qualley isJulia Steinway
Julia Steinway
Ed Harris isWhitelaw Redfellow
Whitelaw Redfellow
Bill Camp isWarren Redfellow
Warren Redfellow
Topher Grace isPastor Steven J. Redfellow
Pastor Steven J. Redfellow
Zach Woods isNoah Redfellow
Noah Redfellow
Bianca Amato isCassandra Redfellow
Cassandra Redfellow
Raff Law isTaylor Redfellow
Taylor Redfellow
Alexander Hanson isMcArthur Redfellow
McArthur Redfellow

Video Sources 2162 Views

  • Watch trailer
  • Mega

How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)
How to Make a Killing (2026)

Similar titles

Blackwater Lane 2024
The Accountant 2 (2025)
Prey (2022)
Splash (1984)
Harold and the Purple Crayon (2024)
Five Nights at Freddy’s 2 (2025)
The Ice Road (2021)
American Fiction (2023)
The Accountant (2016)
The Greatest of All Time (2024)
Elevation (2024)
Vendetta (2022)