ဇာတ်လမ်းအကျဉ်း
———————-
Symbiotic lifeforms လို့ခေါ်တဲ့ သက်ရှိနှစ်မျိုးကို ကူးပြောင်းပေါင်းစပ်နိုင်တဲ့ သက်ရှိမျိုးစိပ် ၄ ကောင်ကို သယ်ဆောင်လာတဲ့ Life Foundation ရဲ့ ယာဉ်ဟာ Malaysia မှာ ပျက်ကျသွားခဲ့ပြီးနောက် တစ်ကောင်ဟာ လွတ်မြောက်သွားခဲ့တယ် ။ ကျန် ၃ ကောင်ကိုတော့ San Francisco ကို အမှားအယွင်းမရှိသယ်ဆောင်လာခဲ့တယ် ။ Life Foundation ရဲ့ CEO ဖြစ်သူ Carlton Drake ဟာ ဒီ Symbiosis တွေအကြောင်း အတော်ကို စိတ်ဝင်စားနေခဲ့တယ် ။
Eddie Brock ဟာ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး သူနဲ့စေ့စပ်ထားပြီးသားချစ်သူ Anne Weying နဲ့အတူ နေထိုင်နေတာပါ ။ တစ်ရက်မှာ Brook ဟာ Life Foundation ရဲ့ လူသားတွေကို စမ်းသပ်မှုပြုလုပ်နေတဲ့အကြောင်း သွားရောက် မေးမြန်းရင်း Brook နဲ့ Darke တို့ ထိပ်တိုက်ရင်ဆိုင်တွေ့ရပါတော့တယ် ။ အဲဒီနောက် Brook နဲ့ Anne တို့လည်း အလုပ်ပြုတ်ခဲ့ရပြီး နှစ်ဦးသားလမ်းခွဲခဲ့ရပါတော့တယ် ။
၆လကြာပြီးတဲ့နောက် Darke ဟာ ဒီ Symbiosis အကြောင်းအတော်ကလေးလေ့လာသိရှိလာပါတယ် ။ ဒါပေမဲ့ Dora Skirth ဆိုတဲ့ Darke ရဲ့ သိပ္ပံပညာရှင်တစ်ယောက်က Darke ရဲ့ နည်းလမ်းတွေကို သိပ်မနှစ်မြို့ပါဘူး ။ ဒီလိုနဲ့ သူမဟာ Brook ကို Life Foundation ကို တိတ်တဆိတ်ခေါ်သွားပြီး Life Foundation လုပ်ဆောင်နေတာတွေကို ဖော်ထုတ်ဖို့ ကူညီခဲ့ပါတယ် ။
ဒီလိုနဲ့ Brook ဟာ Life Foundation ရဲ့ လုပ်ဆောင်ချက်တွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီးတဲ့နောက် Darke ရဲ့ စမ်းသပ်ခံလူတစ်ယောက်ဖြစ်တဲ့ Maria ကို လွတ်မြောက်အောင်လုပ်လိုက်တဲ့အခါ Maria ဟာ Brook ကို တိုက်ခိုက်ခဲ့ပြီး Maria ခန္ဓာကိုယ်ထဲက Symbosis ဟာ Brook ခန္ဓာကိုယ်ထဲ ကူးပြောင်းသွားပြီးတဲ့နောက် …..
ရုပ်ရှင်အညွှန်းအား Movie Short Review facebook page မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။