Burmese Subtitle

Pankaj Tripathi

Masaan (2015) 8.2
Masaan (2015) Masaan ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကမတူညီတဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးနှစ်ခုပါ ကျောင်သားလူငယ်စုံတွဲပီရွတ်ရ် နဲ့ ဒေဗီ နှစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ ချိန်းတွေ့ကြရင်းရဲတွေက ဟိုတယ်အခန်းထဲအတင်းဝင်ရောက်ပြီး အသွင်ယူဖမ်းဆီးခြင်းကို ခံလိုက်ရတယ် စခန်းမှူးက ကောင်မလေးကိုဖုန်းနဲ့ ဗွီဒီယိုရိုက် မှတ်တမ်းယူတော့ ကောင်လေးကကြောက်လန့် ရေချိုးခန်းထဲဝင်ပြေး မိမိလက်ကောက်ဝတ်ကို ဓါးနဲ့လှီးပြီးအဆုံးစီရင်သွားတယ် အဲ့ဒီနောက် စခန်းမှူးက ကောင်မလေးအဖေကို ဗွီဒီယိုပြချိန်းခြောက်ပြီး ငွေညှစ်တော့တယ် ဗွီဒီယိုကို ယူကျူ့ပေါ်မတင်စေချင်ရင် ရူပီး ၃ သိန်းကို ၃ လ အတွင်းပေးရမယ် မပေးနိုင်ရင် ကောင်မလေးကိုကောင်လေး သေဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ထဲထည့်လို့ရတယ်လို့ ပြောတဲ့အခါ ... ဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာသေဆုံးသူတွေအတွက် အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ဖခင်ဖြစ်သူက မရှိဆင်းရဲပေမယ့် သမီးလေးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက်စခန်းမှူးတောင်းတဲ့ငွေကိုပေးဖို့ ငွေရှာရတော့တယ် ........ ဒီးပတ် ဆိုတဲ့ကောင်လေးကမြို့ပြအင်ဂျင်နီယာကျောင်းသားတစ်ယောက် ဂင်္ဂါမြစ်ကမ်းနားမှာရှိတဲ့ဇာတ်နိမ့်ဆင်းရဲတဲ့ရပ်ကွက်မှာနေပြီး သူအပါအဝင် မိသားစုအားလုံးကဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာ သေဆုံးသူတွေကို မီးရှို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ကြတယ် နောက်ပြီး သူ့မှာ ကဗျာဂီတကိုချစ်တဲ့ဇာတ်မြင့်မိသားစုက ရှာလူး ဆိုတဲ့ ကောင်မလေးနဲ့ ချစ်သူတွေပေါ့ချစ်သူနှစ်ဦးရဲ့ ဇာတ်နိမ့် နဲ့ ဇာတ်မြင့် မတူညီတဲ့မိသားစုကြားမှာ အဆင်မပြေနိုင်ဘူးဆိုတာ သူတို့နှစ်ဦး သိလာတဲ့အချိန်မှာကောင်မလေးက အခုမိသားစုနဲ့ ဘုရားဖူးသွားပြီး ပြန်လာရင်ကောင်လေးနောက် ခိုးရာလိုက်ခဲ့မယ်လို့ ပြောပြီးနောက်မှာတော့ ..... အညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Winn Thant ပဲဖြစ်ပါတယ်။
8.2
IMDB: 8.2/10 23,248 votes
movie

Masaan (2015)

2015
BluRay 1080p 6CH
Extraction (2020) 6.8
Extraction (2020) သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာအနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ။Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်းတိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်းပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။ Credit Review
6.8
IMDB: 6.8/10 72,683 votes
movie

Extraction (2020)

2020
Web-DL 1080p 6CH