
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
The Choral (2025) မင်းသားကြီး Ralph Finnes ရဲ့ ဗြိတိသျှ သမိုင်းနောက်ခံ ဒရာမာကားကောင်း တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၆ ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းက အင်္ဂလန်နိုင်ငံ ယော့ရှိုင်းယား မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲကြောင့် မြို့က အမျိုးသားအများစုဟာ စစ်မြေပြင်ကို ရောက်ရှိနေကြပြီး ကျန်ရစ်သူတွေဟာ သောကကိုယ်စီနဲ့ပါ။ ဒီလိုအချိန်မှာ မြို့ဂီတအဖွဲ့ရဲ့ လူကြီးပိုင်းတွေဟာ အဲဒီမြို့လေးရဲ့ သံစုံတီးဝိုင်း ကို ဦးဆောင်ဖို့ ဂျာမနီပြန် ပညာတတ်တစ်ဦးဖြစ်သူ ဒေါက်တာဂူသရီကို တာဝန်ပေးလိုက်ပါတယ်။ ဂျာမနီက ပြန်လာတဲ့သူဖြစ်လို့ လူတွေအသားလွတ်မုန်းတာခံနေရတဲ့ ဒေါက်တာဂူသရီဟာ စစ်ထဲမလိုက်ရသေးတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေနဲ့ အမျိုးသမီးတွေကို စုစည်းပြီး ခက်ခဲတဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုဖြစ်မြောက်အောင် ကြိုးစားပုံကို ရိုက်ကူးထားပုံဖော်ပြထားပါတယ်။
Review Crd