Burmese Subtitle

Antonio Banderas

The Skin I Live In 7.6
The Skin I Live In ၂၀၁၁ မှာထွက်ခဲ့တဲ့ Spanish ရုပ်ရှင်ဇာတ်ကားပါ။ ဒါရိုက်တာကြီး Pedro ရဲ့ဇာတ်လမ်းဖန်တီးမှုအား ကောင်းထားတာရယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ကာရိုက်တာတစ်ခုချင်းစီပီပြင်သက်ဝင်မှုတွေကြောင့်။ ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြားမှာ အတော်လေးနာမည်ရပြီး ပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအပါအဝင် တခြားပြည်ပနိုင်ငံများကပါ ဒီရုပ်ရှင်ကိုအခြေယူပြီး။ ပြန်လည်ရိုက်ကူးတာ‌တွေရှိခဲ့တယ်။ ဆုတွေလည်းအမြောက်အများ ရရှိထားတာဖြစ်လို့။ ဒါ့ထက်ပိုပြီး မညွှန်းလိုတော့ပါဘူး။ *** ဇာတ်လမ်းထဲမှာတော့ စိတ်ဝေဒနာသည်သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့တဲ့မဒိန်းကောင်ကို။ ကြောက်ခမန်းလိလိ လက်စားပြန်ချေခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့အငြိုးအတေးကြီးမှုကို မြင်တွေ့ရမှာပါ။ မဒိန်းကောင်ကိုဖမ်းဆီး ဘယ်သူမှမထင်မှတ်ထားတဲ့ လုပ်ရပ်ကြီးကိုဖန်တီးပြီး။ နေအိမ်မှာ လုံခြုံရေးအထပ်ထပ်နဲ့ဝှက်ထားခဲ့တယ်။ အချိန်ကြာလာတော့ သူစထားတဲ့ ဇာတ်လမ်းကနေကိုယ်တိုင်ရုန်းမထွက်နိုင်ပဲ ကမောက်ကမတွေ။ ဖြစ်ကုန်ပါလေရော။ အဆုံးသတ်မှာ ဘာဆက်ဖြစ်မလဲ မဒိန်းကောင်ကိုဘာလုပ်လိုက်တာလည်း ဆိုတာကြည့်ရမှာပါ။ 18+အခန်းတွေလိုအပ်တာထက် ပိုနေရုံကလွဲပြီး။ ကျန်တဲ့ဇာတ်လမ်းပိုင်းမှာတော့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဆိုတာ ငြင်းချက်ထုတ်လို့မရနိုင်ပါဘူး။ Movie Review by : Bhone Myat Zaw
7.6
IMDB: 7.6/10 134,396 votes
movie

The Skin I Live In

2011
BluRay 1080p 6CH
Dolittle (2020) 5.5
Dolittle (2020) Dolittle (2020) မြန်မာစာတန်းထိုး အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်… Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့… တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်… ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်… ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland, Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Review Credit
5.5
IMDB: 5.5/10 21,107 votes
movie

Dolittle (2020)

2020
BluRay 1080p 6CH