Burmese Subtitle

Chunky Pandey

Housefull 4 (2019) 3.4
Housefull 4 (2019) "Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။ အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။ လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။ အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ…. အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့…..။ ————————————————- ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ ခုခေတ် အကမင်းသားကို ရှေးခေတ်က အကနတ်ဘုရားအဖြစ် ထည့်ထားတာမျိုး၊ ဘူဟူဘာလီတူအဖြစ် ဘာဟူဘာလီဇာတ်ကားထဲ သရုပ်ဆောင်ခဲ့သူကို မင်းက ဘာဟူဘာလီ တူလား ဆိုပြီး မေးတာမျိုး၊ ...
3.4
IMDB: 3.4/10 7,543 votes
movie

Housefull 4 (2019)

2019
Web-DL 1080p 6CH
Housefull 3 (2016) 5.0
Housefull 3 (2016) Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့ သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ် ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူ အမျိုးသားသုံးယောက်မှာ နည်းလမ်းမျိုးစုံဖြင့် ၄င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။ နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။ (Review credit to The Mirror ...
5.0
IMDB: 5.0/10 7,414 votes
movie

Housefull 3 (2016)

2016
BluRay 1080p 6CH