

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Ballad of a Small Player (2025) +++++++++++ IMDb (5.9) / Rotten Tomatoes (51%) သခင်ဒွိုင်းလ် (Colin Farrell)လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေတဲ့ အင်္ဂလိပ်လူမျိုး လောင်းကစားသမားတစ်ယောက်ရှိတယ်။ လောင်းကစားမြို့တော် မကာအိုမှာတော့ သူ့ကိုကွေ့လို (နိုင်ငံခြားသားသရဲ)လို့ ခေါ်ကြတယ်။ သူ့မှာ ဖုံးကွယ်ထားတဲ့အတိတ်တစ်ခုရှိပြီး သူ့ကိုစုံစမ်းဖို့ချဉ်းကပ်လာတဲ့ ဘက်တီ (Tilda Swinton) ကတော့ သူ့ကိုရိုင်လီလို့ခေါ်တယ်။ လက်ရှိမှာ ဟိုတယ်ခအကြွေးတွေပုံနေပြီး လောင်းကစားလုပ်စရာပိုက်ဆံပါ မရှိတော့တဲ့ ဒွိုင်းလ်ကို တောက်မိန် (Fala Chen)ဆိုတဲ့ ကာစီနိုဝန်ထမ်းက ငွေတိုးချေးပေးဖို့ကမ်းလှမ်းလာတယ်။ သူမကတော့ ဒွိုင်းလ်ကို လမ်းပျောက်နေတဲ့ ဝိညာဉ်တဲ့။ သူ့ကိုယ်သူ လောင်းကစားစွဲနေသူ မဟုတ်ဘူးလို့ ဒွိုင်းလ်က အမြဲပြောလေ့ရှိတယ်။ တစ်ချိန်လုံး လောင်းကစားဝိုင်းမှာရှုံးနေပေမဲ့လည်း ကံဆိုးခြင်းတွေပြီးရင် ကံကောင်းခြင်းက ရောက်လာမှာလို့ သူက အသေအချာကို ယုံကြည်နေတာပေါ့။ အံ့ဖွယ်ဖြစ်ရပ်တွေရဲ့မြို့တော် မကာအိုမှာ ဒွိုင်းလ်တစ်ယောက် သူယုံကြည်တဲ့အတိုင်း ဖြစ်လာပါ့မလား... “သခင်တစ်ယောက်က သူ့ကတိကိုအမြဲတည်တယ်”လို့ ပြောခဲ့တဲ့ သူ့စကားကိုရော တည်နိုင်ပါ့မလား... ဒီဇာတ်လမ်းကို Edward Berger က ရိုက်ကူးထားပြီး စာရေးဆရာ Lawrence Osborneရဲ့ ၂၀၁၄မှာ ထုတ်ဝေခဲ့တဲ့ နာမည်တူဝတ္ထု "The Ballad of a Small Player"အပေါ်မှာ အခြေခံထားပါတယ်။
Review Crd