Burmese Subtitle

Ayaan Khan

Life of Pi (2012) 7.9
Life of Pi (2012) Life of Pi ကြည့်ပြီးအာချောင်ခြင်း ••••••••••••••••••••••••••••••••••••••• "Life of Pi" ဇာတ်ကား အဆုံးမှာ ဇာတ်လမ်းနှစ်မျိုးဖြင့် ဒါရိုက်တာ နဲ့ မူရင်းစာရေးဆရာကကျွန်တော်တို့ကို အံ့အားသင့် သွားစေသည်။ ပထမဇာတ်လမ်းက ဇာတ်လမ်းတစ်လျှောက်လုံးကျွန်တ်ာတို့ကိုပြသလို သင်္ဘောပျက်ပြီး တိရစ္ဆာန်လေးကောင် နဲ့ ကောင်လေးတစ်ယောက် လွတ်လာသည်။ ခြေကျိုးနေသော မြင်းကျားကို တောခွေးက, စားသည်။ တောခွေးနဲ့လူဝံမ တိုက်ခိုက်ကြပြီးလူဝံမ သေသွားသည်။ တောခွေးကိုကျားကသတ်စားပစ်သည်။ ထို့နောက်ကောင်လေးနဲ့ ကျား နှစ်ပါးသွားခရီးစဉ် အသားစားကျွန်းမျောတွေ ဘာတွေဖြတ်ပြီး (၂၂၇) ရက်အကြာမှာ မက္ကစီကိုကမ်းခြေသို့ရောက်သည်။ အဲ့မှာမှ သူက သင်္ဘောပျက်ရခြင်းအကြောင်းလာစုံစမ်းတဲ့ အာမခံကုမ္ပဏီမှလူနှစ်ယောက်ကို ပင်လယ်ထဲမှာဖြစ်ခဲ့တဲ့အကြောင်းတွေ ရှင်းပြသည်။ (ဇာတ်လမ်းထဲမှာတော့ စာရေးဆရာနဲ့ ကျွန်တော်တို့ကိုသူ့အကြောင်းပြန်ပြောပြတယ်ပေါ့) ဒါပေမယ့် ပေါင် ၄၅၀ ရှိတဲ့ ကျားကြီးနဲ့ အသက်၁၆နှစ်အရွယ်ကောင်လေးတစ်ယောက် (၂၂၇) ရက် ပင်လယ်ကျယ်ကျယ်ထဲ လှေငယ်လေးတစ်စီးနဲ့ အတူတူ ရှင်သန်ခဲ့တာ၊ အသားစားတဲ့လူပုံကျွန်းမျောကြီးဆိုတာတွေက သင်္ဘောပျက်တဲ့အကြောင်းလာ စုံစမ်းတဲ့ လူတွေအတွက်တော့ယုံစရာမကောင်းချေ။ တကယ့်အဖြစ်အပျက်တွေလို့ မယုံနိုင်တဲ့အခါ "Pi" ကနောက်ထပ်ပုံပြင်တစ်ပုဒ်ပြောသည်။ ...
7.9
IMDB: 7.9/10 538,969 votes
movie

Life of Pi (2012)

2012
BluRay 1080p 6CH