Burmese Subtitle

Mike Brooks

The Art of Self-Defense (2019) 6.7
The Art of Self-Defense (2019) ဒါကတော့ 2019ရဲ့ Drama/Thriller ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာတော့ Jeese Eisenbergကို ခါတိုင်းလို ယုံကြည်မှုတွေပြည့်ဝနေတဲ့ ဆရာကြီးတစ်ယောက်အဖြစ်မြင်တွေ့ရမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိ ကျားကျားယားယားမရှိ တုံ့ဆိုင်းပြီးအားနည်းနေတဲ့ ကေဆီ(နာမည်ကိုကမိန်းမနာမည်နဲ့)အဖြစ်တွေ့ရမှာပါ။ တစ်ညမှာ ကေဆီတစ်ယောက် ခွေးစာသွားဝယ်ရင်း လုယက်ခံရတာနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကရာတေးသင်ပါတော့တယ်။ ကရာတေးကိုအရမ်းကိုရူးသွားပြီး ကရာတေးနည်းပြက သူ့ကိုအာရုံစိုက်လာတဲ့အခါမှာတော့ … ကြည့်နေရင်းနဲ့ Thrillerပါတယ်သာပြောတယ် ခုထိဘာမှမဖြစ်ပါလားတွေးနေရင်း တစ်ချက်တစ်ချက်ထထပြီး wtf manတွေဖြစ်ကုန်ပါတယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ Rattingတွေလည်းကောင်းပြီး Jeeseပါဝင်သရုပ်ဆောင်ထားတဲ့ မိမိကိုယ်ကိုကာကွယ်ခြင်းအနုပညာဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ Review Credit to CM
6.7
IMDB: 6.7/10 18,283 votes
movie

The Art of Self-Defense (2019)

2019
BluRay 1080p 6CH