Burmese Subtitle

2020

Greyhound 7.1
Greyhound အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ…ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ… သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်…. ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ….ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်…ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့….ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်….ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို ...
7.1
IMDB: 7.1/10 36,852 votes
movie

Greyhound

2020
Web-DL 1080p 6CH
Scoob! 5.8
Scoob! 2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။ စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ် လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ ...
5.8
IMDB: 5.8/10 9,306 votes
movie

Scoob!

2020
Web-DL 1080p 6CH
Bloodshot 5.7
Bloodshot Bloodshot (2020) ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပ။ ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။ တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကို သူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့ စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။ အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။ Credit Review
5.7
IMDB: 5.7/10 41,151 votes
movie

Bloodshot

2020
BluRay 1080p 6CH
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 6.1
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) Birds of Prey (2020) DC ရဲ့ စူပါဟီးရိုး ရုပ်ရှင်အသစ် ထွက်လာပါပြီ။ ဒီဇာတ်လမ်းကတော့ ဆူဆိုက်စကွက်ထဲမှာ အားလုံးအားကျကြတဲ့ စုံတွဲလေးဖြစ်တဲ့ ဂျိုကာ နဲ့ ဟာလေကွင်းတို့ရဲ့ နောက်ဆက်တွဲပါပဲ။ ဇာတ်လမ်းအစမှာ ဟာလေကွင်းနဲ့ ဂျိုကာတို့ လမ်းခွဲရတာကနေ စပါတယ်။ လမ်းခွဲအပြီးမှာ နဂိုက ဟာလေကွင်းကို ချဉ်နေတဲ့ တစ်မြို့လုံးနီးပါးဟာ ဂျိုကာကိုမပူရတော့တဲ့အတွက် ဟာလေကွင်းကို အမဲဖျက်ဖို့ လိုက်လာကြပါတော့တယ်။ ဟာလေကွင်းကတော့ “သူက ဂျိုကာမရှိဘဲ မနေနိုင်ပါဘူးတို့၊ ခဏနေ ပြန်တွဲမှာပါပဲ၊ ဂျိုကာလက်ဖြောက်တီးလိုက်တာနဲ့ ရင်ခွင်ထဲပြန်ပြေးဝင်မှာပါ” တို့ သူငယ်ချင်းတွေက ဒီလိုအတင်းတုပ်တာတွေကို မကျေနပ်တာပေါ့။ ဒါကြောင့် တကယ်ပြတ်ပြီဆိုတာ သက်သေပြဖို့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး စခဲ့တဲ့ ဓာတုစက်ရုံကြီးကို ဖျက်ဆီးပစ်လိုက်ပါလေရော။ ဒီနောက်မှာတော့ ဂေါ့သမ်ရဲ့ နာမည်ကြီးမာဖီယားကြီးတစ်ယောက်က သူ့ကိုဖမ်းမိပြီးသတ်ဖို့လုပ်ပါတော့တယ်။ အသတ်ခံရမှာ ကြောက်သွားတဲ့ ဟာလေကွင်းက မာဖီးယားကြီးပျောက်သွားတဲ့ အရေးကြီးတဲ့ စိန်တုံးကြီးကို ရအောင်ရှာပေးမယ်လို့ အပေးအယူလုပ်ရင်း ပြန်လွတ်လာတာပေါ့။ နောက်ပိုင်းဇာတ်လမ်းကတော့ အဲဒီစိန်ကြီးကို ရှာဖို့ သူ့လိုပဲ ထက်မြက်တဲ့မိန်းမတစ်စုနဲ့ ပူးပေါင်းပြီး စွန့်စားခန်းဖွင့်ရတာတွေကို ပြထားတာပါ။ အားလုံးက သတ်ဖို့လိုက်နေတဲ့ ကလေးမလေးတစ်ယောက်ကို ကယ်ထားတာတို့၊ သူအဘိုးလိုချစ်တဲ့လူကြီးတစ်ယောက်ရှိတာတို့ တွေ့ရတော့ ဟာလေကွင်းက ထက်မြက်ရုံတင်မကဘဲ စိတ်ထားလေးကလည်း ...
6.1
IMDB: 6.1/10 117,876 votes
movie

Birds of Prey (and the Fantabulous Emancipation of One Harley Quinn)

2020
BluRay 1080p 6CH
Sonic the Hedgehog (2020) 6.6
Sonic the Hedgehog (2020) Sonic the Hedgehog (2020) အရင်လက ရုံတင်သွားတဲ့ သိပ္ပံစိတ်ကူးယဉ်ကားလေးပါ။ အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာ ရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့ သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ ဒီတော့ ရဲအရာရှိ သောမက် နဲ့ ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြ်ိုးစားရပါတော့တယ်။ ဆာနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီး ဗီလိန်နေရာကတော့ မတွေ့ရတော ကြာပြီဖြစ်တယ် မင်းသားကြိး ဂျင်မ် ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။ rating လည်း 6.8 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ် Review Credit
6.6
IMDB: 6.6/10 65,139 votes
movie

Sonic the Hedgehog (2020)

2020
BluRay 1080p 6CH
The Call of the Wild (2020) 6.8
The Call of the Wild (2020) စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။ စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ Credit Review
6.8
IMDB: 6.8/10 21,801 votes
movie

The Call of the Wild (2020)

2020
BluRay 1080p 6CH
Extraction (2020) 6.8
Extraction (2020) သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာအနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ။Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်းတိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်းပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။ Credit Review
6.8
IMDB: 6.8/10 72,683 votes
movie

Extraction (2020)

2020
Web-DL 1080p 6CH
Escape from Pretoria (2020) 6.7
Escape from Pretoria (2020) Escape from Pretoria (2020) ဒီဇာတ်ကားလေးဟာ ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ပါဝင်ထားတဲ့ထောင်ဖောက်ဇာတ်လမ်းလေးဖြစ်ပါတယ်တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုတွေကြောင့်တော်လှန်ရေးတွေဖြစ်ပေါ်နေတဲ့အချိန်အခါမှာ ပါဝင်လှုပ်ရှားခဲ့တဲ့လူနှစ်ယောက်ကို ထောင်ဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ် သူတို့နှစ်ယောက်ထောင်ထဲရောက်တဲ့အချိန်မှာနိုင်ငံရေးနဲ့အချုပ်ကျတဲ့လူတွေကိုစည်းရုံးပြီးထွက်ပြေးဖို့အကြံအစည်ကို အကောင်အထည်ဖော်ခဲ့ကြတယ်ဘက်စုံထောင့်စုံကစောင့်ကြည့်နေပြီးသံတံခါးအထပ်ထပ်နဲ့ထောင်ကနေ သစ်သားနဲ့သော့တူလုပ်ပြီးထွက်ပြေးဖို့ ကြိုးစားကြတဲ့ဒီဇာတ်လမ်းကတော့စိတ်ကူးယဥ်ဝတ္ထုမျိုးမဟုတ်ဘဲ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာမို့လို့အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် Credit Review
6.7
IMDB: 6.7/10 5,355 votes
movie

Escape from Pretoria (2020)

2020
BluRay 1080p 6CH
Track Down to the Origin of Wuhan Corona Virus
Track Down to the Origin of Wuhan Corona Virus Track Down to the Origin of Wuhan Corona Virus Epoch သတင်းဌာနက တင်ပြထားတဲ့ ဒီ Documentary ရဲ့အမည်ကတော့ Track Down to the Origin of Wuhan Corona Virus ဖြစ်ပြီး အခုချိန်မှာ ကပ်ဆိုးကြီးတစ်ခုလို ဖြစ်နေတဲ့ ကော်ရိုနာ ဗိုင်းရပ်စ်ရဲ့ ကနဦးပေါက်ဖွားရာကို သတင်းထောက်တစ်ယောက်ရဲ့အမြင်နဲ့ ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီ Documentary မှာတော့ Covid-19 ဆိုတဲ့ ကော်ရိုနာဗိုင်းရပ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီက ဖန်တီးတာလို့ အထောက်အထားမျိုးစုံ၊ အချက်အလက်မျိုးစုံနဲ့ စွပ်စွဲထားပါတယ်။ ကျွန်တော်တို့တွေ ရိုးရာသကြ်န်ကိုတောင် မပျော်လိုက်ရအောင် ခြောက်လန့်ခဲ့တဲ့ Covod-19 ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ပေါက်ဖော်ကြီးရဲ့ လက်ရာလား? ဒီ Documentary မှာ ကော်ရိုနာဗိုင်းရပ်စ်ဟာ တရုတ်က ဖန်တီးတာလို့ ချက်နဲ့လက်နဲ့ စွပ်စွဲထားပြီး ...
IMDB: /10 votes
movie

Track Down to the Origin of Wuhan Corona Virus

2020
Web-DL 1080p 6CH
Underwater (2020) 5.9
Underwater (2020) Underwater (2020) အားလုံးကြည့်ချင်ကြမယ့် သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ မင်းသမီး ခရစ္စတင်း စတီးဝပ် အဓိက ပါဝင်ထားပါတယ်။ Survival ကားလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုး သမုဒ္ဒရာကြမ်း ပြင်က စခန်းတစ်ခုမှာ နေတဲ့ သိပ္ပံပညာရှင် တစ်စုဟာ သူတို့ရဲ့ စခန်းကြီး ငလျင်ကြောင့် ပျက်စီးချိန်မှာ အသက်ရှင်ဖို့ကြိုး စားကြရပါတယ်။ သူတို့အတွက် ရေအောက်က အပျက်အစီးတွေ ထွက်ဖို့ခက်တာတွေနဲ့တင် မလုံလောက်ခဲ့ပါဘူး။ သမုဒ္ဒရာကြမ်းပြင်အောက်အနက်ထဲအထိ တူးဖော်ကြတဲ့အကျိုးဆက်အနေနဲ့ ကြောက်စရာ သတ္တဝါဆန်းတွေ ထွက်ပေါ် လာခဲ့တာပါ။ ဒီအန္တရာယ်မျိုးစုံကနေ အလွတ်ရုန်းဖို့ ကြိုးစားကြတဲ့ပုံကိုကြည့်ရမှာဖြစ်လို့ ဒီလိုရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ ကားပါပဲ။ Review Credit to CM
5.9
IMDB: 5.9/10 26,178 votes
movie

Underwater (2020)

2020
BluRay 1080p 6CH
Shimla Mirchi (2020) 4.7
Shimla Mirchi (2020) Shimla Mirchi (2020) ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့် သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲ ဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ် သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ် အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက် နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ် သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ် အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ် သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ် အဲ့ဒိအဖြေကတော့ … “ငါ့အမေ နင့်ကို ချစ်နေတယ် အဗီး” တဲ့ ကဲ ဒီသုံးပွင်ဆိုဇာတ်မှာ ဘာတွေရှုပ်ကုန်တာလဲ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျာ Review Credit to CM
4.7
IMDB: 4.7/10 748 votes
movie

Shimla Mirchi (2020)

2020
Web-DL 1080p 6CH
Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020) Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူးတွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနား ယူခွင့်မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲအရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရ ပါတယ်။ ဒီတော့ နောက်ဆုံးမှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်းကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေတာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။ Review Credit
6.9
IMDB: 6.9/10 59,730 votes
movie

Bad Boys for Life (2020)

2020
BluRay 1080p 6CH
The Invisible Man (2020) 7.2
The Invisible Man (2020) The Invisible Man (2020) February လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . . Review Credit
7.2
IMDB: 7.2/10 73,308 votes
movie

The Invisible Man (2020)

2020
Web-DL 1080p 6CH
Onward (2020) 7.5
Onward (2020) Onward (2020) ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ Credit Review
7.5
IMDB: 7.5/10 28,183 votes
movie

Onward (2020)

2020
Web-DL 1080p 6CH
The Grudge (2020) 4.1
The Grudge (2020) The Grudge (2020) မြန်မာစာတန်းထိုး ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။ Jump scare အများစုကို သုံးထားတာမို့ အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့ သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက် မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်း ကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက် သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီး မူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါ ဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကို ကျော်လွှားဖို့ကြိုးစားရပါတော့တယ် Review Credit
4.1
IMDB: 4.1/10 11,007 votes
movie

The Grudge (2020)

2020
BluRay 1080p 6CH
Superman: Red Son (2020) 6.3
Superman: Red Son (2020) Superman.Red.Son DC ရဲ့ဖန်တီးမှုလေးတစ်ခုပါ ဒီကားဟာဆိုရင် နိုင်ငံရေးအလှည့်အပြောင်းတွေ အာဏာရူးမိုက်မှုတွေကနေ ငြိမ်းချမ်းရေးဆီခေါ်ဆောင်သွားပုံတွေကို လှလှပပတင်ဆက်ပြထားတာပါ လူ့သဘာဝ လိုချင်တပ်မက်မှု တွေကနေဖြစ်လာတဲ့ပြဿနာတွေ တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက် ခံယူချက်တွေဟာ အင်အားကြီးလာတဲ့အခါကြောက်မက်ဖွယ်ကောင်းပုံတွေကို ရှင်းရှင်းလင်းလင်းသိမြင်လာစေအောင်ဖော်ပြထားတာလည်းဖြစ်ပါတယ် နိုင်ငံရေးအတွေးအခေါ်တွေအပြင် မတူညီတဲ့ခံယူချက်တွေ အတွေးအမြင်တွေကိုပါဆက်စပ်တွေးမိစေလာမှာပါ Animation တင်ဆက်ပုံကလည်းထူးခြားတဲ့အတွက် DC ရဲ့ဖန်တီးမှုလေးကိုကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ် Credit Review
6.3
IMDB: 6.3/10 4,866 votes
movie

Superman: Red Son (2020)

2020
BluRay 1080p 6CH
Dolittle (2020) 5.5
Dolittle (2020) Dolittle (2020) မြန်မာစာတန်းထိုး အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်… Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့… တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်… ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်… ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland, Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Review Credit
5.5
IMDB: 5.5/10 21,107 votes
movie

Dolittle (2020)

2020
BluRay 1080p 6CH
Hitman: Agent Jun (2020) 6.4
Hitman: Agent Jun (2020) Hitman: Agent Jun (2020) ၂၀၂၀ ရဲ့ ကိုရီယား အက်ရှင် အချစ် ဟာသကားလေး ကိုတင်ဆက်ပေးလိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ မင်းသားဟောင်းကြီး Sang-Woo Kwon ( The Divine Move 2 : The Wrathful, Love Again, Mystey Queen ) ထဲက မင်းသားနဲ့ ဟိုတလောက ဗိုလ်ကြီးကားထဲမှာ ဒိုဟေဂျီ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Woo-seul-hye Hwang နဲ့ ကျွန်တော်တို့ရဲ့ ဝိုင်ကီကီ ၁။၂ မှ မင်းသားဂျွန်ကီ (ကင်ချားနာ ကင်ချားနာ ) Yi-Kyeong Lee တို့အပြင် နာမည်ကြီး မင်းသားကြီးတွေနဲ့ တင်ဆက်ထားတဲ့ ဟာသကားပဲပြောရမလား အက်ရှင်ကာပဲပြောရမလား ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းလေးမှာတော့…… ငယ်စဉ်အရွယ်ကတည်းက ကာတွန်းဆွဲတာကိုဝါသနာပါခဲ့သော်လည်း စပိုင်လုပ်နေရတဲ့ ဂျွန် တစ်ယောက်.. တစ်နေ့မှာ သူဟာ စပိုင်အလုပ်ကိုစိတ်ကုန်သွားကာ စပိုင်အလုပ်မှာ နှုတ်ထွက်ဖို့ကြိုးစားခဲ့ပြီး ကာတွန်းရေးဆရာတစ်ယောက်ဖြစ်ခဲ့… ၁၅ နှစ်အကြာမှာ သူဟာ မိန်းမနဲ့ ကလေးနဲ့ ရပြီးတော့ ဆင်းရဲစွာရှင်သန်နေထိုင်ရင်း သူဝါသနာပါတဲ့ ကာတွန်းရေးဆရာဖြစ်အောင်လုပ်နေ… သူရဲ့ ကာတွန်းများမှာ အောင်မြင်မှုမရတော့ တစ်နေ့မှာ အရက်သောက်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ကာတွန်းအဖြစ်ပြန်လည်အသက်သွင်းကာ.. အွန်လိုင်းပေါ်တွင်ဖြန့်တင်မိသွား…… သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းရဲ့နောက်ကွယ်မှာ နိုင်ငံတော်လျို့ဝှက်ချက်တွေ စပိုင်လုပ်ငန်းအသေးစိတ်တွေပါနေတော့…. နိုင်ငံတော်က လျှို့ဝှက်ချက်များကိုထိန်းသိမ်းရန် လိုက်လှံ ဖမ်းဆီးရာကနေ……. အဲဒီအပြင် သူ့ရဲ့ ကာတွန်းစာအုပ်ထဲမှာ ပါနေတဲ့ အကြမ်းဖက်သမားကြီးကပါ သူ့ကိုလိုက်ရှာပြီပေါ့…… ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်မလဲ ...
6.4
IMDB: 6.4/10 104 votes
movie

Hitman: Agent Jun (2020)

2020
HD Rip 1080p
Spenser Confidential (2020) 6.2
Spenser Confidential (2020) Spenser Confidential (2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသား Mark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီး Netflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။ အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။ Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီး ထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာ ရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့ Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ Review Credit to CM
6.2
IMDB: 6.2/10 19,710 votes
movie

Spenser Confidential (2020)

2020
Web-DL 1080p 6CH
To All the Boys: P.S. I Still Love You (2020) 6.1
To All the Boys: P.S. I Still Love You (2020) To All the Boys: P.S. I Still Love You (2020) အားလုံးစောင့်မျှော်နေကြတဲ့ Romance ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..... အခု ဒုတိယအပိုင်းမှာတော့ Peter နဲ့ Laura Jean တို့ရဲ့ Romantic senseတွေကို အားကျစရာကောင်းလောက်အောင် မြင်တွေ့ရမှာပါ။ ဒါ့အပြင် Laura Jean ရည်းစားစာရေးခဲ့တဲ့ ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ John Ambrose ဆိုတဲ့ကောင်လေးပေါ်လာပြီး သူတို့သုံးယောက်ကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုလည်း မြင်တွေ့ရမှာပါ။ မကြည့်ရှုသေးတဲ့ပိရိသတ်တွေအတွက် ပထမအပိုင်းကို အောက်က linkမှာ ကြည့်ရှုလို့ရပါတယ်နော်။ Netflix ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်ဖြစ်လို့ အမြန်ကြည့်ရှု့လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်....
6.1
IMDB: 6.1/10 11,465 votes
movie

To All the Boys: P.S. I Still Love You (2020)

2020
Web-DL 1080p 6CH