Burmese Subtitle

Andrew Bachelor

Greenland (2020) 6.3
Greenland (2020) ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်… နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်… သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိ ရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်…အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလို ကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့ စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်…ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်…သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာ မှားယွင်းလာတဲ့အခါမှာတော့….. ဒီကားဟာမင်းသားကြီး  Gerard Butler အဓိကသရုပ်ဆောင်ထားတဲ့ကားပါ ..ဇာတ်လမ်းစပြီး ၁၅မိနစ်လောက်ထဲက စကြမ်းပါတယ်..’ ရိုက်ချက်တွေ တော်တော်ကြီးမိုက်သလို သဘာဝဘေးဒဏ်ကြောင့် အသတ်ဘေးလုနေရတဲ့ ဒုက္ခသည်တွေကြားထဲကို ကိုယ်ပါရောက်နေသလိုခံစားရပါတယ်…ပြီးတော့အရေးကြုံရင် ထွက်ပေါ်လာတတ်တဲ့လူ့စိတ်တွေကိုလည်းပြထားသလို ဇာတ်လမ်းကလည်းမိုက်တဲ့အတွက် ဒီလို ဘေးဒဏ်ကားတွေကြိုက်တဲ့သူများအဖို့ နင်းကန်ကြည့်သင့်ပါတယ်… Review Credit
6.3
IMDB: 6.3/10 26,064 votes
movie

Greenland (2020)

2020
BluRay 1080p 6CH
To All the Boys I’ve Loved Before (2018) 7.2
To All the Boys I’ve Loved Before (2018) ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် Netflix ရဲ့ ဇာတ်ကားကောင်းတွေထဲကတစ်ခုဖြစ်တဲ့ romantic ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ လာမယ့် ၁၂ရက်နေ့မှာ ဒီကားရဲ့အပိုင်းသစ်ထပ်ထွက်မှာဆိုတော့ အခု ပထမတစ်ပိုင်းကို မကြည့်ရသေးတဲ့သူတွေအတွက် ဒါမှမဟုတ် ပြန်ကြည့်ချင်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်........ ဇာတ်လမ်းအညွှန်းလေးကတော့...... ကျောင်းမှာ အေးဆေးနေတတ်ပြီး စာတော်တဲ့ ကောင်မလေး လော်ရာဂျင်းနဲ့ Social ကျပြီး ခပ်မိုက်မိုက် ကောင်လေး ပီတာ ကယ်ဗင်စကီ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ လော်ရာဂျင်းဆိုတဲ့ ကောင်မလေးက အရမ်းကိုလျို့ဝှက်တတ်ပြီး သူမရဲ့ စာအုပ်တွေနဲ့ စိတ်ကူးကမ္ဘာထဲမှာ ပျော်မွေ့နေတတ်ပါတယ်။ သူမကြိုက်ခဲ့တဲ့သူတွေဆို ရည်းစားစာတွေ ရေးထားပြီး သိမ်းထားလေ့ရှိပါတယ်။ တနေ့တော့ သူမရဲ့ညီမလေး ကတ်တီက ရည်းစားစာတွေကို သူမ ကြိုက်ခဲ့တဲ့ ကောင်လေးတွေဆီ ပို့လိုက်တဲ့အခါမှာတော့ သူမရဲ့ အချစ်ဇာတ်လမ်း ဘယ်လိုဖြစ်မယ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှူရမှာပါ။ လူကြိုက်များတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားလုံးနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Parris ဘဲဖြစ်ပါတယ်
7.2
IMDB: 7.2/10 71,941 votes
movie

To All the Boys I’ve Loved Before (2018)

2018
Web-DL 1080p 6CH