American Hustle (2013)
1080p BLURAY

American Hustle (2013)

Everyone Hustles To SurviveDec. 03, 2013United States138 Min.R
Your rating: 0
8 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

American Hustle (2013)

ဒီတစ်ခါတော့ အကယ်ဒီမှာ မင်းသားဆု၊ ဇာတ်ပို့အမျိုးသား၊ အမျိုးသမီးဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆု တွေ စကာတင်စာရင်းဝင်ခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆုမှာ
မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု ရခဲ့တဲ့ American Hustle နဲ့မိတ်ဆက်ပေးချင်ပါတယ်။

လက်ရှိခေတ်ရဲ့ နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Christian Bale (The Dark Knight) နဲ့ Bradley Cooper (Hangover) တို့ခေါင်းဆောင်ပါဝင်ထားပြီး
အကယ်ဒမီဆုရှင် Jennifer Lawrence (Hunger Game) နဲ့ Amy Adam (Men Of Steel) တို့ ကလည်း မင်းသားနှစ်ယောက်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။
Jeremy Renner (The Bourne Lagecy) ကလည်း New Jersey ရဲ့ မြို့တော်ဝန် အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းက မင်းသား Christian Bale က Con-man (အယောင်ဆောင်လူလိမ်) တစ်ယောက်ဖြစ်ပြီး Amy Adam က သူနဲ့ လုပ်ဖော်ကိုင်ဖက်
(လိမ်ဖော်လိမ်ဖက်ဖြစ်သလို)၊ သူနဲ့ မေတ္တာသက်ဝင်နေပါတယ်။ ဒါပေမယ့် Christian Bale က စိတ်ဖောက်ပြားတတ်တဲ့ Jennifer Lawrence နဲ့
လက်ထပ်ထားသလို၊ Jennifer Lawrence ရဲ့သားကိုလည်း သူ့သားအရင်းအဖြစ်မွေးစားထားပါတယ်။ Amy Adam ကို ချစ်ပေမယ့် Jennifer ကို လည်း မကွာနိုင်ပါဘူး၊
အကြောင်းကတော့ ကွာလိုက်ရင် Christian Bale က Jennifer ရဲ့ သားကို မတွေ့ရတော့မှဆိုးလို့ပါ။

တစ်နေ့မှာတော့ Bale နဲ့ Amy တို့ကို Bradley Cooper (FBI Agent) က အကွက်ဆင်ဖမ်း လိုက်ပြီးနောက် သူ့အတွက်အလုပ်လုပ်ပေးဖို့ တောင်းဆိုပါတယ်။
Bale နဲ့ Amy က သူတို့လိုပဲ Con Man လေးယောက်ကို ဖမ်းပေးရမှာဖြစ်ပြီး လေးယောက်ဖမ်းပြီးရင် Cooper ကသူတို့ကို လွှတ်ပေးမှာဖြစ်ပါတယ်။
Amy က သူနဲ့အတူတူ ထွက်ပြေးဖို့ပြောပေမယ့် သားဖြစ်သူကို အဆုံးမခံနိုင်တဲ့ Bale က ကူညီပေးဖို့သဘောတူလိုက်ပါတယ်။

တကယ်တမ်း မှာတော့ ရာထူးတက်ချင်တဲ့ Cooper က သာမန် လူလေးယောက်နဲ့တင် မတင်းတိမ်နိုင်ပဲ အစိုးရအရာရှိတွေထဲက ခြစားမှုတွေကိုပါ ဖော်ထုတ်ချင်လာတဲ့အခါမှာတော့ အစိုးရအရာရှိတွေကိုပါ Christian Bale တို့နဲ့ ပေါင်းအကွက်ဆင်ပြီး ဖမ်းဆီးဖို့လုပ်လာပါတယ်။ အဲ့ဒီမှာ သူတို့ရဲ့ ပစ်မှတ်ဖြစ်လာသူကတော့ New Jersey မြို့တော်ဝန် Jeremy Renner ဖြစ်ပါတယ်။ Jeremy က စီးပွားရေး အကြပ်အတည်းကာလမှာ New Jersey မြို့မှာ Gambling ကို တရားဝင် ဖြစ်အောင် လုပ်ပေးပြီး Casino တွေ ဆောက်ကာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာအောင် လုပ်ပေးနေသူ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ တရားဝင်ရော တရားမဝင်နည်းလမ်း ပါ သုံးနေတဲ့သူ့ကို အကွက်ဆင်ပြီး ဖမ်းဖို့ ကူညီပေးရင်းကနေ Christian Bale က မြို့တော်ဝန်ကို သံယောစဉ်ဖြစ်မိသွားပြီး၊ ပြန်ကူညီဖို့ ကြိုးစားပုံ၊ သူကိုယ်တိုင်ရော Amy ရော ဒီအရှုပ်တော်ပုံက လွတ်အောင်၊ သူ့သူငယ်ချင်းဖြစ်သွားတဲ့ Jeremy ကိုပါ အပြစ်ဒဏ်လျော့အောင် ဘယ်လို လုပ်မလည်းဆိုတာကို ရိုက်ကူး တင်ဆက်ထားပါတယ်။

ဒီကားမှာ အစိုးရပိုင်းရဲ့ခြစားမှု၊ စိတ်ကူးကောင်းပေမယ့် မှန်မှန်ကန်ကန် မလုပ်မိတဲ့ မြို့တော်ဝန်တစ်ယောက်အကြောင်း၊ တရားဥပဒေကိုလိုက်နာပေမယ့် နာမည်ကြီးချင်ဇောနဲ့ လုပ်မိသွားတဲ့ FBI အေးဂျင့်၊ သူတို့ကြားမှာ ကြားညပ်သွားတဲ့ လူလိမ်နှစ်ယောက် အပြင်၊ မာဖီးယားဂိုဏ်း တွေ ပါ ပါပြီး ဇာတ်ရှုပ်ကြီးကို မရှုပ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ကားကောင်း တစ်ကားဖြစ်ပါတယ်။ အကယ်ဒီမီဆုရှင် မင်းသားနဲ့ဇာတ်ပို့မင်းသမီးတို့ရဲ့ ထူးခြားတဲ့သူရုပ်ဆောင်မှု၊ အကယ်ဒမီစာရင်းဝင် ဇာတ်ပို့မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့ရဲ့ ကြားက နားလည်မှုရှိရှိ၊ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်သွားတာ ကလည်း ဒီကားကို ပိုပြီးကောင်းစေပါတယ်။ အချစ်၊ဒရမ်မာ ကားကောင်းတစ်ကားဖြစ်သလို၊ လာဘ်စားမှုဆိုရင် Mayor ကအစ Congressman အလယ်၊ Senator အဆုံး အလွတ်မပေးကြောင်းကိုလည်း သတိပေးထားပါတယ်။

အညွှန်းကတော့ ရုပ်ရှင်မိတ်ဆက်မှကူးယူထားပြီးတော့ဘာသာပြန်သူကတော့ Abel ဖြစ်ပါတယ်။

Original title American Hustle
IMDb Rating 7.2 465,535 votes
TMDb Rating 6.8 6,084 votes

Director

Cast

Christian Bale isIrving Rosenfeld
Irving Rosenfeld
Amy Adams isSydney Prosser
Sydney Prosser
Bradley Cooper isRichie DiMaso
Richie DiMaso
Jeremy Renner isCarmine Polito
Carmine Polito
Jennifer Lawrence isRosalyn Rosenfeld
Rosalyn Rosenfeld
Louis C.K. isStoddard Thorsen
Stoddard Thorsen
Jack Huston isPete Musane
Pete Musane
Michael Peña isPaco Hernandez
Paco Hernandez
Shea Whigham isCarl Elway
Carl Elway
Alessandro Nivola isAnthony Amado
Anthony Amado

Video Sources 2351 Views

  • Watch trailer
  • Server 1
  • Server 2

American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)
American Hustle (2013)

Similar titles

Past Lives (2023)
Ip Man: The Awakening (2022)
Causeway (2022)
2037 (2022)
Breathe Again (2022)
The Beekeeper (2024)
Leave the World Behind (2023)
Raging Fire (2021)
Gone with the Wind (1939)
RRR (2022)
Big George Foreman (2023)
Soul (2020)