Burmese Subtitle

2019

Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie

Angel Has Fallen (2019)

2019
4K HDR
The Room (2019) 6
The Room (2019) ကိတ် နဲ့ မတ် တို့ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့အိမ်ကြီးသို့ ပြောင်းရွှေ့နေပြီးတဲ့နောက် ထူးဆန်းတဲ့ လျှို့ဝှက် အခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အိမ်ကြီးထဲက အဲ့ဒီအခန်းရှေ့မှာ သူတို့ လိုချင်တဲ့ အရာမှန်သမျှ တောင်းဆိုနိုင်တယ်ဆိုတာ သိလာခဲ့ကြတယ် တန်ဘိုးရှိ မူရင်း ပန်းချီကားတွေ ဒေါ်လာသန်းပေါင်းများစွာနဲ့ စိန်တွေ အကောင်းစား အဝတ်စားတွေ စားသောက်စရာတွေ သူတို့လိုအပ်သမျှ အားလုံးကို ချက်ချင်းတောင်းဆို အကောင်အထည်ဖော်ပြီး အိမ်ကြီးထဲမှာ ပျော်ရွှင်စွာ နေထိုင် စားသောက်ခဲ့ကြတယ် သူတို့ လိုအပ်သမျှ အရာအားလုံးက အိမ်ကြီးထဲမှာပဲ လိုအပ်သလိုအသုံးပြုနိုင်ပြီး အိမ်အပြင်ဖက် အနည်းငယ်ရောက်သွားရင် တောင်းဆိုရယူထားတဲ့ အရာမှန်သမျှဟာ တဖြည်းဖြည်း အိုဟောင်းသွားပြီး မြေမှုန်အဖြစ် ပျောက်ကွယ်သွားတာကို ယောက်ျားဖြစ်တဲ့ မတ် က သိခဲ့ရတယ် တစ်နေ့ကျတော့ မိန်းမဖြစ်သူ ကိတ်က သူတို့မတတ်နိုင် မရရှိခဲ့တဲ့ အရမ်း လိုချင်နေတဲ့ ကလေးကို ပေးဖို့ အခန်းကို တောင်းဆိုလိုက်တယ် ကလေးရပြီး နောက်ရက်မှာ လေကောင်းလေသန့် ရှုရှိုက်ဖို့အတွက် ကလေးကို ပွေ့ချီပြီး အိမ်အပြင်ထွက်လိုက်တဲ့အချိန်မှာ ယောက်ျားဖြစ်တဲ့ မတ်က ချက်ချင်းပဲ ကလေးကို အိမ်အတွင်း အမြန်ပြန်ခေါ်လိုက်တယ် ကလေး ကလည်းမွေးကာစ ကလေးအဖြစ်ကနေ မူလတန်းအရွယ် ကလေးအဖြစ် ချက်ချင်းဆိုသလို့ ပျောင်းလဲသွားတော့တယ် အဲ့ဒီနောက်မှာတော့ ...... အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyaw Swar Winn Thant (ဘစွာ) ပဲဖြစ်ပါတယ်။
6
IMDB: 6/10 13,483 votes
movie

The Room (2019)

2019
BluRay 1080p 6CH
Pets United (2019) 3.9
Pets United (2019) စက်​ရုပ်​​တွေနဲ့ လည်​ပတ်​​နေတဲ့ ရိုဘိုလို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်…. တစ်မြို့လုံးသက်မဲ့တွေနဲ့လုပ်ရှားသလိုဖြစ်နေတဲ့ ဒီနေရာမှာ လေလွင့်ခွေးလေး ရော်ဂျာအတွက် အတော်အဆင်မပြေလှ….လေလွင့်ခွေးတွေ လိုက်ဖမ်းတဲ့ စက်ရုပ်ရဲတွေရန်ကိုရှောင်ရ အသက်ဆက်ဖို့ အစာရှာရတာလည်းခက်လှကိုး… ဒီလိုအချိန်မှာ မြို့တော်ဝန်ဟာ ရိုဘိုမြို့ကနေ လူတွေအားလုံးကိုပြောင်းရွှေ့ဖို့အမိန့်ထုတ်လိုက်တယ်… ဒါ့ကြောင့် ရိုဘိုမြို့က အိမ်မွေးတိရစ္ဆာန်တွေ တော်တော်များများ အိမ်ခြေမဲ့တွေဖြစ်ကုန်ကြတယ်… မြို့တော်ဝန်မှာ မသာမာမှုပေါင်းများစွာရှိနေနိုင်တာကို ခန့်မှန်းမိတဲ့ ရော်ဂျာတို့ အဖွဲ့တွေဟာမထူးဇာတ်ခင်းပြီး မြို့တော်ဝန်ရဲ့လျှို့ဝှက်ချက်တွေနဲ့ အဖျက်အမှောင့်တွေကို စုံစမ်းပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး…. Review Credit
3.9
IMDB: 3.9/10 1,606 votes
movie

Pets United (2019)

2019
Web-DL 1080p 6CH
The Lego Movie 2: The Second Part (2019) 6.6
The Lego Movie 2: The Second Part (2019) အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကို အကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။ အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့ သဘောကောင်းတဲ့သူလေးဆိုတော့ ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့ စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာ ဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား သူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကို ဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။ Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေက တော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင် ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ Review Credit
6.6
IMDB: 6.6/10 53,384 votes
movie

The Lego Movie 2: The Second Part (2019)

2019
BluRay 1080p 6CH
The Bad Guys: Reign of Chaos (2019) 6
The Bad Guys: Reign of Chaos (2019) မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကို ကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကို ကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့် ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကို လိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်…. ခံစားကြည့်ကြပါဦး… Review Credit
6
IMDB: 6/10 852 votes
movie

The Bad Guys: Reign of Chaos (2019)

2019
BluRay 1080p 6CH
EXIT (2019) 7
EXIT (2019) ဇတ်လမ်းပုံစံကတော့… ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ… အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ…. တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ် အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ  ဆိုတဲ့ ယောင်နမ် နဲ့ အရင်က တောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော.. ပျော်ရမယ် မကြံရသေးပါဘူး… ယောင်နမ်တို့ ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့ သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်… ယောင်နမ် ...
7
IMDB: 7/10 3,678 votes
movie

EXIT (2019)

2019
BluRay 1080p 6CH
How to Train Your Dragon: The Hidden World (2019) 7.5
How to Train Your Dragon: The Hidden World (2019) နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ နဂါးမုဆိုးတစ်ယောက်ပေါ်လာတယ်။ အဲအတွက် Hiccup ဟာ သူတို့ချစ်တဲ့ နဂါးတွေကို လူတွေလိုက်ရန်မပြုနိုင်တဲ့၊ နဂါးတွေပဲနေကြတဲ့ Hidden World ကို ပို့ပြီး ကယ်တင်ဖို့ ရင်နာနာနဲ့ ကြိုးပမ်းကြရပါတော့တယ်။ Review (Minor Spoiler alert) Dean Deblois ရဲ့ How to Train your Dragon ဇာတ်ကားတွေထဲမှာ အခုကားဟာ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ ဇာတ်သိမ်းဆိုတဲ့နေရာမှာလည်း အသိမ်းမတော်ရင် ...
7.5
IMDB: 7.5/10 98,831 votes
movie

How to Train Your Dragon: The Hidden World (2019)

2019
BluRay 1080p 6CH
The Cave (2019) 5.8
The Cave (2019) Documentary မဟုတ်ပါ…ဇာတ်လမ်းသွားနဲ့ ရိုက်ကူးထားတာပါ… ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ဒီကလေးတွေကို ကယ်ဆိုဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံစုံက ရေငုပ်သမားတွေ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အကြောင်းရယ် လူသားဆန်လှစွာ ကူညီကြတဲ့သူတွေအကြောင်းကို ရိုက်ကူးပြထားတာပါ… ပျောက်သွားတဲ့အကြောင်းကစလို့ ရေငုတ်သမားတွေ ပညာရှင်တွေ ပူးပေါင်းပြီး အဖြေထုတ်ရင်း ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်… ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောတွေအတွက် စာဖိုင် မထွက်လို့ ကိုယ်တိုင်စာဖိုင်လုပ်ပြီး နားထောင်ပြီး ဘာသာပြန်ပေးထားပါတယ်။ ရေသံတွေ လှိုင်ဂူသံတွေကြောင့် အသံတွေက သိပ်မရှင်းလို့ ကွက်လပ်လေးတွေ ပါပေမယ့် အရေးကြီးတဲ့အပိုင်းတွေကို အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ပေးထားပါတယ်…။ စာဖိုင် အမှန်ရရင်တော့ ထပ်ပြီး တင်ပေးပါဦးမယ်။ Review Credit - Channel Myanmar
5.8
IMDB: 5.8/10 644 votes
movie

The Cave (2019)

2019
BluRay 1080p 6CH
Miss & Mrs. Cops (2019) 5.8
Miss & Mrs. Cops (2019) Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါ အလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့ စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ် သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ ရဲမေတစ်ယောက်ပါပဲ တစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီး မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ် ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာ မတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိ ပြစ်မှုကကြီးမားနေတဲ့အခါမှာတော့.. သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာ ကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့.. သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် Review Credit - Channel Myanmar
5.8
IMDB: 5.8/10 618 votes
movie

Miss & Mrs. Cops (2019)

2019
BluRay 1080p 6CH
Cats (2019) 2.8
Cats (2019) James Corden, Judi Dench, Jason Derulo, Idris Elba, Jennifer Hudson, Ian McKellen, Taylor Swift, Rebel Wilson, နှင့် Francesca Hayward တို့လို နာမည်ကြီးတဲ့ သရုပ်ဆောင်ကြီးများသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ကဗျာပေါင်းချုပ် ကိုအခြေခံထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ် ဇာတ်လမ်း လေးအဖြစ်နဲ့ကတော့ စွန့်ပစ်ခံလိုက်ရတဲ့ကြောင်လေးတစ်ကောင်ဟာ လမ်းဘေးကြောင် ဂျလီကန်ကြောင်လို့ ခေါ်တဲ့ အုပ်စု တစ်ခုနဲ့သွားတွေ့မိပါတယ်။ ထိုကြောင်လေးဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကြောင်ပုံစံများဖြစ်တဲ့ အစားမတ်တဲ့ ကြောင် သူခိုးကြောင် လူဆိုးကြောင် ကြောင်လိမ္မာ အဲဒီလိုမျိုးကြောင်တွေနဲ့ တွေ့ဆုံပြီးတော့ မိတ်ဆက်ဖြစ်ပါတယ်။ ဂျလီကန် ကြောင်တွေမှာပွဲတော်တစ်ခုရှိတာက ဂျလီကန်ကြောင်အဖြစ်အရွေးခံလိုက်ရတဲ့ ကြောင်တစ်ကောင်က အခြားဘဝသစ်တစ်ခုကို စတင်ပြီး ခက်ခဲမှုတွေကိုကျော်လွားနိုင်မှာပါ… အဲဒီလို အရွေးခံရဖို့အတွက်လုပ်တဲ့ကြောင်တစ်ကောင် ဘယ်လိုဖြစ်သွားမလဲ… ဒီဇာတ်ကားလေးက သီချင်း ဇာတ်ကားပုံစံဖြစ်တာကြောင့်ထူးခြားတယ်လို့ပြောရင်း…. Review Credit
2.8
IMDB: 2.8/10 37,476 votes
movie

Cats (2019)

2019
BluRay 1080p 6CH
Extreme Job (2019) 7.1
Extreme Job (2019) IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ် Review Credit
7.1
IMDB: 7.1/10 5,679 votes
movie

Extreme Job (2019)

2019
BluRay 1080p 6CH
Alita: Battle Angel (2019) 4K HDR 7.3
Alita: Battle Angel (2019) 4K HDR ပရိသတ်ကြီးသိတဲ့အတိုင်းပါပဲခင်ဗျာ ဒါရိုက်တာကြီး James Cameron ဆိုတာ ရုပ်ရှင်လောကမှာ Titanic,The Terminator,Avatar ဆိုတဲ့ဇာတ်ကားတွေနဲ့အောင်မြင်မှုတွေတသီကြီးရယူထားပြီး လက်တွေ့ဘဝမှာလည်း သမုဒ္ဒရာထဲကအနက်ဆုံးဖြစ်တဲ့ မာရီယာနာချောက်ကြီးရဲ့ လူသားတွေရောက်ရှိဖူးသမျှထဲမှာ အနက်ဆုံးနေရာကိုလည်းရောက်ရှိခဲ့ဖူးသူပါ ကဲဒီလိုအောင်မြင်မှုတွေရရှိထားသူတစ်ယောက်က ဒီကားမှာလည်းနောက်ထပ် အကြီးအကျယ်အောင်မြင်မှုတစ်ခုရရှိလေဦးမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားရမှာတစ်ခုတည်းနဲ့ဒီကားကတန်နေပါပြီ ပရိသတ်ကြီးလည်း ဇာတ်ကားလေးကိုဘယ်လိုမြင်ပါသလဲ စာကြွင်းအနေနဲ့ကတော့ Live Action တွေဆို အမြဲတမ်း Fail နေတဲ့ Hollywood Movie တွေကဒီတစ်ကြိမ်မှာကော fail ပါသလား comment ထဲမှာချန်ထားပေးခဲ့ပါခင်ဗျာဆွေးကြနွေးကြငြင်းခုံကြရအောင်ဗျာသြော်ဒါနဲ့ Alita ဆိုတာ 1990 ဒီဇင်ဘာလတည်းကရေးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ပြစာအုပ်ကိုမှီညှိမ်းထားတာနော် Credit Review
7.3
IMDB: 7.3/10 220,268 votes
movie

Alita: Battle Angel (2019) 4K HDR

2019
4K HDR
Alita: Battle Angel (2019) 7.3
Alita: Battle Angel (2019) ပရိသတ်ကြီးသိတဲ့အတိုင်းပါပဲခင်ဗျာ ဒါရိုက်တာကြီး James Cameron ဆိုတာ ရုပ်ရှင်လောကမှာ Titanic,The Terminator,Avatar ဆိုတဲ့ဇာတ်ကားတွေနဲ့အောင်မြင်မှုတွေတသီကြီးရယူထားပြီး လက်တွေ့ဘဝမှာလည်း သမုဒ္ဒရာထဲကအနက်ဆုံးဖြစ်တဲ့ မာရီယာနာချောက်ကြီးရဲ့ လူသားတွေရောက်ရှိဖူးသမျှထဲမှာ အနက်ဆုံးနေရာကိုလည်းရောက်ရှိခဲ့ဖူးသူပါ ကဲဒီလိုအောင်မြင်မှုတွေရရှိထားသူတစ်ယောက်က ဒီကားမှာလည်းနောက်ထပ် အကြီးအကျယ်အောင်မြင်မှုတစ်ခုရရှိလေဦးမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားရမှာတစ်ခုတည်းနဲ့ဒီကားကတန်နေပါပြီ ပရိသတ်ကြီးလည်း ဇာတ်ကားလေးကိုဘယ်လိုမြင်ပါသလဲ စာကြွင်းအနေနဲ့ကတော့ Live Action တွေဆို အမြဲတမ်း Fail နေတဲ့ Hollywood Movie တွေကဒီတစ်ကြိမ်မှာကော fail ပါသလား comment ထဲမှာချန်ထားပေးခဲ့ပါခင်ဗျာဆွေးကြနွေးကြငြင်းခုံကြရအောင်ဗျာသြော်ဒါနဲ့ Alita ဆိုတာ 1990 ဒီဇင်ဘာလတည်းကရေးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ပြစာအုပ်ကိုမှီညှိမ်းထားတာနော်
7.3
IMDB: 7.3/10 220,268 votes
movie

Alita: Battle Angel (2019)

2019
BluRay 1080p 6CH
The Curse of La Llorona (2019) 5.5
The Curse of La Llorona (2019) Plot Social worker အမျိုးသမီးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ ကလေးတွေကို နှိပ်စက်ပြီး ဗီဒိုထဲ ထည့်ဖမ်းထားတယ်လို့ ထင်ရတဲ့ မိခင်တစ်ယောက်ကို ထိန်းသိမ်းပြီး ကလေးတွေကို ကယ်တင်ခဲ့တယ်ပေါ့၊ ကလေးအမေကတော့ သူလုပ်တာမဟုတ်ကြောင်း လာလာရိုနာ လာမှာစိုးလို့ဖြစ်ကြောင်း ပြောနေခဲ့ပေမဲ့ နားမလည်၊ နားမထောင်ခဲ့ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့သားသမီး ၂ ယောက်ကိုပါ ဒီ လာလာရိုနာ ဆိုတဲ့ သရဲမကြီး တစ်ယောက်က လာရောက်နှောင့်ယှက်လာတဲ့အခါမှာတော့ လာလာရိုနာ ဆိုတာ ဘယ်သူလဲ၊ သူဘာတွေနဲ့ ဘယ်လို တားဆီးပြီး သားသမီးတွေကို ကယ်တင်ရမလဲ။ ကြိုးပမ်းအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ Review ကောင်းတာလေးအရင်ပြောကြည့်မယ်ဆိုရင် လာလာရိုနာ ဟာ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ ရုပ်ရှင်စ လာကတည်းက အချိန်ဆွဲနေတာတွေ၊ မလိုအပ်ပဲ ရှည်နေတာတွေမျိုးမရှိဘဲ အရှိန်အဟုတ်အပြည့် သွားထားတယ်။ အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ တောက်လျှောက် ဆွဲဆောင်သွားနိုင်တယ်။ ခြောက်တာကလည်း လွှတ်ခြောက်တယ်။ Jump scare ...
5.5
IMDB: 5.5/10 16,664 votes
movie

The Curse of La Llorona (2019)

2019
BluRay 1080p 6CH
Annabelle Comes Home (2019) 6.0
Annabelle Comes Home (2019) [Unicode] ကျွန်တော် Annabelle:Comes Home ကိုreview မလုပ်သေးခင် အရုပ်ကလေးရဲ့နာမည် ကိုအသေချာမိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်က "အန်နာဘယ်လ်" ပါ။ တွေ့နေ ကြားနေရတဲ့တချို့တွေခေါ်သလို "အန်နာဘီလီ"တို့ "အန်နာဘဲလာ"တို့ မဟုတ်ပါဘူး။ အဲ့ဒီနာမည်က ဒီအရုပ်ကိုစတင်ဖန်တီးပြုလုပ်ခဲ့တဲ့Dollmaker "Mullins"ရဲ့ သမီးလေး "Annabelle Bee Mullins" ရဲ့ ရှေ့ဆုံးနာမည်ပါ။ အဲ့အကြောင်းကို နောက်နောင်များမှာအလျင်းသင့်လျှင်သင့်သလိုဖော်ပြပေးသွားပါဦးမယ်။ ဆိုတော့ကာ အခု Annabelle:Comes Home ဆီကိုသွားဖို့အတွက် Conjuring Universe အကြောင်းကို နည်းနည်းလေးပြောပြချင်တယ်။ C U မှာ ပထမဦးဆုံးအစပြုတဲ့ဇာတ်ကားက 1952 က Romania နိုင်ငံရဲ့ Saint Cartha ဘုန်းတော်ကြီးကျောင်းမှာ သီလရှင်တစ်ပါးသေဆုံးမှုနဲ့ ဇာတ်လမ်းစတဲ့ The NUN ပဲ ဖြစ်ပါတယ်။ အဲ့ဇာတ်ကားရဲ့ အဆုံးမှာ လယ်သမားMaurice Frenchie ဆီကို spiritပူးကပ်ပါသွားတာကိုအားလုံးသိကြမှာပါ။ အဲ့ဒီအဆက်ဟာ နှစ်၂ဝကြာပြီးတဲ့နောက် Edနဲ့Lorraine Warrenတို့နှစ်ယောက်က ...
6.0
IMDB: 6.0/10 30,216 votes
movie

Annabelle Comes Home (2019)

2019
BluRay 1080p 6CH
Journey to China: The Mystery of Iron Mask (2019) 4.6

Journey to China: The Mystery of Iron Mask (2019)

2019
BluRay 1080p 6CH
Uri: The Surgical Strike 8.3
Uri: The Surgical Strike "စစ်သားတစ်ယောက်အတွက်တော့ တိုင်းပြည်ဟာ ဘာသာရေးပြဋ္ဌာန်းချက်ပဲ ဖြစ်တယ် " ဒါ့ကြောင့် အသက်ပင်သေသေ အရိုးပင် ကျိုးကျိုး ဘာကိုမှ မမှု။ စစ်ဆင်ရေးတစ်ခုမှာ ငါတို့ကျဆုံးရင် သူရဲကောင်းဖြစ်မယ်။ ဒါမှမဟုတ် အိမ်ပြန်နိုင်တဲ့အခါကျရင်တော့ ကြိုဆိုသူတချို့ကို ပြန်ပြုံး နိုင်စေမယ်။ ငါတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ " အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ " အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ ယောကျ်ား ဘာသား ဟူ၍ တဇွတ်ထိုး ထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။ သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလို သေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ ဗီဟန် ဟာ ...
8.3
IMDB: 8.3/10 40,616 votes
movie

Uri: The Surgical Strike

2019
BluRay 1080p 6CH
Skyfire 5.2
Skyfire Action ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ တရုတ် အက်ရှင် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အညွှန်းအနေနဲ့ကတော့... တီအမ်နို ကျွန်းက အလွန်ကိုလှပတဲ့ ကျွန်းတစ်ကျွန်းပါ ပစိဖိတ်သမုဒ္ဒရာ နားက မီးတောင်တွေရှိတဲ့ ဒီကျွန်းလေးမှာ ဘူမိဗေဒပညာရှင်လေး Li Xiaomeng တစ်ယောက် မီးတောင် စောင့်ကြည့်လေ့လာရေး အတွက် သူ့အဖွဲ့နှင့်ရောက်ရှိနေခဲ့ပြီး မီးတောင်တွေရဲ့ အကြောင်းတွေ ကိုလေ့လာစူးစမ်းနေခဲ့ပါတယ်... ဒီဇာတ်ကားက မီးတောင်တွေ ကြားမှာ အလွန်ကိုသေသပ် ရိုက်ကူးတင်ဆက် ထားတဲ့ တရုတ်ရုပ်ရှင်ရဲ့ လက်ရာကို BS မှာ အလန်းစားကွာလတီနဲ့ ကြည့်ရှုခံစားလိုက်ပါ  
5.2
IMDB: 5.2/10 134 votes
movie

Skyfire

2019
Web-DL 1080p 6CH
Ashfall 6.4
Ashfall Koreaရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Lee Byung Hun, Ha Jung Woo, Ma Dong Seok, Bae Su Zyတို့ကို အတူတကွမြင်ရမယ့် Ashfall. Koreaမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ကြောက်စရာအကောင်းဆုံး Baekduမီးတောင် ပေါက်ကွဲမှုဟာ Koreaကျွန်းဆွယ် တစ်ခုလုံးပျက်စီးနိုင်တဲ့ အန္တရာယ် တစ်ခုဖြစ်လာပါတယ်။ Baekduမီးတောင်အောက်က ချော်ရည်တွေ ရှိနေတဲ့ အလွှာလေးခုဟာ တစ်ခုချင်းထပေါက်ကွဲထွက်လာပြီး ဆိုးရွားပြင်းထန်တဲ့ ငလျှင်တွေ အကြီးအကျယ်ဖြစ်ပေါ်စေပါတော့တယ်။ နောက်ဆုံး အလွှာပေါက်ကွဲခဲ့ရင်တော့ Koreaကျွန်းဆွယ်တစ်ဝက်နီးပါ ပျက်စီးမှာ ဖြစ်ပါတယ်။ Professor Kang Bong-Rae(Ma Dong-Seok)ဟာ Baekduတောင်ကနေ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ ၃နှစ်ကတည်းက လေ့လာခဲ့ပြီး အစိုးရကိုတင်ပြခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ နားမထောင်ခဲ့ဘူး။ အခုတော့ Baekduတောင်ကနေ ပေါက်ကွဲမှုဟာ Koreaကျွန်းဆွယ်အတွက် အန္တရယ်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ။ Baekduတောင် မီးတောင်ပေါက်ကွဲမှုရဲ့ နောက်ထပ် အကျိုးဆက်တွေကို အချိန်မီတားဆီးဖို့ ...
6.4
IMDB: 6.4/10 1,511 votes
movie

Ashfall

2019
BluRay 1080p 6CH