Burmese Subtitle

Lee Seo-hwan

Deliver Us from Evil (2020) 6.8
Deliver Us from Evil (2020) Deliver Us from Evil(2020) NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား…. အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်…. ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်….. နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့ အပြိုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်… အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့ လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ… Review Credit
6.8
IMDB: 6.8/10 659 votes
movie

Deliver Us from Evil (2020)

2020
Web-DL 1080p 6CH
The Gangster, the Cop, the Devil (2019) 6.9
The Gangster, the Cop, the Devil (2019) ကိုရီးယားမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး တရားခံတစ်ယောက်တည်းက ကျူးလွန်နေတယ်လို့ ရဲက သံသယရှိနေချိန်၊ တစ်ညမှာ အဆိုပါလူသတ်သမားရဲ့ သားကောင်ဟာ နာမည်ကြီး လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့အခါ ပြန်လည်ခုခံတဲ့အတွက် လူသတ်သမားထွက်ပြေးသွားရတယ်။ လူမိုက်ဂိုဏ်းခေါင်းဆောင်လဲ ဓါးဒဏ်ရာပေါင်းများစွာနဲ့ မသေရုံတမယ် လွတ်မြောက်ခဲ့ရပေမယ့် ဂိုဏ်းလောကမှာ လူမိုက်ခေါင်းလုပ်နေပြီး ဓါးထိုးခံရတယ်ဆိုပြီး အလှောင်ခံရတဲ့အခါ ဘယ်လိုမှ သည်းမခံနိုင်ဘဲ အဆိုပါလူသတ်သမားကို ရအောင်ရှာဖို့ တပည့်တွေနဲ့ အသည်းအသန်ရှာတော့တယ်။ အဲ့ဒီအချိန်မှာပဲ ကွင်းဆက်လူသတ်မှုလို့ယုံကြည်ပြီး တရားခံကိုအသည်းအသန်လိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်က အဆိုပါလူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့ အပေးအယူလုပ်ကာ လူမိုက်နဲ့ ရဲ ပူးပေါင်းပြီး တရားခံဖမ်းဖို့ကြိုးစားကြတဲ့အခါ .. ကိုရီးယားမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာမို့ ဇာတ်လမ်းက စိတ်ဝင်စားဖို့တကယ်ကောင်းပါတယ်။ စုံထောက်အက်ရှင်ကားဖြစ်ပြီး တစ်ကားလုံး မပျင်းရပါဘူး။ သွေးသံရဲရဲလူသတ်မှုတွေ ရန်ဖြစ်တိုက်ခိုက်ခန်းတွေနဲ့ စကားလုံးအသုံးအနှုန်းကြမ်းတာတွေ လှိုင်လှိုင်ပါလို့ ၁၈ နှစ်အောက် အုပ်ထိန်းသူခွင့်ပြုချက်မပါဘဲမကြည့်သင့်တဲ့ R အဆင့်သတ်မှတ်ချက်ရှိပါတယ်။ Review Credit to Original
6.9
IMDB: 6.9/10 3,831 votes
movie

The Gangster, the Cop, the Devil (2019)

2019
BluRay 1080p 6CH