
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Beverly Hills Cop: Axel F (2024) မြန်မာစာတန်းထိုး
ဒါရိုက်တာ Mark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်.။
ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒက်ထရွိက်လမ်းမတွေပေါ်မှာထက်မြက်ပြီးဦးဆောင်နိုင်စွမ်းရှိတဲ့ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူသူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်
ခံရတဲ့အခါမှာBeverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို ပြန်လာခဲ့တယ်ဆိုပေမဲ့ Axel ဟာ သူ့ရဲ့မိတ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီး John Taggart၊ စုံထောက် Billy Rosewood တိုနှင့်အတူလက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်း ကြံစည်မှုတခုကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို လုံးဝမပျင်းရမယ့်ဇာတ်ကားကောင်းဖြစ်ပါတယ်။