Backrooms (2026)
1080p 

Backrooms (2026)

Backrooms MMSUBMay. 27, 2026United States111 Min.R
Your rating: 0
7 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
Backrooms (2026) MMSUB
++++++++++++

IMDb Rating (7.0) / Rotten Tomatoes (87%)

အင်တာနက်ပေါ်က နာမည်ကြီး Creepypasta နဲ့ YouTube ဗီဒီယိုတွေကနေတစ်ဆင့် အခုဆို A24 ရဲ့ ရုံတင်ဇာတ်ကားကြီးဖြစ်လာတဲ့ Backrooms လာပါပြီ။ 

ဒီကားက A24 ရဲ့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်သွားပြီး ကမ္ဘာတစ်ဝန်းကနေ ဒေါ်လာ ၃၆၈ သန်းကျော် ရှာပေးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း
++++++++++
ဇာတ်လမ်းက ပရိဘောဂ အရောင်းပြခန်းတစ်ခုရဲ့ မြေအောက်ခန်းမှာ ထူးဆန်းတဲ့ တံခါးပေါက်တစ်ခု ပေါ်လာရာကနေ စတာပဲ။ Liminal space လို့ခေါ်တဲ့ အဆုံးမရှိသလိုဖြစ်နေတဲ့ အဝါရောင်အခန်းတွေ၊

မီးချောင်းသံ တဝီဝီမြည်နေတဲ့ နေရာတွေဆီကို ရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုထိတ်လန့်စရာတွေ ကြုံရမလဲဆိုတာကို Found footage (တကယ့်ဗီဒီယိုမှတ်တမ်းဟောင်းလေးတွေ ပြန်တွေ့တဲ့ပုံစံ) နဲ့

ရိုက်ပြထားတဲ့ Sci-fi Psychological Horror ကားကောင်းတစ်ကားပါ။ ခေါင်းဆောင်မင်းသား ချီဝတယ် အီဂျီယိုဖော် (Chiwetel Ejiofor) နဲ့ မင်းသမီး ရီနိတ် ရိန်းစ်ဗီ (Renate Reinsve) တို့ အဓိက ပါဝင်ထားတယ်။

ဒီအခန်းတွေအကြောင်းကိုလည်း အင်တာနက်မှာ မျိုးစုံဆွေးနွေးနေကြပေမဲ့ အဖြေအတိအကျကိုတော့ မပေးထားခဲ့ပါဘူး။

၁။ The Simulation/Glitch Theory (ကမ္ဘာကြီးဟာ Simulation တစ်ခုသာဖြစ်တယ်)

ဒီသီဝရီက အစောဆုံးနဲ့ လူသိအများဆုံးပဲ။ အခြေခံကတော့ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ကွန်ပျူတာ ဂိမ်းတစ်ခုလိုပဲ Simulation အကြီးကြီးတစ်ခုပေါ့။ ဂိမ်းတွေမှာ ဇာတ်ကောင်တွေက နံရံကိုဖောက်ပြီး (Noclip) ထွက်သွားမိရင် ပရိုဂရမ်မရေးထားတဲ့ လွတ်နေတဲ့ နေရာတွေဆီ ရောက်သွားတတ်တယ်မလား။ အဲဒီလိုပဲ လူတွေကလည်း ကမ္ဘာကြီးရဲ့ Glitch (ချို့ယွင်းချက်) တစ်ခုခုကြောင့် လက်တွေ့ဘဝကနေ ကျွံကျသွားပြီး Backrooms ဆိုတဲ့ နေရာလွတ်ကြီးထဲ ရောက်သွားတာလို့ ဆိုကြပါတယ်။

၂။ The Async Experiment Theory (Async အဖွဲ့အစည်းရဲ့ စမ်းသပ်မှု)

ဒါကတော့ ဒါရိုက်တာ Kane Pixels ရဲ့ YouTube ဇာတ်လမ်းတွေနဲ့ A24 ရုပ်ရှင်ထဲက အဓိက သီဝရီပေါ့။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက Async ဆိုတဲ့ သုတေသနအဖွဲ့အစည်းတစ်ခုက လူဦးရေတိုးလာတာနဲ့ နေရာထိုင်ခင်း မလောက်ငှတဲ့ ပြဿနာကို ဖြေရှင်းဖို့ သံလိုက်သံလိုက်စက်ကွင်း (Magnetic Fields) တွေ၊ Threshold နည်းပညာတွေသုံးပြီး အဆုံးမရှိတဲ့ နေရာလွတ်တစ်ခုကို ဖန်တီး/ရှာဖွေဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီကနေ အမှားအယွင်းဖြစ်ပြီး Dimension (ဘက်မြင်) အသစ်တစ်ခု ပွင့်သွားရာကနေ Backrooms ကြီး ဖြစ်လာတာ (သို့မဟုတ်) အဲဒီနေရာကြီးနဲ့ ချိတ်ဆက်မိသွားတာလို့ ဆိုတယ်။

၃။ The Hive Mind / Memory Mirror Theory (လူတွေရဲ့ မှတ်ဉာဏ်ကနေ ပုံဖော်ထားတဲ့နေရာ)

ဒီသီဝရီက တော်တော်လေး စိတ်ဝင်စားဖို့ကောင်ပါးတယ်။ Backrooms ကြီးက အစတုန်းက ဘာမှမရှိတဲ့ နေရာလွတ်ကြီးပဲ ဒါပေမဲ့ အဲဒီထဲကို ရောက်လာတဲ့ လူတွေရဲ့ စိတ်၊ မှတ်ဉာဏ်၊ ကြောက်ရွံ့မှုတွေကို စုပ်ယူပြီး ပတ်ဝန်းကျင်ကို ပုံဖော်လိုက်တာလို့ ဆိုပါတယ်။

ဥပမာ - ရုံးခန်းအဟောင်းတွေ၊ ကော်ဇောအဝါရောင်တွေ၊ ဟိုတယ်စင်္ကြံလမ်းတွေဆိုတာ လူတွေရဲ့ စိတ်ထဲကရင်းနှီးနေတဲ့ နေရာ (Liminal Spaces) တွေကို Backrooms က အတုခိုးပြီး တည်ဆောက်ထားတာပေါ့။
 တချို့သီဝရီတွေမှာဆိုရင် အဲဒီအထဲက သတ္တဝါ (Entities / Still Lifes) တွေဟာ တကယ့် သရဲတစ္ဆေတွေမဟုတ်ဘဲ၊ လူသားတွေကို အတုခိုးဖို့ ကြိုးစားရင်း ပုံစံပျက်သွားတဲ့ အရာတွေလို့တောင် ဆိုကြတယ်။

၄။ The Time Distortion Theory (အချိန်တွေ ကမောက်ကမဖြစ်နေတဲ့နေရာ)
Backrooms ထဲမှာ အချိန်ဆိုတာ လက်တွေ့ကမ္ဘာလို မသွားဘူးလို့ ဆိုကြတယ်။ အထဲရောက်သွားတဲ့သူတွေဟာ အပြင်မှာ ရက်ပိုင်းပဲကြာပေမဲ့ အထဲမှာ နှစ်ပေါင်းများစွာ ကြာသွားသလို ခံစားရနိုင်တယ်။ ဒါကြောင့်လည်း တချို့ဗီဒီယိုတွေထဲမှာ ပုပ်သိုးဆွေးမြည့်နေတဲ့ အလောင်းတွေတွေ့ရပေမဲ့၊ သူတို့ပျောက်သွားတာ သိပ်မကြာသေးတာမျိုးတွေ တွေ့ရတာပေါ့။ အချိန်နဲ့ နေရာ (Space-time) ကြီးက လုံးဝလည်ထွက်နေတဲ့ နေရာကြီးလို့ ယုံကြည်ကြတယ်။

ဒီအထဲက ဘယ်သီဝရီက အမှန်လဲဆိုတာတော့ တိတိကျကျ မရှိသေးပါဘူး။ ကြည့်တဲ့သူတွေဘက်က ကိုယ်ယုံကြည်သလို တွေးလို့ရအောင် ဖွင့်ပေးထားတဲ့ သဘောမျိုးပါ။

ဒီရုပ်ရှင်မှာ ဆုတွေအနေနဲ့ဆိုရင်-
Astra Midseason Movie Awards မှာ အကောင်းဆုံးဇာတ်ကား (Best Picture)၊ အကောင်းဆုံးဒါရိုက်တာ (Best Director)၊ အကောင်းဆုံးမင်းသား၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီး ဆုတွေအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး၊

အကောင်းဆုံး ထိတ်လန့်ဖွယ်ရာဇာတ်ကား (Best Horror) မှာတော့ ဒုတိယ (Runner-up) ရခဲ့တယ်။ Fangoria Chainsaw Awards မှာလည်း အကောင်းဆုံးရုံတင်ကား (Best Wide Release) ကစလို့

အကောင်းဆုံး Cinematography၊ အကောင်းဆုံး Score နဲ့ အကောင်းဆုံး Creature FX စတဲ့ ဆုတွေအများကြီးအတွက် ဆန်ကာတင်စာရင်း ဝင်ထားပါသေးတယ်။

 ဒါရိုက်တာ ကိန်း ပါဆင် (Kane Parsons) က အမေရိကန် Box Office မှာ နံပါတ် ၁ နေရာကို ရောက်ဖူးတဲ့ အသက်အငယ်ဆုံး ရုပ်ရှင်ဖန်တီးရှင် ဖြစ်လာပါတယ်။

သူက အသက် ၁၆ နှစ်အရွယ်တည်းက Blender နဲ့ After Effects သုံးပြီး YouTube မှာ Backrooms ဗီဒီယိုလေးတွေကို စလုပ်ခဲ့တာပါ။
ရိုက်ကူးရေးစလုပ်တုန်းက လူမသိအောင် "Effigy" ဆိုတဲ့ နာမည်ဝှက်နဲ့ ရိုက်ခဲ့ကြတာပါ။
Sound stage ၄ ခုကို ပေါင်းပြီး စတုရန်းပေ ၃ သောင်းကျော်ကျယ်တဲ့ set အစစ်ကြီး ဆောက်ပြီး ရိုက်ခဲ့တာပါ။ အရမ်းကျယ်ပြီး ရှုပ်ထွေးလွန်းလို့ ရိုက်ကူးရေးအဖွဲ့သားတွေတောင် လမ်းခဏခဏ ပျောက်ကြတယ်ပြောပါတယ်။

ရုပ်ရှင်ထဲက CCTV မှာ ပြထားတဲ့ ရက်စွဲက ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်နေ့ပါ။ ပြီးတော့ အရင် YouTube မှာ နာမည်ကြီးခဲ့တဲ့ Async အဖွဲ့အစည်းနဲ့ ဇာတ်ကောင် Clark အကြောင်းတွေကိုလည်း

ပရိသတ်တွေ သဘောကျအောင် အချိတ်အဆက်မိမိ ထည့်ပေးထားပါတယ်။

Review Crd

Original title Backrooms
IMDb Rating 7.0 104,719 votes
TMDb Rating 6.818 1,011 votes

Video Sources 120 Views

  • Watch trailer
  • Mega

Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)
Backrooms (2026)

Similar titles

The Sheep Detectives (2026)
Kingdom of the Planet of the Apes (2024)
Dust Bunny (2025)
The Unholy (2021)
Prey (2022)
A Quiet Place (2018)
Bugonia (2025)
The Witch: Part 2. The Other One (2022)
Great White (2021)
Brick (2025)
Injustice (2021)
Ant-Man and the Wasp: Quantumania (2023)