Burmese Subtitle

Darren Espanto

The Hows of Us (2018) 7.5
The Hows of Us (2018) [Unicode] ဒီဇာတ်ကားကို မြန်မာနိုင်ငံကလူတော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တော်တော်များများလည်းကြည့်ဖူးကြမယ့်ကားဖြစ်ပါလိမ့်မယ် ကျွန်တော်ကတော့ ဘာသာပြန်ရင်းနဲ့မှစကြည့်ဖူးတာပါ ဇာတ်လမ်းတစ်ခုလုံးမှာမျောသွားလို့ စိတ်ထိန်းပြီး ဘာသာဆက်ပြန်ရတဲ့အထိပဲ အခုကျွန်တော်ပြောမှာကတော့ ဇာတ်လမ်းအကျဉ်းတွေ review စမာကလာ စတာတွေမဟုတ်ပဲ ကျွန်တော့ စိတ်ခံစားချက်အနည်းငယ် ထည့်ပြောပြသွားမှာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို မပြောပြခင်မှာ ဇာတ်ကားပြီးသွားတဲ့အချိန်မှာ ကျွန်တော် လူတစ်ယောက်နဲ့စကားပြောရင်းနဲ့ ရုတ်တရက် ထပြောမိလိုက်တဲ့ နားလည်မှု ဆိုတဲ့စကားကိုသတိရမိတယ် အချစ်မှာမှမဟုတ်ပါဘူး ကျွန်တော်တို့နေ့စဉ်သွားလာနေထိုင်တဲ့ ပတ်ဝန်းကျင်ကြီးဆိုတာကလည်း နားလည်မှုတွေနဲ့တည်ဆောက်ရတယ် အလုပ်ထဲမှာလည်း နားလည်မှုကို တည်ဆောက်ရသလို မိသားစု သူငယ်ချင်းအပေါင်းအသင်း ထိုနည်း၎င်းပဲ ဒါပေမယ့် ဒီလိုအဆင့်တွေမပြောပါနဲ့ လူငယ်သဘာဝ ချစ်သူရည်းစားကာလမှာတောင် ကြာရှည်မြဲဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက်နားလည်နိုင်ဖို့လိုအပ်ပါတယ် နောက်ပြီး နားလည်မှုဆိုတာက နှစ်လရက်တွေအရ သတ်မှတ်တထားတာလည်းမဟုတ်ပါဘူး ၁ဝနှစ်လောက် လက်တွဲလာခဲ့ပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက်နားမလည်နိုင်သလို ၃လလောက်နဲ့ နားလည်မှုအပြည့်ရသွားတာလည်းရှိပါတယ် သို့ပေမယ့် နားလည်မှုဆိုတာကြီးက အတင်းလုပ်ယူတည်ဆောက်လို့ရတာမဟုတ်တဲ့အတွက် လူမှန်နေရာမှန်ရှိဖို့တော့လိုပါတယ် လူတစ်ယောက်ကို နားလည်အောင်ဘယ်လိုလုပ်ရမလဲလို့ ကျွန်တော့ကိုမေးတော့ အဲ့လူကိုချစ်လာတာနဲ့ အလိုလိုနားလည်သွားပါလိမ့် မယ်လို့ပဲ ဖြေခဲ့ဖူးတယ် တခါတလေတော့ ကိုယ့်ကိုယ်ကိုတောင်နားမလည်ချင်တဲ့လူတွေအတွက်ကျတော့ သူတစ်ပါးကိုနားလည်နိုင်ဖို့ဆိုတာ အရမ်းဝေးကွာလွန်းပါတယ် ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း အဓိကဇာတ်ကောင် ဖြစ်သူ ပရီမို အနာဂတ်ကို စိတ်ကူးအိပ်မက်တွေနဲ့ပဲပုံဖော်ချင်တဲ့သူ လိုချင်တဲ့အရာအတွက်အလျော့မပေးတတ်တဲ့စိတ်ရှိပေမယ့် ဝါသနာနဲ့စိတ်ခံစားချက်ကို မတရားဦးစားပေးလွန်းတဲ့ကောင် အတိုချုပ်ပြောရရင် လက်တွေ့နဲ့မနီးစပ်တဲ့လူပေါ့ နောက် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျော့ဂျ် သေချာတဲ့အနာဂါတ်ဖြစ်တဲ့ ဆရာဝန်အိပ်မက်ရယ် မိသားစုကိုထားခဲ့တဲ့အဖေကို သွားတွေ့ချင်တဲ့ လက်တွေ့ဖြစ်လာနိုင်တဲ့အိပ်မက်ကို ပုံဖော်ချင်တဲ့သူ သူတို့နှစ်ယောက်ကို ...
7.5
IMDB: 7.5/10 2,184 votes
movie

The Hows of Us (2018)

2018
Web-DL 1080p 6CH