Burmese Subtitle

Abigail Breslin

Zombieland: Double Tap (2019) 6.9
Zombieland: Double Tap (2019) Zombie land ဆိုတာနဲ့ ဇွန်ဘီတွေနဲ့ သဘာဝကျကျ အပီပြင်ဆုံးရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားကိုပြေးမြင်မိကြမှာပါ။ ဇာတ်လမ်းကျဉ်းလေးကိုလဲ တင်ပြလိုပါသေးတယ်။ ကမ္ဘာကြီးကို ဇွန်ဘီတွေအုပ်စိုးကာ လူသားတွေခက်ခက်ခဲခဲအသက်ရှင်နေရချိန်ပါ။ ကိုလံဘတ်စ်ရယ် တယ်လာဟတ်ဆီရယ် ဝီချီတာ ညီအမရယ် ပေါင်းစည်းသွားတာ 2009 movie မှာကတည်းကအားလုံးသိပြီးသားဖြစ်မှာပါ။။ အခု 2019ထွက်ကားထဲ မှာတော့ ကိုလံဘတ်စ်ရယ် တယ်လ်လာဟတ်ဆီရယ် ဝီချီတာရယ် လစ်တဲရော့ရယ် တို့ဟာ မိသားစုတစ်ခုလိုကိုလှုပ်ရှားနေကြပါပြီ။ လစ်တဲရော့ကတော့ဆယ်ကျော်သက်သက်ပီပီ ချစ်သူရည်းစားရှာကာ စွန့်စားခန်းတွေဖွင့်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ တစ်ဖက်မှာတော့ ဇွန်ဘီတွေကလဲ တိုးတက်ပြောင်းလဲကာ အဆင့်တွေမြင့်လာပါပြီ။ တစ်နေ့မှာတော့ လစ်တဲရော့ခ် တစ်ယောက် ထွက်သွားပါတော့တယ်။ ထွက်သွားတာကလဲ ငြိမ်းချမ်းရေးလိုလားသူ ဂီတသမား ဟစ်ပီတစ်ယောက်နဲ့ပါ။ ဇွန်ဘီတွေ အဆင့်မြင့်လာလို့ အန္တရာယ်တွေအရမ်းများနေတဲ့အချိန်မှာ ထွက်သွားတဲ့ လစ်တဲရော့ခ်နောက်ကို လိုက်လံရှာဖွေရပါတော့တယ်။ အဆင့်မြင့်ပြီး သတ်ရခက်ခဲတဲ့ ဇွန်ဘီတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ? လမ်းမှာရော ဘာတွေတွေ့ကြုံရမလဲ?Zombieland ရဲ ့ ထုံးစံအတိုင်း ဟာသနှောကာ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ။ Review Credit to CM
6.9
IMDB: 6.9/10 61,943 votes
movie

Zombieland: Double Tap (2019)

2019
BluRay 1080p 6CH
Zombieland (2009) 7.6
Zombieland (2009) Zombieland ဆိုတာကတော့ အကောင်းဆုံး Zombie ဇာတ်တွေထဲမှာ ပါဝင်တဲ့ Zombie ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ် ကိုလမ်ဘတ်(စ်) လို ့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာ သူအသက်ရှင်နေထိုင်နိုင်ဖို ့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး Zombie တွေသာ ကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ် အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့် လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ် ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ ့ရဲ ့ စည်းမျဉ်းစည်းကမ်းတွေနဲ ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ် တစ်နေ ့မှာတော့ သူ ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ ့ဆုံတွေ ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ် ဒီလိုနဲ ့ ခရီးဆက်ရင်း သူတို ့ဟာ စျေးဝယ်စင်တာ တစ်ခုမှာ လိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ ညီအမနှစ်ဦးနဲ ့တွေ ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ် နောက်ပိုင်းမှာတော့ သူတို ့၄ ယောက်ပေါင်းမိသွားကြပြီး လိုရာခရီးကို ဆက်သွားခဲ့ကြတယ် နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ ...
7.6
IMDB: 7.6/10 489,949 votes
movie

Zombieland (2009)

2009
BluRay 1080p 6CH