Burmese Subtitle

Lee Ki-woo

The Classic (2003) 7.8
The Classic (2003) The Classic (2003) ****************** လူတိုင်း လူတိုင်းမှာ အချိန်တန် အရွယ်ရောက်လာရင် မလဲမသွေ ကြုံတွေ့ရမယ့် အရာတစ်ခု ရှိနေမှာပါ။ အဲဒါကတော့ အချစ်ပါပဲ။ ကျွန်တော်တို့တွေတစ်ဦးချင်းဆီမှာ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ရှိနေသလို ကျွန်တော်တို့ရဲ့ အဖေတွေ အမေတွေ အဖိုးတွေ အဖွားတွေ တစ်ဦးချင်းဆီမှာလဲ အချစ်ဆိုတာ ရှိနေမှာပါ။ အချစ်ဆိုတာ ဝါဒတစ်ခု မဟုတ်သလို စနစ်တစ်ခု မဟုတ်တဲ့အတွက် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှင်သန်နေမယ့် အရာတစ်ခုလဲ ဖြစ်ပါတယ်။ အချစ်ဆိုတာတော့ အများကြီး ရှိပါလိမ့်မယ်။ အမျိုးအစားအများကြီးရှိမယ့် အချစ်တွေထဲကမှ တွေးမိတိုင်း ရင်ထဲနွေးကနဲ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်ရတဲ့ အချစ်မျိုးက ဘယ်လိုအချစ်မျိုး ဖြစ်မလဲ။ ကျွန်တော့်အမြင်အရဆို ရင်ခုန်တတ်စမှာ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ပထမဆုံးအချစ်ဟာ အနူးညံ့ဆုံးနဲ့ ရင်အခုန်ရဆုံး ဖြစ်မယ်ထင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ထိတွေ့ရတဲ့အချစ်ဟာ ရိုးသားဖြူစင်ပါတယ်။ ဘာအရောင်မှ မပါသလို ဘာမျှော်လင့်ချက်မှလဲ မရှိပါဘူး။ တဏှာပေမတွေလဲ ...
7.8
IMDB: 7.8/10 7,519 votes
movie

The Classic (2003)

2003
Web-DL 1080p 6CH