Burmese Subtitle

War & Politics

Generation Kill (2008) 8
Generation Kill (2008) ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ် နာမည်ရခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အဲဒီကာလတွေနောက်ပိုင်းမှာ ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားဒေသက ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ်နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်ကပြခဲ့ပါတယ်။ ဒီဇာတ်ထုပ်တွေမှာ မင်းသားကြီးအမေရိကန်ဟာ အောင်ဖျာလိပ်လို့ ပြန်ခဲ့ရပြီး ရည်မှန်းချက်တွေ အောင်မြင်သလို ဟန်ဆောင်ခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ပြန်ဖာထေးလို့မရတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ရင်း ကြီးပြင်းလာခဲ့ရတဲ့ နောက်မျိုးဆက်တွေဟာ အဘိုးတွေ အဖေတွေ ပုခုံးပြောင်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြဖို့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့ကြတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အကြောင်းရင်းခိုင်လုံမှုမရှိတဲ့ စစ်ပွဲတွေကို ဆင်နွှဲကြရပါတယ်။ ဒီစစ်ကြီးတွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ မျိုးဆက်သစ်စစ်သည်တွေဟာ သူတို့ရင်ဆိုင်လာရတဲ့ အနေအထား၊ သူတို့တိုက်နေရတဲ့စစ်ဟာ သူတို့အဘိုးတွေ၊ သူတို့အဖေတွေခေတ်တုန်းကလို မဟုတ်တော့တာကို သတိထားမိလာကြပါတယ်။ နိုင်ငံရေးလှည့်ကွက်တွေအကြားမှာ ...
8
TMDb: 8/10 221 votes
tv

Generation Kill (2008)

2008
Apocalypse: The Rise of Hitler (2011) 8
Apocalypse: The Rise of Hitler (2011) Documentary စီးရီးတစ်ခုဖြစ်တဲ့ Apocalypse Series ထဲက အပိုင်းနှစ်ပိုင်းပါတဲ့ ဟစ်တလာဆိုတဲ့ Documentary ဖိုင်ကို တင်ပေးချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်းကို ပြောကြမယ်ဆိုရင် ဟစ်တလာနဲ့ နာဇီပါတီဟာ ချန်ထားခဲ့လို့မရတဲ့ အကြောင်းချင်းရာတွေ ဖြစ်မှာပါ။ ဟစ်တလာဟာ ဆိုးယုတ်တယ်ပြောပြော မိုက်မဲတယ်ပြောပြော နိုင်ငံတစ်နိုင်ငံကို ပြန်လည်စုစည်းပြီး တစ်ကမ္ဘာလုံးကို ဖိန့်ဖိန့်တုန်အောင် လုပ်ပြနိုင်ခဲ့တာကိုတော့ လက်ခံကြရမှာပါ။ ဒီ Documentary ဖိုင်မှာ ဟစ်တလာရဲ့ ငယ်ဘဝကစပြီး ဂျာမနီနိုင်ငံရဲ့ အဓိပတိဖြစ်လာခဲ့ချိန်အထိ ဘဝဇာတ်ကြောင်း၊ သူ့ရဲ့အတွေးအခေါ်ပိုင်း ပြောင်းလဲလာအောင် ရိုက်ခတ်ပေးခဲ့တဲ့ နောက်ခံနိုင်ငံရေးသမိုင်းကြောင်းတွေ၊ သူ့ရဲ့နာမည်ကျော် မိန့်ခွန်းပြောဟန်တွေကို ရှားပါးရုပ်သံမှတ်တမ်းတွေ၊ ရှားပါးဓာတ်ပုံတွေအနေနဲ့ မြင်တွေ့ရမှာပါ။ ဒီ Documentary ဖွဲ့စည်းပုံမှာ တစ်ခုပြောစရာရှိတာက အမြင်ဖြစ်ပါတယ်။ စစ်နိုင်သူတို့ရဲ့အမြင်နဲ့ တည်ဆောက်ပုံဖော်ထားတဲ့ ဟစ်တလာနဲ့ နာဇီပါတီတို့ရဲ့ပုံရိပ်ဟာ အနည်းနဲ့အများတော့ ကျဉ်းမြောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လဲ သမိုင်းကိုလေ့လာချင်သူတွေ၊ နာဇီဂျာမနီအကြောင်းကို စိတ်ဝင်စားသူတွေအတွက်တော့ ဒီ Documentary ဟာ မဖြစ်မနေ ...
8
TMDb: 8/10 21 votes
tv

Apocalypse: The Rise of Hitler (2011)

2011
The Vietnam War (2017) 8.4
The Vietnam War (2017) ဗီယက်နမ်စစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ Documentary Video လေးတစ်ခုအကြောင်း ပြောချင်ပါတယ်။ အပိုင်း ၁၀ပိုင်းပါဝင်ပြီး ကြာမြင့်ချိန် ၁၀၃၅ မိနစ် (၁၇နာရီခွဲ) လောက်ရှိတဲ့ ဒီ Documentary လေးရဲ့ နာမည်ကတော့ The Vietnam War လို့ အမည်ရပါတယ်။ ဒီ Documentary Video ကို ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တာပါ။ ဖန်တီးသူတွေရဲ့ အဆိုအရ ဒီ Documentary Video ကိုဖန်တီးဖို့ ဒေါ်လာ သန်းသုံးဆယ်လောက် ကုန်ကျခဲ့သလို အချိန်အားဖြင့်လည်း ဆယ်နှစ်လောက် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖန်တီးသူတွေအနေနဲ့ ဒီ Documentary ကို တည်ဆောက်ဖို့အတွက် မှတ်တမ်းဓာတ်ပုံပေါင်း ၂၄၀၀၀၀ကျော်နဲ့ ရုပ်သံမှတ်တမ်း ကြာမြင့်ချိန်စုစုပေါင်း နာရီ ၁၇၀၀ လောက်ကို ပြန်လည်စိစစ်ပြီးတော့မှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Documentary ထဲမှာ ဗီယက်နမ်စစ်ကြီး ဖြစ်ပေါ်လာခဲ့ရတဲ့ ...
8.4
TMDb: 8.4/10 56 votes
tv

The Vietnam War (2017)

2017
Band of Brothers (2001) 8.2
Band of Brothers (2001) [Unicode] Stephen Ambrose က ရေးသားထားတဲ့ ဝတ္ထုကိုအခြေခံပြီး HBO က တင်ဆက်ထားတဲ့ Band of Brothers ကတော့ တပ်ရင်း 506 ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ 101 တပ်ခွဲက စစ်သားတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် အပိုင်း ၁၀ ပိုင်းသာပါဝင်ပေမယ့် စစ်ရဲ့အငွေ့အသက်နဲ့ အနိဌာရုံတို့ကိုပါ မြင်တွေ့ရမယ့်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် IMDb 9.5 နဲ့ Rt 94% ရထားတဲ့အတွက် rating ကောင်းမှကြည့်မယ်ဆိုသူတွေအတွက်လည်း အဆင်ပြေမှာ သေချာပါတယ် အသက်ရှင်ကျန်ရစ်တဲ့စစ်သားတို့ရဲ့ အဖြစ်အပျက်တွေကိုဖြေကြားပုံတွေ သူတို့စာတွေ ဂျာနယ်တွေကနေ တဆင့် အခြေခံထားတဲ့ ဒီကားလေးကို ဖန်တီးသူတွေထဲမှာ ဒါရိုက်တာ Steven Spielberg နဲ့ မင်းသားကြီး Tom Hanks တို့လည်းပါဝင်ထားတာ ဖြစ်ပါတယ် Spielberg နဲ့ Tom Hanks ဆိုတာနဲ့ Saving Private Ryans ဆိုတဲ့ စစ်ကားကောင်းကို သတိရသွားလိမ့်မယ်လို့ထင်ပါတယ် ယခုကားကလည်း သူတို့တွေဖန်တီးထားတာဖြစ်တဲ့အတွက် BS ပရိသတ်တွေကို ...
8.2
TMDb: 8.2/10 1483 votes
tv

Band of Brothers (2001)

2001
SIX Season 1 7
SIX Season 1 ဒီ TV Series လေးကို 2017 ဇန်နဝါရီ ဒုတိယပတ်လောက်မှာစတင်ထွက်ရှိခဲ့တာပါဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ 2014 ခုနှစ်တုန်းက မရိန်းတပ်သားတွေ အာဖဂန်မှာ တာလီဘန်ခေါင်းဆောင်ကိုသတ်ဖို့ စစ်ဆင်ရေးတစ်ခုအကြောင်း ကိုဇာတ်လမ်းတွဲနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီ TV Series လေးဟာတစ်ချို့ဇာတ်ဝင်ခန်းတွေမှာ တကယ့် စစ်ဆင်ရေးတွေပါထည့်သွင်းရိုက်ကူးထားပြီးတော့ SEAL မရိန်းတပ်သားတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဘဝဇာတ်ကြောင်း တွေနဲ့ ဘဝနဲ့အသက်တွေအတွက်ဘယ်လိုမျိုးဆုံးဖြတ်ချက်ချရသလဲဆိုတာကိုရိုက်ကူးတင်ဆက်ပြသထားတာဖြစ်ပါတယ်။ Season တစ်ခုတိုင်းမှာ မတူညီတဲ့နေရာတွေမှာဇာတ်အိမ်တည်ထားတာဖြစ်လို့တကယ်ကိုကောင်းတဲ့ဇာတ်လမ်းတွဲလေး ပါ။လက်ရှိမှာ Season 2 ထိထွက်ရှိထားပြီး Season တစ်ခုစီမှာအနိမ့်ဆုံး ၈ပိုင်းထိပါဝင်ပါတယ်။ တစ်ပိုင်းစီကို 1080P Blu-Ray Quality နဲ့တင်ဆက်ထားတာဖြစ်လို့ ကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ပါတယ်။   Episode 1 (793MB)       Episode 2 (785MB)       Episode 3 (897MB)       Episode 4 (804MB)       Episode 5 (712MB)       Episode 6 (641MB)       Episode 7 (521MB)     ...
7
TMDb: 7/10 59 votes
tv

SIX Season 1

2017