အီဂျီမဲ လို့ လူသိများပြီး ပန်းချယ်ရီကလဲ့စား နာမည်ဖြင့် ကိုတွေ ငယ်ငယ်တုန်းက မြဝတီ မှာ လွှင့်ခဲ့ဖူးပါတယ် … အီဂျီမဲ လို့ဆိုလိုက်ရင်တော့ Korean Drama Crazy တွေအတွက် သိပ်စိမ်းမယ်မထင်ပါဘူး … ဒါပေမဲ့လဲ မကြည့်ရသေးတဲ့သူတွေအတွက်ရော ထွက်ထားတာကြာပြီမို့လို့ ပြန်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ရော နန်းတွင်းကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ရော ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် …
အီဂျီမဲ ဆိုတာကတော့ သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး Lee Joon-gi က ဇာတ်ဆောင်မင်းသားအနေနဲ့ ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ် … ဒီဇာတ်လမ်းထဲမှာ ယုံယီ ( Lee Joon-gi ) ဟာ သူ့မိသားစုနဲ့ သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်း ပြသနာ လိုက်ရှာနေတဲ့ အရှုပ်ထုတ်လေးတစ်ယောက်လို ဖြစ်နေပေမဲ့ တကယ့်တကယ်တော့ သူ့မှာ လျှို့ဝှက်ထားတဲ့ သရုပ်မှန်တစ်ခုရှိနေပါတယ် … ဒါကတော့ ချမ်းသာကြွယ်ဝပြီး လူမဆန်တဲ့သူတွေဆီက စည်းစိမ်ဥစ္စာတွေကို လိုက်ခိုးယူပြီး ဆင်းရဲနွမ်းပါးတဲ့သူတွေကို ပြန်ပေးတဲ့ အီဂျီမဲဆိုတဲ့ မျက်နှာဖုံးတပ် သူရဲကောင်းပဲဖြစ်ပါတယ် … ဒါပေမဲ့လဲ ကိုရီးယားနန်းတွင်းကားတွေရဲ့ ထုံးစံအတိုင်း ထင်သလောက်တော့ မရိုးရှင်းပါဘူး … သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့တဲ့ သူ့အဖေရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်ကို ပြန်လည်ဖော်ထုတ်ဖို့ကြိုးစားနေတာဖြစ်ပြီး လူတွေကိုကူညီတာကတော့ စေတနာသက်သက်ပဲဖြစ်ပါတယ် …
အီဂျီမဲဟာ ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အောင်မြင်မှုတွေအများကြီးရရှိခဲ့တာဖြစ်ပါတယ် … ကိုယ်တိုင်လဲ နန်းတွင်းရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့ပေမဲ့ ဒီရုပ်ရှင်ကတော့ တော်တော်ရှေးကျတယ်လို့ ပြောလို့ရပါတယ် … ပုံမှန်အားဖြင့် သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်တွေဟာ အချိန်တွေအကြာကြီးဆွဲကြည့်ရတာကြောင့် တော်ရုံတန်ရုံမကြည့်ဖြစ်ကြပေမဲ့ ဒီ အီဂျီမဲဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်ကိုပံုဖော်ထားတာကြောင့် ကြည့်ရတာ ပျင်းရိချိန်တောင် မရပါဘူး … ဟာသရော အချစ် အလွမ်းတွေပါ ပါဝင်ပြီး အက်ရှင်ကြိုက်တဲ့သူတွေအတွက်ပါ အဆင်ပြေတာမို့ ကြည့်သင့်တဲ့ကားလေးတစ်ကားလို့ ညွှန်းဆိုပေးချင်ပါတယ် …
အဓိက သရုပ်ဆောင်တွေဖြစ် အမျိုးသမီးထုကြီးရဲ့ အသဲစွဲဖြစ်တဲ့ Lee Joon-gi နှင့်အတူ W-Two Worlds ဇာတ်လမ်းထဲမှ မင်းသမီး Han Hyo-joo တို့က တွဲဖက် ပါဝင်ထားပါတယ် …
Rating အနေနဲ့ကြည့်မယ်ဆိုရင် IMDb မှာ 8.2/10 နှင့် MyDramaList မှာ 8.5/10 အသီးသီး ရရှိထားတဲ့ Rating မြင့် Korea ဇာတ်လမ်းတွဲတစ်ပုဒ်ပါ …
Review Credit to MMAsian TV
ယခု Iljimae ဇာတ်လမ်းတွဲကိုတော့ Yangon Movie Store မှ စာဖိုင်ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်
Yangon Movie Store ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်
Episode 1 (1.1 GB)
GDrive Onedrive Mega
Episode 2 (1.1 GB)
GDrive Onedrive Mega
Episode 3 (1 GB)
GDrive Onedrive Mega
Episode 4 (1 GB)
GDrive Onedrive Mega
Episode 5 (953 MB)
GDrive Onedrive Mega
Episode 6 (942 MB)
GDrive Onedrive Mega
Episode 7 (1.1 GB)
GDrive Onedrive Mega
Episode 8 (995 MB)
GDrive Onedrive Mega
Episode 9 (927.2 MB)
GDrive Onedrive Mega
Episode 10 (876 MB)
GDrive Onedrive Mega
Episode 11 (906 MB)
GDrive Onedrive Mega
Episode 12 (931 MB)
GDrive Onedrive Mega
Episode 13 (881 MB)
GDrive Onedrive Mega
Episode 14 (936 MB)
GDrive Onedrive Mega
Episode 15 (1 GB)
GDrive Onedrive Mega
Episode 16 (1.01 GB)
GDrive Onedrive Mega
Episode 17 (1.02 GB)
GDrive Onedrive Mega
Episode 18 (1.01 GB)
GDrive Onedrive Mega
Episode 19 (975 MB)
GDrive Onedrive Mega
Episode 20 (1 GB)
GDrive Onedrive Mega
————————————————- Complete ————————————————-