Fatherhood (2021)
1080p WEB

Fatherhood (2021)

In it, together.Jun. 18, 2021United States109 Min.PG-13
Your rating: 0
10 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

ကဲ ဒီတစ်ခါတော့ ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေး

ထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ်

ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကို

ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲ

ကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့

အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့

မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့

အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့

ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး

မတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့

မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ်

ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား……

သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ဖြည့်ဆည်းစောင့်ရှောက်ပေးနိုင်ပါ့မလား…..

အမြဲ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ မတ်ရဲ့ သမီးလေးအပေါ်မှာ ဖခင်တာဝန်တွေ ကျေပွန်အောင် ကြိုးစားပုံတွေကို

ဟာသလေးနှောပြီး ကြည်နူးစွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်

Jumanji ကားထဲက ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်က မတ်နေရာက ပါဝင်သရုပ်ဆောင်ထားတာဆိုတော့

ရိုက်နေကျဇာတ်ရုပ်မဟုတ်ဘဲ ဖခင်မေတ္တာလေးကို ကီဗင်တစ်ယောက် ဘယ်လိုရင်နဲ့ရင်းပြီး ဖော်ကျူးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ

Comedy Drama အမျိုးအစားလေးဖြစ်ပြီး IMDb Rating ကလည်း 6.7/10 တောင်ရရှိထားတာဆိုတော့ မနက်ဖြန်ပိတ်ရက်မှာ

ဒီလို Netflix movie ကောင်းကောင်းလေးနဲ့ Chill လိုက်ကြတာပေါ့

Review Credit

Original title Fatherhood
IMDb Rating 6.8 7,501 votes
TMDb Rating 8.1 303 votes

Video Sources 2117 Views

  • Watch trailer
  • Server 1

Fatherhood (2021)
Fatherhood (2021)
Fatherhood (2021)
Fatherhood (2021)
Fatherhood (2021)
Fatherhood (2021)

Similar titles

Kalki 2898-AD (2024)
Colours of Time (2025)
Samrat Prithviraj (2022)
A Beautiful Curse (2021)
K.G.F: Chapter 2 (2022)
The Lost Girls (2022)
Detective Chinatown 3 (2021)
After (2019)
Don (2022)
A Quiet Place (2018)
Daeng (2022)
The Instigators (2024)