Robocop ဆိုရင်လူတိုင်းလည်းသိကြမယ် ထင်ပါတယ်
စက်ရုပ်ရဲ ဆိုပြီး ငယ်ငယ်က အခွေဆိုင်တွေမှာ သွားပြီး ငှါးကြည့်ရခဲ့တာတောင်ပြန်ပြီးသတိရစေခဲ့မိပါတယ်
၁၉၈၇ ခုနှစ်ထွက်ရှိထားတဲ့ ဒီ Robocop မှာဆိုရင်
ရဲသား မာဖီဆိုသူ က ဒုစရိုက်မှုတွေ နှိမ်နင်းရင်း
မမျှော်လင့်ပဲ အင်အားမမျှကာ ရဲသား မာဖီ တစ်ယောက်
မရှုနိုင်မကယ်နိုင် ဘဝရောက်သွားခဲ့ချိန်မှာတော့
Omni Consumer Products (OCP) ဆိုတဲ့ နည်းပညာ နဲ့ စစ်လက်နက် အထောက်အပံ့ ကုမ္ပဏ္ဏီကနေပြီး
မာဖီကို စက်ရုပ်ရဲ အသွင်ပြောင်းပေးခဲ့ရာမှာတော့
ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ပြောဖို့မလိုအောင်ထိ သိပြီးတဲ့သူတွေလည်းရှိကြမှာပါ
ဒီ ဇာတ်ကားလေးကို တကူးတကပြန်ဆက်တင်ဆက်ထားနိုင်အောင်လို့
ဘာသာပြန် PK မှ အကောင်းဆုံးတင်ဆက်ပေးထားပြီး ကျွန်တော်တို့ BS မှ
အကောင်းဆုံး ကွာလတီနဲ့ ခံစားကြည့်ရှုနိုင်ပါပြီဗျာ