Burmese Subtitle

Milo Ventimiglia

The Art of Racing in the Rain (2019) 7.5
The Art of Racing in the Rain (2019) Rating 7.4 အထိရထားတဲ့ကားလေးပါ.. ဒန်နီဆွဖ်က အရမ်းတော်တဲ့ပြိုင်ကားမောင်းသမား တစ်ဦးဖြစ်ပြီးတော့ သူ့မှာအန်ဇိုလို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ် အန်ဇိုကိုယ်တိုင်လည်း ကားမောင်းပြိုင်ပွဲတွေကို သိပ်သဘောကျပြီးတော့ နောင်ဘဝကျရင် လူအဖြစ်ပြန်ဝင်စားပြီး သူကိုယ်တိုင်တက်မောင်းချင်တဲ့အထိ အိပ်မက်ပြင်းပြတဲ့ခွေးလေးပါ သူ့သခင်ဖြစ်သူ ဒန်နီနဲ့အတူ ပြိုင်ပွဲပေါင်းများစွာကို လသားအရွယ်တည်းက လိုက်ခဲ့ပြီး သခင့်ဘေးနားမှာ အတက်အကျ အကြမ်းအရမ်းအကုန် အမြဲတူတူရှိနေပေးခဲ့ပါတယ် သူ့သခင်ပြိုင်ပွဲဆက်ဝင်ရေးသာ သူ့အတွက်အရေးကြီးဆုံးဖြစ်နေတဲ့အချိန်မှာ ဘဝရဲ့အလှည့်အပြောင်းတစ်ခုက သူတို့ကြားဝင်လာတဲ့အခါမှာတော့… သူ့သခင်လိုအပ်တိုင်း သူအနားမှာရှိနေပေးနိုင်ပါတော့မလား သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအရာထင်မလား သူ့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်ဦးမလားဆိုတာကို ဒီကားလေးမှာကြည့်ရမှာပါ သခင့်အပေါ်ထားတဲ့ခွေးလေးတစ်ကောင်ရဲ့ မေတ္တာတရားတွေကိုလည်း ရှင်းခနဲမြင်ရမယ့်ကားကောင်းလေးပါ Review Credit to CM
7.5
IMDB: 7.5/10 14,846 votes
movie

The Art of Racing in the Rain (2019)

2019
BluRay 1080p 6CH
Creed II (2018) 7.1
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်… ၁၉၇၆ခုနှစ်​ကတည်​းက စတင်​ခဲ့တဲ့ မင်​းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်​ဝှေ့ကားတွေဟာ ဆယ်​စုနှစ်​များစွာကြာညောင်​းခဲ့ပေမဲ့ အခုချိန်​ထိ အောင်​မြင်​စွာရှင်​သန်​နေဆဲပါ ပရိသတ်​တွေရဲ့ တစ်​ခဲနက်​အားပေးမှုကြောင်​့ ဇာတ်​ကားတိုင်​းဟာလည်​း rating မြင်​့မားလှပါတယ်​ ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည်​့ကို မိတ်​ဆက်​ပေးခဲ့ပါတယ်​ အဲဒီဇာတ်​ကားလေးကလည်​း ဆုတံဆိပ်​များစွာနဲ့အတူ ပရိသတ်​တွေရဲ့သဘောကျနှစ်​ခြိုက်​မှုကို ထိန်​းသိမ်​းထားနိုင်​ခဲ့ပါတယ်​ ၂၀၁၈ခုနှစ်​မှာတော့ Creed 2 ကို ပရိတ်​သတ်​တွေဆီ ပို့ဆောင်​ပေးခဲ့ပြန်​ပါတယ်​ အရင်​ကားတွေအတိုင်​းပါပဲ စွဲဆောင်​မှုရှိရှိနဲ့ ပရိသတ်​ကို ဖမ်​းစားခဲ့ပြန်​ပါတယ်​ ကမ္ဘာ့ဟဲဗီးဝိတ်​ချန်​ပီယံတစ်​ယောက်​ရဲ့ရွှေခါးပတ်​ကို ရရှိဖို့ဆိုတာ မလွယ်​ကူသလို ထိန်​းသိမ်​းဖို့ဆိုတာလည်​း သိပ်​ကိုခက်​ခဲပါတယ်​ ဒီဇာတ်​ကားထဲမှာ ချန်​ပီယံဘွဲ့ကို ထိန်​းသိမ်​းရတဲ့ လက်​ဝှေ့သမားတစ်​ယောက်​ရဲ့ဘဝကို ကိုယ်​ချင်​းစာမိသွားအောင်​ ရိုက်​ပြထားပါတယ်​ ဝါသနာကြောင်​့ လုပ်​နေပေမယ်​့ နာကျင်​မှုကို လူတိုင်​း ကြောက်​ပါတယ် ​ ဒါ့အပြင်​ အချိန်​မရွေး ကြိုးဝိုင်​းထဲမှာ အသက်​ဆုံးရှုံးသွားနိုင်​ပါသေးတယ် ​ လက်​ဝှေ့ရဲ့သဘောတရားကိုက သူတစ်​ပါးကိုနာကျင်​အောင်​လုပ်​ရတာပါ သူတစ်​ပါးကို နာကျင်​စေချင်​ရင်​တော့ ကိုယ်​ကိုတိုင်​လည်​းနာကျင်​မှုကို ကြောက်​နေလို့မဖြစ်​ပါဘူး နာကျင်​မှုကို ပိုပြီးခံနိုင်​ရည်​ရှိတဲ့သူက ရေရှည်​မှာ ပိုပြီးအနိုင်​ရဖို့များပါတယ်​ အောင်​မြင်​မှုရဲ့ အရသာဟာ နာကျင်​မှုတွေကို စက္ကန်​့ပိုင်​းအတွင်​းပျောက်​အောင်​ကုစားနိုင်​တယ်​ဆိုတဲ့ ရသကိုအပြည်​့အဝပေးစွမ်​းနိုင်​တဲ့ ဇာတ်​ကားကောင်​းတစ်​ကားဖြစ်​လို့ ကြည်​့လို့ကောင်​းမယ်​ဆိုတာ ရဲရဲကြီးအာမခံပါတယ်​… Review Credit to CM
7.1
IMDB: 7.1/10 92,092 votes
movie

Creed II (2018)

2018
BluRay 1080p 6CH