Burmese Subtitle

Documentary

Apocalypse: The Rise of Hitler (2011) 8
Apocalypse: The Rise of Hitler (2011) Documentary စီးရီးတစ်ခုဖြစ်တဲ့ Apocalypse Series ထဲက အပိုင်းနှစ်ပိုင်းပါတဲ့ ဟစ်တလာဆိုတဲ့ Documentary ဖိုင်ကို တင်ပေးချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်းကို ပြောကြမယ်ဆိုရင် ဟစ်တလာနဲ့ နာဇီပါတီဟာ ချန်ထားခဲ့လို့မရတဲ့ အကြောင်းချင်းရာတွေ ဖြစ်မှာပါ။ ဟစ်တလာဟာ ဆိုးယုတ်တယ်ပြောပြော မိုက်မဲတယ်ပြောပြော နိုင်ငံတစ်နိုင်ငံကို ပြန်လည်စုစည်းပြီး တစ်ကမ္ဘာလုံးကို ဖိန့်ဖိန့်တုန်အောင် လုပ်ပြနိုင်ခဲ့တာကိုတော့ လက်ခံကြရမှာပါ။ ဒီ Documentary ဖိုင်မှာ ဟစ်တလာရဲ့ ငယ်ဘဝကစပြီး ဂျာမနီနိုင်ငံရဲ့ အဓိပတိဖြစ်လာခဲ့ချိန်အထိ ဘဝဇာတ်ကြောင်း၊ သူ့ရဲ့အတွေးအခေါ်ပိုင်း ပြောင်းလဲလာအောင် ရိုက်ခတ်ပေးခဲ့တဲ့ နောက်ခံနိုင်ငံရေးသမိုင်းကြောင်းတွေ၊ သူ့ရဲ့နာမည်ကျော် မိန့်ခွန်းပြောဟန်တွေကို ရှားပါးရုပ်သံမှတ်တမ်းတွေ၊ ရှားပါးဓာတ်ပုံတွေအနေနဲ့ မြင်တွေ့ရမှာပါ။ ဒီ Documentary ဖွဲ့စည်းပုံမှာ တစ်ခုပြောစရာရှိတာက အမြင်ဖြစ်ပါတယ်။ စစ်နိုင်သူတို့ရဲ့အမြင်နဲ့ တည်ဆောက်ပုံဖော်ထားတဲ့ ဟစ်တလာနဲ့ နာဇီပါတီတို့ရဲ့ပုံရိပ်ဟာ အနည်းနဲ့အများတော့ ကျဉ်းမြောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လဲ သမိုင်းကိုလေ့လာချင်သူတွေ၊ နာဇီဂျာမနီအကြောင်းကို စိတ်ဝင်စားသူတွေအတွက်တော့ ဒီ Documentary ဟာ မဖြစ်မနေ ...
8
TMDb: 8/10 21 votes
tv

Apocalypse: The Rise of Hitler (2011)

2011
The Vietnam War (2017) 8.4
The Vietnam War (2017) ဗီယက်နမ်စစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ Documentary Video လေးတစ်ခုအကြောင်း ပြောချင်ပါတယ်။ အပိုင်း ၁၀ပိုင်းပါဝင်ပြီး ကြာမြင့်ချိန် ၁၀၃၅ မိနစ် (၁၇နာရီခွဲ) လောက်ရှိတဲ့ ဒီ Documentary လေးရဲ့ နာမည်ကတော့ The Vietnam War လို့ အမည်ရပါတယ်။ ဒီ Documentary Video ကို ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တာပါ။ ဖန်တီးသူတွေရဲ့ အဆိုအရ ဒီ Documentary Video ကိုဖန်တီးဖို့ ဒေါ်လာ သန်းသုံးဆယ်လောက် ကုန်ကျခဲ့သလို အချိန်အားဖြင့်လည်း ဆယ်နှစ်လောက် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖန်တီးသူတွေအနေနဲ့ ဒီ Documentary ကို တည်ဆောက်ဖို့အတွက် မှတ်တမ်းဓာတ်ပုံပေါင်း ၂၄၀၀၀၀ကျော်နဲ့ ရုပ်သံမှတ်တမ်း ကြာမြင့်ချိန်စုစုပေါင်း နာရီ ၁၇၀၀ လောက်ကို ပြန်လည်စိစစ်ပြီးတော့မှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Documentary ထဲမှာ ဗီယက်နမ်စစ်ကြီး ဖြစ်ပေါ်လာခဲ့ရတဲ့ ...
8.4
TMDb: 8.4/10 56 votes
tv

The Vietnam War (2017)

2017