Burmese Subtitle

Betty Gilpin

The Hunt (2020) 6.5
The Hunt (2020) MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 57,554 votes
movie

The Hunt (2020)

2020
BluRay 1080p 6CH
The Grudge (2020) 4.1
The Grudge (2020) The Grudge (2020) မြန်မာစာတန်းထိုး ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။ Jump scare အများစုကို သုံးထားတာမို့ အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့ သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက် မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်း ကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက် သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီး မူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါ ဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကို ကျော်လွှားဖို့ကြိုးစားရပါတော့တယ် Review Credit
4.1
IMDB: 4.1/10 11,007 votes
movie

The Grudge (2020)

2020
BluRay 1080p 6CH
A Dog’s Journey (2019) 7.4
A Dog’s Journey (2019) Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်မရှိရင် မပျော်ရွှင်နိုင်ဘူးလို့ ဆိုကြပါတယ် ဒီကားမှာတော့ သခင့်ကို သစ္စာရှိစိတ် ပြင်းထန်လွန်းတဲ့ ခွေးလေး ဘေလီအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် အီသန်နဲ့ဟန်နာတို့မှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ် အရမ်းကိုအရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါ သူတို့ဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာ ချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူ စီဂျေ တို့နဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့ ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါ ခေါ်ကာ အိမ်ပေါ်ကဆင်းသွားပါတော့တယ် အီသန်နဲ့ဟန်နာလည်းရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ် အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့ တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့် အချိန်မှာတော့ သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ် အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီး အတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖို့ပါပဲ သခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့ ဘေလီလေးဟာ နောက်ဘ၀မှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့ သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ် အီသန်ကိုလည်းတခြားဘ၀မှာတောင်သူမှတ်မိနေပြီး သူ့သခင်ရဲ့ စိတ်ဆန္ဒကို မဖြည့်ဆည်းပေးရမချင်း သူ့ခရီးမပြီးဆုံးသေးဘူး ဆိုတဲ့ စိတ်နဲ့ပဲ သစ္စာရှိ ရှင်သန်နေခဲ့ပါတယ် သူ့သခင်ရဲ့စိတ်ဆန္ဒကို သူဖြည့်ဆည်းပေးနိုင်ပါ့မလား အီသန်ကရော တစ်ဖန်၀င်စားလာတဲ့ ခွေးလေးကို သူ့ခွေးလေး ဘေလီမှန်းမှတ်မိပါ့မလား ဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘဝတွေအဆက်ဆက်ကျော်ဖြတ်ပြီး သခင့်စိတ်ဆန္ဒကိုဖြည့်ဆည်းပေးတဲ့ ခွေးလေးဘေလီ့ကို ချစ်ခင်ဖွယ်.. သနားဖွယ် စိတ်ထိခိုက်ဖွယ် ကြည့်ရှုရမှာပါ မျက်ရည်ခိုင်မှကြည့်ဖို့တော့ အကြုံပြုချင်ပါတယ် Review Credit to CM
7.4
IMDB: 7.4/10 8,700 votes
movie

A Dog’s Journey (2019)

2019
BluRay 1080p 6CH