Burmese Subtitle

Chang Hyae-jin

Parasite (2019) 8.6
Parasite (2019) Parasite (2019) အရမ်းဆင်းရဲကျပ်တည်းနေတဲ့ မိသားစုတစ်စုရှိပါတယ်။ ဘယ်လောက်မွဲနေလဲဆို မိသားစု လေးယောက်လုံး အလုပ်အကိုင်မရှိ။ ဖုန်းဘေမရှိ။ အင်တာနက်တောင် ဘေးအိမ်က password မထည့်ထားတာတွေ လိုက်ရှာပြီး လိုင်းမိတဲ့ အိမ်သာဘေးမှာ ဝင်ထိုင်ပြီးသုံးနေရလောက်အောင် မွဲတယ်။ ဒါပေမဲ့ တစ်ရက်မှာ ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်လာပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းက သူနိုင်ငံခြားမထွက်ခင် သူလုပ်နေတဲ့ စာသင်ပေးတဲ့ guide အလုပ်ကို ကိုယ်စားဝင်လုပ်ပေးပါတဲ့။ ကျောင်းမပြီးလည်း ပြီးတယ်ဆိုပြီး လိမ်ပြီးလုပ်တဲ့။ ဒါနဲ့ပဲ အဲကောင်လေးက ကျောင်းပြီးကြောင်း စာရွက်စာတမ်းအတုတွေလုပ်ပြီး အင်မတန်မှ ချမ်းသာလှတဲ့ သူဌေးမိသားစုဆီမှာ သွားပြီး guide လုပ်ပေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ တစ်ခေါက် လိမ်ပြီးသွားတဲ့အတွက် ထပ်လုပ်ချင်လာတာနဲ့အမျှ ဒီဆင်းရဲသား မိသားစုဟာ ဒီချမ်းသာပြီး သဘောကောင်းတဲ့ မိသားစုအပေါ်မှာ တဖြည်းဖြည်း လိမ်လည်လာရင်း ကပ်ပါးကောင်တွေလို ဖြစ်လာခဲ့ပါတော့တယ်။ Review Credit to Datshin FB Page
8.6
IMDB: 8.6/10 8,143 votes
movie

Parasite (2019)

2019
BluRay 1080p 6CH