Burmese Subtitle

Jeff Garlin

WALL·E (2008) 8.4
WALL·E (2008) ကျွန်တော်တို့အားလုံး အချစ်ဆိုတာကို စိတ်ကူးနှလုံးသားထဲမှာ စတင်တည်ဆောက်ကြပြီဆိုရင် ချစ်လှစွာသော အသံကလေး။ချစ်လှစွာသော မျက်နှာကလေး။ချစ်လှစွာသော ခန္ဓာကိုယ်ကလေး စလို့ အဲဒီလိုပဲ ရေးဖွဲ့ခဲ့ကြ။တွေ့ထိခံစားခဲ့ကြတာပဲ မဟုတ်လား။ ချစ်ခြင်းမေတ္တာတရားရဲ့ အတိမ်အနက်ကို လှပသော မြင်ကွင်းသဏ္ဍာန်တွေပဲ မြင်ယောင်စွဲနစ်မိခဲ့ကြတာပဲ မဟုတ်ပါလား။ အချစ်ရဲ့သဘောတရားကလည်း အထက်ကပြောခဲ့တဲ့ အရာတွေပါရှိမှသာ လှပမယ် အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါပဲ။ Wall-E ရုပ်ရှင်ကားမှာ သိပ်ချောသိပ်လှတဲ့ ကာတွန်းရုပ်ကလေးတွေတောင် ပါမလာဘူး။အမှို က်သိမ်းစက်ရုပ်ကလေးနဲ့ ထောက်လှမ်းရေးစက်ရုပ် (ဒီနေရာမှာ ဖို/မလို့ လိင်ခွဲလို့လည်း ရမယ်မထင်။ခွဲခြားရအောင်လည်း သူတို့က ပရိုဂရမ်နဲ့ဖန်တီးထားတဲ့ အရာတွေဆိုတော့ Eve ဆိုတဲ့ နာမည်ပေးထားချက်အရပင် ထောက်လှမ်းရေးစက်ရုပ်ကလေးကို မိန်းကလေးလေးတစ်ယောက် ကမ္ဘာ့မြေပေါ်အတွက် ပထမဆုံး ပေါ်ထွက်လာခဲ့တဲ့ ဧဝလို့ပဲ မှတ်ယူလိုက်ကြပါစို့ ) Wall-E လေးနဲ့ ဧဝတို့ရဲ့ အချစ်အကြောင်းကလေးပေါ့။သူတို့ရောက်ရှိနေရတဲ့ကမ္ဘာကြီးက သိပ်ပြီးထူးခြားလှတယ်။အခုခေတ်ထက် ရှေ့ရောက်နေပြီ။အဲဒီလိုမျိုး ရှေ့ကိုရောက်သထက်ရောက်အောင် လူသားတွေက အပြို င်အဆိုင်ပြု မူကြလို့နဲ့တူပါရဲ့။သိပ္ပံနည်းပညာထွန်းကားလာတာနဲ့ အမျှ လူသားတွေရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှု တွေဟာ ...
8.4
IMDB: 8.4/10 899,592 votes
movie

WALL·E (2008)

2008
BluRay 1080p 6CH