Burmese Subtitle

Steve Peacocke

Me Before You (2016) 7.4
Me Before You (2016) " မင်းက ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နိုးထချင်လာရတဲ့ တစ်ခုထဲသော အကြောင်းအရင်းပါ " . . . တခါတလေကျတော့လည်း အချစ်ဆိုတာကြီးကဆန်းကျယ်တယ် … အနားမှာအကြာကြီးရှိနေပြီး ကိုယ်ချစ်မိတယ်လို့ထင်နေမိတဲ့သူက ကိုယ့်ရဲ့ဖူးစားဖက်မဟုတ်ဘဲ ကိုယ့်အနား ခဏတာရောက်လာတဲ့သူက ကိုယ့်တစ်ဘဝလုံးဖြစ်သွားတတ်တယ် အချစ်ဆိုတာကြီးက နက်နဲတယ်… တစ်စစီဖြစ်သွားပီလို့ထင်ထားတဲ့ အေးစက်နေတဲ့နှလုံးသားတွေက အချိန်တစ်ခုရောက်တဲ့အခါ ဒါမှမဟုတ် တကယ့်ပိုင်ရှင်အစစ်ကိုတွေ့တဲ့အခါ နုပျိုနေတဲ့နှလုံးသားလိုပဲ နွေးထွေးပီး ပန်းရောင်လေးတွေသမ်းရင်း ရင်ခုန်သံတွေကလည်း တဖန် စည်းချက်ပြန်ညီလာတတ်တယ် အချစ်ဆိုတာကြီးက လှပတယ် ချစ်ခြင်းရဲ့ အဆုံးသတ်က ဘယ်လောက်ထိနာကျင်ရမလဲဆိုတာသိနေပေမယ့်လည်း ရင်ဘတ်ကြီး စုတ်ပြတ်သတ်အောင် စွန့်စားမိစေတဲ့ လှပတဲ့ ဒဏ်ရာတစ်ခု အချစ်ဆိုတာ သတ်သေမှုတစ်ခုပဲ ကိုယ့်ကိုယ်ကိုနှိပ်စက်မိမယ် မချစ်နဲ့လို့တားနေပေမယ့်လည်း အရဲစွန့်ချင်တာဟာ အချစ်ရဲ့ သင်္ကေတတစ်ခုလို့ဆိုကမယ် နှုတ်ဆက်ကမယ် ထွက်ခွာသွားကမယ်ဆိုတာ သိသိကြီးနဲ့ ရှေ့ဆက်တိုးရဲတယ်ဆိုတာ အချစ်ကပေးတဲ့ အလှဆုံး ရာဇဝတ်မှုတစ်ခုပဲ အချစ်ဆိုတာ ရူပါကြောင့်လည်းမဟုတ်သလို ကိုယ်ခန္ဓာပြည့်စုံပီး သန်မာနေတဲ့ ကြွက်သားတွေကြောင့်လည်းမဟုတ်ဘူး နှစ်ယောက်ထဲပဲ မြင်နိုင်တဲ့ အက်ကွဲရာတွေ နှစ်ယောက်ထဲပဲကြားနိုင်တဲ့ နှလုံးခုန်သံငိုရှိုက်သံတွေ နှစ်ယောက်ထဲပဲသိနိုင်တဲ့ ဝမ်းနည်းပြိုလဲမှုတွေနဲ့ ပေါင်းစည်းထားခြင်းဖြစ်တယ် ကိုယ့်ဘဝရေစက်က သတ်မှတ်ပေးထားတဲ့သူ ကိုယ့်ဘဝဆုံမှတ်နဲ့ တွေ့မှသာ ဖြစ်ပေါ်လာတဲ့အရာပါ စိတ်ဆိုတဲ့အရာက မျက်လှည့်ဆရာတစ်ယောက်လိုပဲ စစချင်းတော့ အံ့သြစရာတွေ သဘောကျမှုတွေနဲ့ပြည့်နေပီး အရမ်းကိုတတ်မြောက်ချင်တဲ့ ပညာစိတ်တွေဖြစ်နေပေမယ့် တကယ့်တကယ် လေ့လာကြည့်တော့ ...
7.4
IMDB: 7.4/10 175,816 votes
movie

Me Before You (2016)

2016
BluRay 1080p 6CH