Burmese Subtitle

Hou Yong

The Bravest 5.4
The Bravest တရုတ်မီးသတ် ဇာတ်ကားကောင်းတစ်ကားလို့ ဦးစွာပထမပြောပါရစေ... ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို ကျောထောက်နောက်ခံထားပြီးတော့ ဇာတ်အိမ်တည်ထားတာဖြစ်လို့ တော်တော်လေးကြည့်ကောင်းတယ်။ တကယ်ဖြစ်တယ်လို့ကို ခံစားရစေတယ်... ရှည်ရှည်ဝေးဝေးတွေသိပ်မပြောတော့ဘူး တရုတ်ရေနံ သိုလှောင်ရုံတွေထဲက တစ်ရုံက ချို့ယွင်းချက်တစ်ခုခုကြောင့် ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး ဒီရေနံလှောင်ကန်ကို မီးသတ်ထိန်းညှိဖို့ အတွက် တရုတ်က မီးသတ်တွေက ဘယ်လိုစွန့်စွန့်စားစား ငြိမ်းသတ်ခဲ့ရတယ်ဆိုတာကို ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းပါ BS မှ ကွာလတီအလန်းစားနဲ့တင်ဆက်ပေးထားပါတယ်။
5.4
IMDB: 5.4/10 532 votes
movie

The Bravest

2019
BluRay 1080p 6CH
Red Cliff (2008) 7.4
Red Cliff (2008) ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။(ဘာသာမပြန်နိင်ဘူးနော် မပူဆာကြေး :P)။ တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောက်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ စွန်းကျင်း နဲ့ စွန်းစီ ...
7.4
IMDB: 7.4/10 41,565 votes
movie

Red Cliff (2008)

2008
BluRay 1080p 6CH