Burmese Subtitle

Rajkummar Rao

Shimla Mirchi (2020) 4.7
Shimla Mirchi (2020) Shimla Mirchi (2020) ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့် သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲ ဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ် သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ် အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက် နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ် သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ် အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ် သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ် အဲ့ဒိအဖြေကတော့ … “ငါ့အမေ နင့်ကို ချစ်နေတယ် အဗီး” တဲ့ ကဲ ဒီသုံးပွင်ဆိုဇာတ်မှာ ဘာတွေရှုပ်ကုန်တာလဲ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျာ Review Credit to CM
4.7
IMDB: 4.7/10 748 votes
movie

Shimla Mirchi (2020)

2020
Web-DL 1080p 6CH
Talaash (2012) 7.3
Talaash (2012) [Unicode] ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုက်ို အပြည့်အဝရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေက်ိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာက်ိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
7.3
IMDB: 7.3/10 36,371 votes
movie

Talaash (2012)

2012
BluRay 1080p 6CH