Burmese Subtitle

2015

Point Break (2015) 5.3
Point Break (2015) လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု….. မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့…. ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ အက်ရှင်ခန်းတွေ အများကြီးပါတဲ့အတွက် စတန့်ကားကြိုက်သူတွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းဖြစ်ကြောင်းပါခင်ဗျား . ...
5.3
IMDB: 5.3/10 57,962 votes
movie

Point Break (2015)

2015
BluRay 1080p 6CH
Masaan (2015) 8.2
Masaan (2015) Masaan ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကမတူညီတဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးနှစ်ခုပါ ကျောင်သားလူငယ်စုံတွဲပီရွတ်ရ် နဲ့ ဒေဗီ နှစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ ချိန်းတွေ့ကြရင်းရဲတွေက ဟိုတယ်အခန်းထဲအတင်းဝင်ရောက်ပြီး အသွင်ယူဖမ်းဆီးခြင်းကို ခံလိုက်ရတယ် စခန်းမှူးက ကောင်မလေးကိုဖုန်းနဲ့ ဗွီဒီယိုရိုက် မှတ်တမ်းယူတော့ ကောင်လေးကကြောက်လန့် ရေချိုးခန်းထဲဝင်ပြေး မိမိလက်ကောက်ဝတ်ကို ဓါးနဲ့လှီးပြီးအဆုံးစီရင်သွားတယ် အဲ့ဒီနောက် စခန်းမှူးက ကောင်မလေးအဖေကို ဗွီဒီယိုပြချိန်းခြောက်ပြီး ငွေညှစ်တော့တယ် ဗွီဒီယိုကို ယူကျူ့ပေါ်မတင်စေချင်ရင် ရူပီး ၃ သိန်းကို ၃ လ အတွင်းပေးရမယ် မပေးနိုင်ရင် ကောင်မလေးကိုကောင်လေး သေဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ထဲထည့်လို့ရတယ်လို့ ပြောတဲ့အခါ ... ဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာသေဆုံးသူတွေအတွက် အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ဖခင်ဖြစ်သူက မရှိဆင်းရဲပေမယ့် သမီးလေးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက်စခန်းမှူးတောင်းတဲ့ငွေကိုပေးဖို့ ငွေရှာရတော့တယ် ........ ဒီးပတ် ဆိုတဲ့ကောင်လေးကမြို့ပြအင်ဂျင်နီယာကျောင်းသားတစ်ယောက် ဂင်္ဂါမြစ်ကမ်းနားမှာရှိတဲ့ဇာတ်နိမ့်ဆင်းရဲတဲ့ရပ်ကွက်မှာနေပြီး သူအပါအဝင် မိသားစုအားလုံးကဂတ်ရှ် (ဂင်္ဂါမြစ်ထဲဆင်းတဲ့လှေကားများ) အနီးမှာ သေဆုံးသူတွေကို မီးရှို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ကြတယ် နောက်ပြီး သူ့မှာ ကဗျာဂီတကိုချစ်တဲ့ဇာတ်မြင့်မိသားစုက ရှာလူး ဆိုတဲ့ ကောင်မလေးနဲ့ ချစ်သူတွေပေါ့ချစ်သူနှစ်ဦးရဲ့ ဇာတ်နိမ့် နဲ့ ဇာတ်မြင့် မတူညီတဲ့မိသားစုကြားမှာ အဆင်မပြေနိုင်ဘူးဆိုတာ သူတို့နှစ်ဦး သိလာတဲ့အချိန်မှာကောင်မလေးက အခုမိသားစုနဲ့ ဘုရားဖူးသွားပြီး ပြန်လာရင်ကောင်လေးနောက် ခိုးရာလိုက်ခဲ့မယ်လို့ ပြောပြီးနောက်မှာတော့ ..... အညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Winn Thant ပဲဖြစ်ပါတယ်။
8.2
IMDB: 8.2/10 23,248 votes
movie

Masaan (2015)

2015
BluRay 1080p 6CH
Veteran (2015) 7
Veteran (2015) စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။ ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း  စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။ အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်
7
IMDB: 7/10 5,207 votes
movie

Veteran (2015)

2015
BluRay 1080p 6CH
Run All Night (2015) 6.6
Run All Night (2015) 2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ… မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ် Review - Credit
6.6
IMDB: 6.6/10 100,920 votes
movie

Run All Night (2015)

2015
BluRay 1080p 6CH
Focus (2015) 6.6
Focus (2015) Focus (2015) _____________ Death shotနဲ့ Harley Quinnကြီးပါတဲ့ ၂၀၁၅တုန်​းကထွက်​တဲ့အရမ်​း​ကောင်​းတဲ့ Focusဆိုတဲ့ကား​လေးပါ ဒါကတော့ IMD RATING 6.6ရထားတဲ့ Will Smithရဲ့ဇာတ်ကားကောင်းလေးတခုပါ Nickyဟာ Jessဆိုတဲ့မိန်းကလေးရဲ့ချိန်းခြောက်ငွေညှစ်ဖို့ကြိုးပမ်းတာကိုခံရပါတယ် ဒါပေမယ့် Jessမသိတာက Nickyဟာ ၀ါရင့်ကျွမ်းကျင်သူ သူခိုးဖြစ်နေတယ်ဆိုတာပါပဲ Nickyရဲ့ ပညာပေးမုှက်ိုခံရပြီး Jessဟာ Nickyတို့ရဲ့အဖွဲ့ထဲဝင်ကာ သူခိုးတို့တတ်အပ်တဲ့ပညာကိုသင်ကြားပါတော့တယ် နောက်ပိုင်းNickyနဲ့ချစ်သူတွေပါဖြစ်ခဲ့ပါတယ် ပိုက်ဆံတွေအများကြီးရတဲ့အလုပ်ကြီးတခု ပြီးချိန်မှာNickyက Jessကိုပိုက်ဆံတွေပေးပြီး ရုတ်တရက်ထားခဲ့ပါတယ် ဒါပေမယ့် Nickyသတိမထားမိလိုက်တာက Jessကို Nickyတကယ်ချစ်မိသွားတာပါပဲ နောက်ငါးနှစ်အကြာမှာ ပြိုင်ကားသူဌေးတယောက်ဆီက နည်းပညာကို ခိုးယူဖို့Nickyအစီအစဉ်တွေချပြီး ကြိုးစားနေချိန်မှာ မမျှော်လင့်ပဲ Jessဟာ ပြိုင်ကားသူဌေးနဲ့တွဲနေတာကို Nickyတွေ့လိုက်ရတော့…. အချစ်ဟောင်းကိုပြန်ပေါင်းဖို့ုကြိုးစားမလား အချစ်ဟောင်းကိုဂရုမစိုက်ဘဲ ပြိုင်ကားသူဌေးဆီကနည်းပညာပဲခိုးမလားဆိုတာကိုတော့…. Review Credit
6.6
IMDB: 6.6/10 215,262 votes
movie

Focus (2015)

2015
BluRay 1080p 6CH
Fantastic Four (2015) 4.3
Fantastic Four (2015) Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။ Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒါ့အပြင် Stan က သူ့ရဲ့ အဖွဲ့ကို Secret Identity လည်း မရှိစေချင်သလို ကာတွန်းထဲမှာပါမယ့် Superhero ...
4.3
IMDB: 4.3/10 150,091 votes
movie

Fantastic Four (2015)

2015
BluRay 1080p 6CH
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) 2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက် 2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကို တင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကို အားလုံးပဲမျှော်လင့်နေကြမှာပါ။ ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။ Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။ Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့ သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။ Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူး Movie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainment ...
6.7
IMDB: 6.7/10 104,614 votes
movie

Hotel Transylvania 2 (2015)

2015
BluRay 1080p 6CH
Insidious: Chapter 3 (2015) 6.1
Insidious: Chapter 3 (2015) ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာ သူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ် အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက် အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်… အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာ ၀ိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်… တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့ သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင် မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ…. Review Credit
6.1
IMDB: 6.1/10 91,400 votes
movie

Insidious: Chapter 3 (2015)

2015
BluRay 1080p 6CH
Alvin and the Chipmunks: The Road Chip 5
Alvin and the Chipmunks: The Road Chip 2015 ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ.ဇာတ်ကားဟောင်းလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားလေးပါ။အမေရိကန် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့Mike Mitchellရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်လည်းဖြစ်ပါတယ်။Comedy type နဲ့ family type ပုံစံလေးကို mixed ထားတဲ့ ဇာတ်အိမ်ပုံစံလေးပါ။ဗဟုသုတလည်းရ ရီလည်းရီရတဲ့ ဇာတ်ကားလေးပါ။ကလေး၊လူကြီး အရွယ်မရွေး ကြည့်ဖို့အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ထင်ပါတယ်။သီချင်းဆိုတတ် ကတတ်တဲ့ ရှဥ့်ကလေးတွေဆိုရင်တော့မှတ်မိလောက်မှာပါ အရင်အပိုင်းမှာတော့ ဒီရှဥ့်ကလေးတွေက သီချင်းဆိုပြီး နာမည်ကျော်ကြားလာပြီဆိုတာသိပြီးဖြစ်မှာပါ။ ဒီအပိုင်းမှာတော့ ရှဥ့်ကလေးတွေက သူတို့ရဲ့ မွေးစားဖေဖေ ဒေ့ဗ်တစ်ယောက် စန်မန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို သဘောမတူဘဲ လက်ထပ်ခွင့်တောင်းမှာကို လိုက်ဖျက်ဆီးမယ့် အကြောင်းတွေ ဘယ်လိုဖြစ်လာမလဲ ?အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ညီအစ်ကိုသုံးယောက် ဘယ်လို ပညာပြကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါ။
5
IMDB: 5/10 16,406 votes
movie

Alvin and the Chipmunks: The Road Chip

2015
BluRay 1080p 6CH
Furious 7 7.2

Furious 7

2015
BluRay 1080p 6CH
Wolf Warrior (2015) 5.4
Wolf Warrior (2015) Wolf Warrior (2015) Action, Drama, War အမျိုးအစားတဲ့ အပြင်းစား စစ်ကားကောင်းတကားပါ..။ ဇာတ်လမ်းကတော့.. စနိုက်ပါသမားဖြစ်တဲ့ Leng Feng (မင်းသားWu Jing)ဟာ ဝံပုလွေစစ်ဆင်ရေးအဖွဲ့မှာ သေနတ်ပစ်တော်တဲ့ စနိုက်ပါသမားတစ်ယောက်ပါ မှောင်ခိုလူဆိုးဂိုဏ်းခေါင်းဆောင် မင်းဒန်ရဲ့ညီကိုသတ်မိသွားလို့ သူ့အစ်ကို မင်းဒန်မှပြန်လည်ကလဲ့စားချေဖို့အပြင် ဇီဝနည်းပညာဖြင့် ဗီဇလက်နက်များ တရုတ်နိူင်ငံနယ်စပ်ကိုခိုးယူဝင်ရောက်ရန်အတွက် အဆင့်မြင့်ကြေးစားစနိုက်ပါသမားများကို ငှားပြီးအပြန်အလည်တိုက်ခိုက်ချေမှုန်းတဲ့ တရုတ်စနိုက်ပါစစ်ကားကောင်းတကားဖြစ်ပါတယ် မင်းသား Leng Feng (မင်းသားWu Jing)ကိုယ်တိုင် ဒီဇာတ်ကားမှာ ဒါရိုက်တာအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ် အတိုက်အခိုက်အကြမ်းအရမ်းမှကြိုက်နှစ်သက်သူတွေ အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ Review Credit
5.4
IMDB: 5.4/10 3,862 votes
movie

Wolf Warrior (2015)

2015
BluRay 1080p 6CH
Fifty Shades of Grey (2015) 4.1
Fifty Shades of Grey (2015) Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။ ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က စာအုပ်အဖြစ်ထုတ်ဖို့ ဝိုင်းတောင်းဆိုကြပါပြီ။ (သူတို့တွေတောင်မှ e-book ဖတ်ရတာထက် စာအုပ်နဲ့ဖတ်ရတာကိုသာ ပိုနှစ်သက်ကြတာပါ။) စာအုပ်တွေရိုက်ရလွန်းလို့ စာရွက်ထုတ်ပေးတဲ့ ဒေဝါလီခံခါနီး ...
4.1
IMDB: 4.1/10 287,901 votes
movie

Fifty Shades of Grey (2015)

2015
BluRay 1080p 6CH
Pitch Perfect 2 (2015) 6.4
Pitch Perfect 2 (2015) Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ  ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ...
6.4
IMDB: 6.4/10 136,019 votes
movie

Pitch Perfect 2 (2015)

2015
BluRay 1080p 6CH
San Andreas (2015) 6.0
San Andreas (2015) San Andreas (2015) ဇာတ်ကားက 2015 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Action , Drama , Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြိုက်မင်းသားကြီး Dwayne Johnson (The Rock) နဲ့ ပရိတ်သတ်ကြိုက်မင်းသမီး Alexandra Daddario တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကို တစ်ကြောင်းထဲရေးရမယ်ဆိုရင်တော့ California ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ ငလျှင်ကြီးလှုပ်ပြီး ပျက်စီးသွားတဲ့အခါမှာ ကယ်ဆယ်ရေးလုုပ်သားဖြစ်တဲ့ Ray (The Rock) ကသူ ့သမီးကို လိုက်လံကယ်ဆယ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ငလျင်ပညာရှင် Hayes ရဲ့ ငလျင်လှုပ်တော့မဲ့အကြောင်းကိုအသိပေးပေမဲ့ လူတွေက စိတ်မဝင်စားပဲ တကယ်မဖြစ်သေးတဲ့အခါမှာ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့နေလိုက်ကြရာကနေ တစ်ကယ်လဲဖြစ်ရော. အကုန်တန်းစီပြီး ဒုက္ခတွေတစ်လှေကြီးနဲ ့တွေ့ရတဲ့ဇာတ်ကားပါ။ — Review — ဒီဇာတ်ကားကိုကြည့်တဲ့အခါမှာ ထင်ထားတာထက်တော့ပိုကောင်းပါတယ်။ Ray အဖြစ်သရုပ်ဆောင်တဲ့ The Rock ...
6.0
IMDB: 6.0/10 200,884 votes
movie

San Andreas (2015)

2015
BluRay 1080p 6CH
Creed (2015) 7.6
Creed (2015) ဒီကားက တစ်ချိန်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီးစတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ Review Credit to CM
7.6
IMDB: 7.6/10 235,218 votes
movie

Creed (2015)

2015
BluRay 1080p 6CH
Insurgent (2015) 6.2
Insurgent (2015) အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Insurgent ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ။ ဒီဇာတ်ကားရဲ့အရှေ့မှာ Divergent ဆိုတဲ့ဇာတ်ကားတစ်ကား ထွက်ရှိထားပါတယ် ။ Insurgent က Divergent ရဲ့အဆက်ဖြစ်ပါတယ် ။ အားလုံးသိပြီးတဲ့အတိုင်း Divergent မှာ မင်းသမီးက ကွဲလွဲသူဖြစ်နေတာကို ဖုံးကွယ်ဖို့ကြိုးစားရင်း မင်းသားနဲ့အတူ လူတွေအားလုံးကို လက်ဝါးကြီးအုပ်ပြီး အုပ်ချုပ်ဖို့ကြိုးစားနေတဲ့ပညာရှင်အုပ်စုကို တိုက်ခိုက်ဖို့ကြိုးစားတာကို ရိုက်ကူးထားတာပါ ။ Divergent ရဲ့အဆက်ဖြစ်တဲ့ Insurgent မှာဆိုရင်တော့ ပညာရှင်အုပ်စုက ကွဲလွဲသူတွေကိုအသုံးချပြီး သုတေသနတစ်ခုလုပ်ပါတယ် ။ အဲ့သုတေသနက လူကိုသေစေတဲ့အထိ အလွန်ပြင်းထန်ပါတယ် ။ ကွဲလွဲသူတစ်ယောက်ဖြစ်တဲ့ မင်းသမီးကို သုတေသနမှာ စမ်းသပ်လိုက်တဲ့အခါ သူအောင်မြင်နိုင်ပါ့မလား ။ အဲ့ဒီ့သုတေသနကနေ မထင်မှတ်ထားတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ ထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး ။ Divergent နဲ့ Insurgent မှာ ဇာတ်အိမ်နှစ်ခုက ဆက်စပ်နေတာဖြစ်တဲ့အတွက် Divergent ကိုအရင်ကြည့်မှ ဇာတ်လမ်းကို ခြုံငုံမိမှာပါ။ ဇာတ်လမ်းဇာတ်ကွက်နဲ့ ရိုက်ကူးချက်တွေ ကောင်းမွန်တဲ့အတွက် ...
6.2
IMDB: 6.2/10 203,778 votes
movie

Insurgent (2015)

2015
BluRay 1080p 6CH