
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
The Dutchman (2026) IMDb Rating (7.3) / Rotten Tomatoes (59%) Psychological Thriller ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် The Dutchman (2026) အကြောင်း ပြောပြပေးချင်ပါတယ်။ ဒီကားက ၁၉၆၄ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ပြဇာတ်ကို ခေတ်သစ်ပုံစံနဲ့ ပြန်ရိုက်ထားတာဖြစ်ပြီး အဓိက မင်းသားကတော့ Moonlight ထဲက André Holland နဲ့ မင်းသမီးက Kate Mara ပါ။ Zazie Beetz လည်း ပါပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Clay (André Holland) ဆိုတဲ့ လူမည်းအမျိုးသားတစ်ယောက်အကြောင်းပါ။ သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရေးမှာတော့ အဆင်မပြေဘူး။ ဇနီးသည် Kaya (Zazie Beetz) ဖောက်ပြန်တာကို ခံထားရလို့ စိတ်ဒဏ်ရာရနေတဲ့သူပေါ့။ တစ်ရက်ကျတော့ ရထားစီးရင်း Lula (Kate Mara) ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတယ်။ Lula က ရုတ်တရက် ကြည့်ရင်တော့ သာမန် လာပိုးပန်းတဲ့သူလိုလို ရှိပေမဲ့ တကယ်တမ်းကျတော့ Clay ရဲ့ အတွင်းစိတ်တွေ၊ အားနည်းချက်တွေကို ဖောက်မြင်နေသလိုမျိုး ထူးဆန်းနေတယ်။ သူတို့နှစ်ယောက်ရဲ့ ပြောစကားတွေက ရိုးရိုးစကားပြောတာမျိုး မဟုတ်ဘဲ လူမျိုးရေး၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသေချာတဲ့ Identity ပြဿနာတွေကို ထိုးနှက်တိုက်ခိုက်တဲ့ Psychological Game တစ်ခု ဖြစ်လာတယ်။ Lula က တဖြည်းဖြည်းနဲ့ Clay ကို စိတ်ပိုင်းဆိုင်ရာ ကစားလာပြီး အခြေအနေတွေက တင်းမာလာတဲ့အခါ... ဒီတွေ့ဆုံမှုက တိုက်ဆိုင်တာလား၊ ဒါမှမဟုတ် Clay တစ်ယောက် ကွင်းဆက်တစ်ခုထဲမှာ ပိတ်မိနေတာလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားပါ။ André Holland နဲ့ Kate Mara တို့ရဲ့ အပြန်အလှန် စကားလုံးစစ်ထိုးပွဲတွေက တော်တော်လေး အားကောင်းတယ်။ Kate Mara ဆိုရင် ကြည့်ရင်းနဲ့ ကြောက်စရာကောင်းလောက်အောင် သရုပ်ဆောင်ထားတာ တွေ့ရမယ်။ သာမန် Thriller ကားတွေလို သွေးထွက်သံယိုတွေချည်းပဲ မဟုတ်ဘဲ စကားလုံးတွေ၊ အကြည့်တွေနဲ့တင် တော်တော်လေး မွန်းကြပ်စရာကောင်းတဲ့ အခြေအနေကို ဖန်တီးပြထားတယ်။ မူရင်းပြဇာတ်ရဲ့ အငွေ့အသက်ကိုလည်း မပျောက်အောင် ယူထားသလို၊ "Meta" ဆန်ဆန် (ဇာတ်လမ်းထဲက ဇာတ်လမ်း) ပုံစံမျိုးလေးလည်း ထည့်ထားတော့ ကြည့်ရတာ ဆန်းနေမှာပါ။ လူမျိုးရေးခွဲခြားမှုနဲ့ လူ့စိတ်သဘောသဘာဝကို နက်နက်ရှိုင်းရှိုင်း ရိုက်ပြထားတဲ့ Thriller ကားမျိုး ရှာနေရင်တော့ ဒီ Dutchman (2026) ကို စမ်းကြည့်သင့်ပါတယ်။