ဗီယက်နမ်စစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ Documentary Video လေးတစ်ခုအကြောင်း ပြောချင်ပါတယ်။ အပိုင်း ၁၀ပိုင်းပါဝင်ပြီး ကြာမြင့်ချိန် ၁၀၃၅ မိနစ် (၁၇နာရီခွဲ) လောက်ရှိတဲ့ ဒီ Documentary လေးရဲ့ နာမည်ကတော့ The Vietnam War လို့ အမည်ရပါတယ်။
ဒီ Documentary Video ကို ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တာပါ။ ဖန်တီးသူတွေရဲ့ အဆိုအရ ဒီ Documentary Video ကိုဖန်တီးဖို့ ဒေါ်လာ သန်းသုံးဆယ်လောက် ကုန်ကျခဲ့သလို အချိန်အားဖြင့်လည်း ဆယ်နှစ်လောက် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖန်တီးသူတွေအနေနဲ့ ဒီ Documentary ကို တည်ဆောက်ဖို့အတွက် မှတ်တမ်းဓာတ်ပုံပေါင်း ၂၄၀၀၀၀ကျော်နဲ့ ရုပ်သံမှတ်တမ်း ကြာမြင့်ချိန်စုစုပေါင်း နာရီ ၁၇၀၀ လောက်ကို ပြန်လည်စိစစ်ပြီးတော့မှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီ Documentary ထဲမှာ ဗီယက်နမ်စစ်ကြီး ဖြစ်ပေါ်လာခဲ့ရတဲ့ အကြောင်းရင်း၊ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ် ပိုင်းခြားခဲ့ရတဲ့ အကြောင်းရင်း၊ အမေရိကန်ပါဝင်ပတ်သက်လာခဲ့ပုံ၊ အမေရိကန်တို့ ဘာအတွက် ဗီယက်နမ်ကို လက်မလွတ်နိုင် ဖြစ်ခဲ့ရတာလဲ၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကရော ဘယ်လိုပါဝင်ပတ်သက်ခဲ့လဲ၊ စစ်ပွဲအတွင်းမှာ နှစ်ဖက်တပ်တွေ ဘယ်လိုရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြသလဲ၊ ဒီစစ်ပွဲကို အမေရိကန်တွေက ဘယ်လိုသဘောထားလဲ၊ ဒီစစ်ပွဲကြောင့် အမေရိကန်နိုင်ငံရေးမှာ ဘာတွေအကျိုးသက်ရောက်မှုရှိခဲ့လဲ၊ စစ်ပွဲကြီး အဆုံးသတ်ဖို့ ဘယ်လိုအကြောင်းဖန်လာခဲ့သလဲ၊ အဆုံးသတ်မှာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသလဲဆိုတဲ့ သမိုင်းအကြောင်းအရာတွေကို ရှားပါးဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ကြည့်ရှုရမှာပါ။
သမိုင်းကြောင်းအဖြစ်အပျက်တွေကို မြင်ကွင်းကျယ်ကျယ်နဲ့ သိရှိခံစားနိုင်စေဖို့အတွက််လဲ ပါဝင်ပတ်သက်ခဲ့သူတွေရဲ့ ဆွေးနွေးမှုအချို့ကိုလဲ ထည့်ပေးထားပါသေးတယ်။ ပုံမှန် Documentary တွေနဲ့မတူတာက ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီစစ်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ဖူးတဲ့လူတွေကိုပဲ တွေ့ဆုံဆွေးနွေးထားတာပါ။ စစ်ပွဲကို ရူမြင်ပုံပိုင်းမှာလဲ မျှတစေဖို့ နှစ်ဘက်လုံးက အမြင်တွေကို အချိုးညီညီ ထည့်သွင်းထားပါတယ်။
ဒီ Documentary ရဲ့ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ နောက်ခံတေးသီချင်း အသုံးပြုမှု ဖြစ်ပါတယ်။ Documentary ရဲ့ တည်ထားတဲ့ ဇာတ်အိမ်အလိုက် အလျဉ်းသင့်တဲ့ နောက်ခံသီချင်းတွေကို အသုံးပြုထားတာကို တွေ့မြင်ရမှာပါ။ သီချင်းရွေးချယ်မှုအပိုင်းမှာလဲ ဗီယက်နမ်စစ်ပွဲကာလမှာ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းတွေကို အသုံးပြုထားပြီးတော့ သီချင်းအပုဒ်ရေ ၁၂၀ လောက်သုံးထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဒီ Documentary ကိုကြည့်ရတာ ဗီယက်နမ်စစ်ပွဲကာလကို ပြန်ရောက်သွားတဲ့ ခံစားချက်မျိုး ရရှိခံစားရစေမှာပါ။
ဗီယက်နမ်စစ်ပွဲလို့ဆိုရင် “အမေရိကန်နဲ့ ဗီယက်နမ်တွေ တိုက်ကြတာလေ၊ အမေရိကန်ကြီး ရှုံးသွားတာပေါ့” လို့ လူတော်တော်များများက ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် ဒီစစ်ကြီး ဖြစ်ခဲ့ရတာလဲ၊ ဘာတွေကြောင့် ဒီစစ်ပွဲကြီးဟာ ကြာရှည်ခဲ့ရတာလဲ၊ ဘာကြောင့် အမေရိကန်က နိုင်အောင်မတိုက်နိုင်ခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေကိုတော့ ဖြေနိုင်ဖို့တော့ နည်းနည်းခက်မယ်ထင်ပါတယ်။ အခုပြောခဲ့တဲ့ Documentary ကိုကြည့်မယ်ဆိုရင်တော့ ဒီအကြောင်းအရာတွေကို နားလည်သွားမှာဖြစ်သလို အခုအချိန်အထိ လွှမ်းမိုးနေဆဲဖြစ်တဲ့ အဲဒီအချိန်တုန်းက နိုင်ငံရေးအခင်းအကျင်းနဲ့ အမေရိကန်နိုင်ငံ အသုံးပြုတတ်တဲ့ နည်းလမ်းအချို့ကို မြင်တွေ့ရမှာပါ။
ဒီ Documentary ကို ကျွန်တော့်ရဲ့အကောင်းဆုံးဘာသာပြန်တင်ဆက်မှုနဲ့အတူ BS မှာ ယခုပင်ကြည့်ရှုခံစားနိုင်ပါပြီ…
အညွှန်းနဲ့ဘာသာပြန်သူကြီးကတော့ BS ရဲ့ စစ်နဲ့ပက်သက်ရင်ဆရာကြီးတစ်ပါးဖြစ်တဲ့ ကိုဥက္ကာကျော်ကြီးကဘာသာပြန်တင်ဆက်ပေးထားပါတယ်။
#The_Vietnam_War
#Okkar_Kyaw
Part 1 (1.28 GB)
GDrive OneDrive Mediafire
Part 2 (1.3 GB)
GDrive OneDrive Mediafire
Part 3 (1.79 GB)
GDrive One Drive Mediafire
Part 4 (1.76 GB)
GDrive One Drive Mediafire
Part 5 (1.32 GB)
GDrive One Drive Mediafire
Part 6 (1.3 GB)
GDrive One Drive Mediafire
Part 7 (1.68 GB)
GDrive One Drive Mediafire
Part 8 (1.7 GB)
GDrive One Drive Mediafire
Part 9 (1.7 GB)
GDrive One Drive Mediafire
Part 10 (1.68 GB)
GDrive One Drive Mediafire
———————————————– END ———————————————–