Burmese Subtitle

Andre Ward

Creed II (2018) 7.1
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်… ၁၉၇၆ခုနှစ်​ကတည်​းက စတင်​ခဲ့တဲ့ မင်​းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်​ဝှေ့ကားတွေဟာ ဆယ်​စုနှစ်​များစွာကြာညောင်​းခဲ့ပေမဲ့ အခုချိန်​ထိ အောင်​မြင်​စွာရှင်​သန်​နေဆဲပါ ပရိသတ်​တွေရဲ့ တစ်​ခဲနက်​အားပေးမှုကြောင်​့ ဇာတ်​ကားတိုင်​းဟာလည်​း rating မြင်​့မားလှပါတယ်​ ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည်​့ကို မိတ်​ဆက်​ပေးခဲ့ပါတယ်​ အဲဒီဇာတ်​ကားလေးကလည်​း ဆုတံဆိပ်​များစွာနဲ့အတူ ပရိသတ်​တွေရဲ့သဘောကျနှစ်​ခြိုက်​မှုကို ထိန်​းသိမ်​းထားနိုင်​ခဲ့ပါတယ်​ ၂၀၁၈ခုနှစ်​မှာတော့ Creed 2 ကို ပရိတ်​သတ်​တွေဆီ ပို့ဆောင်​ပေးခဲ့ပြန်​ပါတယ်​ အရင်​ကားတွေအတိုင်​းပါပဲ စွဲဆောင်​မှုရှိရှိနဲ့ ပရိသတ်​ကို ဖမ်​းစားခဲ့ပြန်​ပါတယ်​ ကမ္ဘာ့ဟဲဗီးဝိတ်​ချန်​ပီယံတစ်​ယောက်​ရဲ့ရွှေခါးပတ်​ကို ရရှိဖို့ဆိုတာ မလွယ်​ကူသလို ထိန်​းသိမ်​းဖို့ဆိုတာလည်​း သိပ်​ကိုခက်​ခဲပါတယ်​ ဒီဇာတ်​ကားထဲမှာ ချန်​ပီယံဘွဲ့ကို ထိန်​းသိမ်​းရတဲ့ လက်​ဝှေ့သမားတစ်​ယောက်​ရဲ့ဘဝကို ကိုယ်​ချင်​းစာမိသွားအောင်​ ရိုက်​ပြထားပါတယ်​ ဝါသနာကြောင်​့ လုပ်​နေပေမယ်​့ နာကျင်​မှုကို လူတိုင်​း ကြောက်​ပါတယ် ​ ဒါ့အပြင်​ အချိန်​မရွေး ကြိုးဝိုင်​းထဲမှာ အသက်​ဆုံးရှုံးသွားနိုင်​ပါသေးတယ် ​ လက်​ဝှေ့ရဲ့သဘောတရားကိုက သူတစ်​ပါးကိုနာကျင်​အောင်​လုပ်​ရတာပါ သူတစ်​ပါးကို နာကျင်​စေချင်​ရင်​တော့ ကိုယ်​ကိုတိုင်​လည်​းနာကျင်​မှုကို ကြောက်​နေလို့မဖြစ်​ပါဘူး နာကျင်​မှုကို ပိုပြီးခံနိုင်​ရည်​ရှိတဲ့သူက ရေရှည်​မှာ ပိုပြီးအနိုင်​ရဖို့များပါတယ်​ အောင်​မြင်​မှုရဲ့ အရသာဟာ နာကျင်​မှုတွေကို စက္ကန်​့ပိုင်​းအတွင်​းပျောက်​အောင်​ကုစားနိုင်​တယ်​ဆိုတဲ့ ရသကိုအပြည်​့အဝပေးစွမ်​းနိုင်​တဲ့ ဇာတ်​ကားကောင်​းတစ်​ကားဖြစ်​လို့ ကြည်​့လို့ကောင်​းမယ်​ဆိုတာ ရဲရဲကြီးအာမခံပါတယ်​… Review Credit to CM
7.1
IMDB: 7.1/10 92,092 votes
movie

Creed II (2018)

2018
BluRay 1080p 6CH