Burmese Subtitle

Peter Facinelli

Running with the Devil (2019) 5.4
Running with the Devil (2019) မင်းသားကြီး Nicolas Cage, Laurence Fishburne တို့ပါဝင်ထားတဲ့ 2019 နှစ်ထွက် Action/Drama ကားလေးဖြစ်ပါတယ်။ ကိုကင်းထုတ်လုပ်ရောင်းချတဲ့ဈေးကွက်တွင်းပြဿနာကိုအခြေခံပြီး အဓိကအားဖြင့် ကိုကင်းသယ်ယူပုံအဆင့်ဆင့်ကိုနောက်ခံထားပြီးဇာတ်အိမ်တည်ထားပါတယ်။ မူးယစ်ဆေးနဲ့ပတ်သက်ပြီးအမေရိကန်ဇာတ်ကားတွေကြည့်သူတွေအတွက်တော့ အမေရိကန်ကမူးယစ်ဆေးပြဿနာတွေဟာ မက္ကဆီကိုနိုင်ငံ…ကိုလံဘီယာလိုနိုင်ငံတွေနဲ့တော်တော်လေးဆက်နွယ်နေတာကိုသိထားကြမှာပါ။ဒီဇာတ်ကားလေးမှာလည်း ကိုလံဘီယာကနေ အမေရိကန်နိုင်ငံတွင်းအထိ ဘယ်လိုအဆင့်ဆင့်သယ်သွားတယ်….ကိုကင်းတစ်ကီလိုရဲ့ တန်ကြေးဟာ ဘယ်လိုအဆင့်ဆင့်တက်သွားတယ်…အမေရိကန်နိုင်ငံတွင်း မူးယစ်ပြဿနာဟာဘယ်လောက်ထိကျယ်ပြန့်တယ်ဆိုတာတွေ့ရမှာပါ။ Nicolas Cage နဲ့ Laurence Fishburne ကတော့ဒီဇာတ်ကားမှာအဓိကပါဝင်ထားပြီး ဇာတ်ရုပ်ကိုသေချာပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ကြမ်းတမ်းတဲ့အခန်းတွေ လိင်ကိစ္စအခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ မူးယစ်ဇာတ်ကားမျိုးကိုမှစိတ်ဝင်စားစရာကောင်းတာမျိုးကြည့်လိုသူတွေအတွက် ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ Credit Review
5.4
IMDB: 5.4/10 3,937 votes
movie

Running with the Devil (2019)

2019
BluRay 1080p 6CH