Burmese Subtitle

Matt Walsh

Life of the Party (2018) 5.6
Life of the Party (2018) Life of the Party (2018) မြန်မာစာတန်းထိုး Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့ အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ ...
5.6
IMDB: 5.6/10 29,771 votes
movie

Life of the Party (2018)

2018
BluRay 1080p 6CH
Due Date (2010) 6.5
Due Date (2010) Iron Man မင်းသားကြီး လို့လူသိများတဲ့ Robert Downey Jr. နဲ့ Hangover ထဲက ဘီးကျဲ Zach Galifianakis တို့ မြိုင်မြိုင်ဆိုင်ဆိုင်သရုပ်ဆောင်ထားတဲ့ ဟာသ သရုပ်ဖော်ကားလေးပါ... ဒီဇာတ်ကားမှာတော့ Robert Downey Jr. ကပီတာအဖြစ်သရုပ်ဆောင်ထားပြီးတော့ Zach Galifianakis ကတော့ အီသန်အဖြစ် သရုပ်ဖော်တင်ဆက်ထားတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမေရိကန်အရှေ့ပိုင်းကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတဲ့ ပီတာ ဟာ သူ့ရဲ့မိန်းမ မီးဖွားချိန်အမှီ အမေရိကန်နောက်ပိုင်းကို လေယာဉ်စီးချိန်မှာ အီသန်နဲ့ စတင်တွေ့ခဲ့ပါတယ်။ အီသန့်ကြောင့် လေယာဉ်စီးခွင့်ပါအပိတ်ခံရပြီး ပိုက်ဆံပြတ်လတ်နေတဲ့ ပီတာတစ်ယောက် ဒုက္ခလှလှကြီးတွေ့ပါတော့တယ် နောက်ပိုင်းမှ အီသန် ရဲ့အကူအညီနဲ့ မိုင်ပေါင်း ၂၀၀၀ ကျော်လောက်ဝေးလှတဲ့ အနောက်ပိုင်း ကို ကားနဲ့ခရီးဆက်ပါတော့တယ် လမ်းခရီးတစ်လျှောက်မှာလည်း အီသန့်ကြောင့် ဘယ်လိုတွေ ဒုက္ခလှလှတွေ့ရဦးမလဲဆိုတာတော့ BS ကပရိတ်သတ်ကြီး ဆက်လက်သာ ရှုမျှော်ခံစားလိုက်ကြပါတော့ဗျာ
6.5
IMDB: 6.5/10 311,533 votes
movie

Due Date (2010)

2010
BluRay 1080p 6CH