Burmese Subtitle

Nick Offerman

The Lego Movie 2: The Second Part (2019) 6.6
The Lego Movie 2: The Second Part (2019) အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကို အကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။ အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့ သဘောကောင်းတဲ့သူလေးဆိုတော့ ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့ စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာ ဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား သူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကို ဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။ Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေက တော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင် ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ Review Credit
6.6
IMDB: 6.6/10 53,384 votes
movie

The Lego Movie 2: The Second Part (2019)

2019
BluRay 1080p 6CH
White Fang (2018) 6.9
White Fang (2018) အခုတစ်ခေါက်ကတော့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကာတွန်းကားလေးကို ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ် White Fang လို့ခေါ်တဲ့ မြေခွေးလေး တစ်ကောင်ကြောင်းကို ရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းကတော့….. White Fang က တခြား သားကောင်တွေလိုမဟုတ်ပဲ အရမ်းကို လိမ္မာပြီး ထက်မြက်တဲ့ မြေခွေးလေးပါ သူ့သခင်က သူ့ရွာအတွက် ငွေလိုလို့ မြေခွေးလေးကို လူတစ်ယောက်ဆီမှာ ရောင်းစားခဲ့ပါတယ် ငွေမျက်နှာတခုပဲ ကြည့်တဲ့ စမတ်ဆိုတဲ့လူဆီမှာ white fang က နှိပ်စက်ခံရပြီး လောင်းကစားပွဲတွေမှာ တိုက်ခိုက်ခဲ့ရပါတယ် ဒါပေမယ့် အရာရှိလင်မယားတွေ ကယ်တင်ခဲ့တဲ့အခါမှာ White Fang ဘဝလေး ဘယ်လိုပြောင်းလဲသွားမလဲ? လူတွေရဲ့ လောဘ မောဘနဲ့ကင်းရာ သူ့နေရပ်ကို ပြန်ရောက်မလားဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် Animationကားလေးက ပေါတောတောနဲ့ ပြီးသွားမယ့်ကားမဟုတ်လို့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်……… Review & Translate by Panda
6.9
IMDB: 6.9/10 2,542 votes
movie

White Fang (2018)

2018
BluRay 1080p 6CH